ကမ္ဘာ့ဈေးအကြီးဆုံးလူနေအိမ်ခြံမြေဈေးကွက်မြို့ (၃) ခုမှာ အာရှမှဖြစ်

ကမ္ဘာ့ဈေးအကြီးဆုံးလူနေအိမ်ခြံမြေဈေးကွက်မြို့ (၃) ခုမှာ အာရှမှဖြစ် - Property News in Myanmar from iMyanmarHouse.com
6 May 2019 10:40 am တွင် တင်ခဲ့သည်
1377 ကြိမ် ကြည့်ရှု့ပြီး

အာရှသည် လူနေအိမ်ခြံမြေဝယ်ယူရန် ဈေးအကြီးဆုံးဈေးကွက် ၃ ခုတည်ရှိရာနယ်မြေကြီးအဖြစ် နောက်ထပ်တစ်နှစ်ထပ်မံရပ်တည်လိုက်ပြန်ပြီဖြစ်ကြောင်း CBRE အိမ်ခြံမြေအတိုင်ပင်ကုမ္ပဏီက အစီရင်ခံခဲ့သည်။

ဟောင်ကောင်သည် ကမ္ဘာ့ဈေးအကြီးဆုံးလူနေအိမ်ခြံမြေဈေးကွက်ဖြစ်ကြောင်း CBRE ၏ ပဉ္စမအကြိမ်မြောက် Global Living နှစ်ပတ်လည်အစီရင်ခံစာအရ သိရသည်။

ပျမ်းမျှအိမ်ဈေး အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၃၅ သန်းရှိသည့် ဟောင်ကောင်သည် စင်္ကာပူထက် အိမ်ဈေးအနည်းငယ်ပိုကြီးသည်။ စင်္ကာပူက ကမ္ဘာ့ဒုတိယဈေးအကြီးဆုံးလူနေအိမ်ခြံမြေဈေးကွက်အဖြစ် ဖော်ပြခံခဲ့ရသည်။ စင်္ကာပူရှိ ပျမ်းမျှအိမ်ဈေးမှာ အမေရိကန်ဒေါ်လာ ၈၇၄,၃၇၂ ဒေါ်လာ ဖြစ်သည်။ ၎င်းစာရင်းတွင် တတိယဈေးအကြီးဆုံးလူနေအိမ်ခြံမြေဈေးကွက်အဖြစ်ဖော်ပြခံရသည့် ရှန်ဟိုင်း၌ ပျမ်းမျှအိမ်ဈေးမှာ အမေရိကန်ဒေါ်လာ ၈၇၂,၅၅၅ ဒေါ်လာ ဖြစ်သည်။

စိတ်ဝင်စားဖွယ်အချက်မှာ ထိုသုံးမြို့စလုံးတွင် ပြီးခဲ့သည့်နှစ်အတွင်း အိမ်ခြံမြေဈေးကွက်တည်ငြိမ်စေရေးစီမံချက်များ တိုးမြှင့်ကြပ်မတ်ခဲ့ခြင်းဖြစ်သည်။

ဗန်ကူးဗားက ပျမ်းမျှအိမ်ဈေး အမေရိကန်ဒေါ်လာ ၈၁၅,၃၂၂ ဒေါ်လာဖြင့် စတုတ္ထဈေးအကြီးဆုံးဖြစ်ခဲ့ပြီး ရှင်းကျန်းက အမေရိကန်ဒေါ်လာ ၆၈၀,၂၈၃ ဒေါ်လာဖြင့် ပဉ္စမဈေးအကြီးဆုံးဖြစ်သည်။

Global Living နှစ်ပတ်လည်အစီရင်ခံစာက ကမ္ဘာ့အဓိကမြို့ကြီး ၃၅ မြို့၏ အိမ်ခြံမြေဈေးကွက်များကို လေ့လာဆန်းစစ်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်အစီရင်ခံစာကမူ ၂၉ မြို့ကို ဆန်းစစ်ခဲ့ခြင်းဖြစ်သည်။

“ကျွန်မတို့လေ့လာခဲ့တဲ့ ၃၅ မြို့မှာ ၃၀ က အိမ်ဈေးတွေ အရင်နှစ်ထက်ပိုထက်လာတာကို တွေ့ရပါတယ်။ ဒါပေမဲ့လည် တက်နှုန်းကတော့ ယေဘုယျအားဖြင့် အရင်နှုန်းအောက်နည်းနည်းလျော့ပါတယ်။” ဟု CBRE UK ၏ လူနေအိမ်ခြံမြေသုတေသနခေါင်းဆောင် ဂျနတ်ဆီဘရစ်က ပြောကြားခဲ့သည်။

“အာရှပစိတ်ဖိတ်ဒေသမှာ အိမ်ခြံမြေဈေးကွက်တည်ငြိမ်စေရေးစီမံချက်တွေ ပိုများလာမယ်လို့ ကျွန်မတို့ခန့်မှန်းရပါတယ်” ဟုလည်း သူမက ပြောကြားခဲ့သေးသည်။

CBRE Global Living အစီရင်ခံစာအရ ကမ္ဘာ့ဈေးအကြီးဆုံးလူနေအိမ်ခြံမြေဈေးကွက် ၁၀ ခုမှာ -

၁။ ဟောင်ကောင်

၂။ စင်္ကာပူ

၃။ ရှန်ဟိုင်း

၎။ ဗန်ကူးဗား

၅။ ရှင်းကျန်း

၆။ လော့စ်အိန်ဂျလိစ်

၇။ နယူးယောက်

၈။ လန်ဒန်

၉။ ပေကျင်း

၁၀။ ပဲရစ် တို့ဖြစ်ကြကြောင်း သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း

လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service