ဂျပန်တွင် အိမ်အလွတ် ၈ ဒသမ ၅ သန်းနီးပါး ရှိလာ

ဂျပန်တွင် အိမ်အလွတ် ၈ ဒသမ ၅ သန်းနီးပါး ရှိလာ - Property News in Myanmar from iMyanmarHouse.com
6 May 2019 10:22 am တွင် တင်ခဲ့သည်
5272 ကြိမ် ကြည့်ရှု့ပြီး

ဂျပန်လူဦးရေဆက်လက်ကျဆင်းနေသဖြင့် လူမနေသည့်အိမ်အရေအတွက်သည်လည်း စံချိန်သစ်ထပ်တင်ခဲ့ပြီဖြစ်သည်။

ဂျပန်နိုင်ငံတွင် လျင်မြန်စွာ လျော့နည်းလာသည့် လူဦးရေနှင့် ဈေးကွက်ထဲတွင် လူနေအိမ်စီမံကိန်းသစ်များ အလျှံအပယ်ဖြစ်နေခြင်းတို့ကြောင့် ယခုအခါ နေထိုင်သူမရှိဘဲ လစ်လပ်နေသော အိမ်အလွတ်အရေအတွက် ၈ ဒသမ ၄၆ သန်း ရှိလာပြီဖြစ်ကြောင်း တရားဝင်စာရင်းများက ညွှန်ပြခဲ့သည်။

ဂျပန်ရှိ အိမ်အလွတ်များသည် အောက်တိုဘာအထိ ပြီးခဲ့သည့်ငါးနှစ်တာအတွင်း ၂၆၀,၀၀၀ တိုးလာခဲ့ကြောင်း ဧပြီ ၂၄ တွင် ထွက်ရှိခဲ့သော အစိုးရစစ်တမ်းတစ်ရပ်အရ သိရသည်။

အများစုမှာ ရောင်းမထွက်သေးခြင်း သို့မဟုတ် ငှားရမ်းမခံရခြင်းတို့ကြောင့်ဖြစ်ပြီး ၃ ဒသမ ၄၇ သန်းဝန်းကျင်မှာ ယင်းအကြောင်းများကြောင့်မဟုတ်ကာ ၎င်းအရေအတွက်သည် ၂၀၁၃ ခုနှစ်တွင် နောက်ဆုံးပြုလုပ်ခဲ့သော စစ်တမ်းထက် ၉ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း Nikkei Asian Review ဂျပန်သတင်းစာက မှတ်ချက်ပြုခဲ့သည်။

အိမ်အလွတ် ၂၁ ဒသမ ၃ ရာခိုင်နှုန်းမှာ ဖူဂျီတောင်အနီး ယာမာနာရှီစီရင်စုမှ ဖြစ်ကာ ၂၀ ဒသမ ၃ ရာခိုင်နှုန်းမှာ ဝါကာယာမာစီရင်စုမှဖြစ်ပြီး တတိယအများဆုံးအဖြစ် ၁၉ ဒသမ ၅ ရာခိုင်နှုန်းမှာ နာဂါနိုစီရင်စုတွင် ဖြစ်သည်။

ဂျပန်တွင် မွေးဖွားနှုန်းကျဆင်းပြီး သေဆုံးနှုန်းမြင့်မားမှုဖြစ်စဉ်နှင့် ကြုံတွေ့နေရစဉ် ထိုစစ်တမ်းရလဒ်ထွက်ရှိလာခဲ့ခြင်းဖြစ်သည်။ ဂျပန်တွင် ကလေးမွေးဖွားနှုန်းသည် ၂၀၁၈ ခုနှစ်တွင် ၉၂၁,၀၀၀ သာရှိခဲ့ပြီး ယင်းကား ၂၀၁၈ ကို မွေးဖွားနှုန်း ၁ သန်းအောက် ကျဆင်းသည့် သုံးနှစ်ဆက်တိုက်နှစ်ဖြစ်စေလိုက်သည်။ သေဆုံးနှုန်းမှာမူ ၁ ဒသမ ၃၇ သန်းဝန်းကျင် ရှိခဲ့သည်။

ယေဘုယျအားဖြင့် ယမန်နှစ်က ဂျပန်လူဦးရေသည် ၄၄၉,၀၀၀ လျော့နည်းခဲ့သည်။

ထို့အပြင် လူမနေသည့်အိမ်ရောင်းချမှုက အိမ်သစ်များနှင့်ယှဉ်ပြိုင်နေရကြောင်းလည်း Nikkei Asian Review က မှတ်ချက်ပြုခဲ့သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service