ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဂျပန်သံမဏိကုမ္ပဏီ ပူးပေါင်း၍ ပြည်ပသို့ သံမဏိသံပေါင်များ တင်ပို့ရန်စီစဉ်

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဂျပန်သံမဏိကုမ္ပဏီ ပူးပေါင်း၍ ပြည်ပသို့ သံမဏိသံပေါင်များ တင်ပို့ရန်စီစဉ် - Property News in Myanmar from iMyanmarHouse.com
6 May 2019 9:54 am တွင် တင်ခဲ့သည်
882 ကြိမ် ကြည့်ရှု့ပြီး

ဆောက်လုပ်ရေးဝန်ကြီး ဌာနနှင့် ဂျပန်သံမဏိကုမ္ပဏီ JFE တို့ ပူးပေါင်းဖွင့်လှစ်သည့် J & M Steel Solution ကုမ္ပဏီကအိန္ဒိယ၊သီရိလင်္ကာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သံမဏိတံတားသံပေါင်များ တင်ပို့ရန် စီစဉ်နေကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြသည်။

အဆိုပါ စက်ရုံကို ၂၀၁၄ က စတင်ဖွင့်လှစ်ပြီး နှစ်စဉ်သံ တန်ချိန် ၁၅,၀၀၀ ထုတ်လုပ်နေရာမှ လာမည့်နှစ်များတွင် တန်ချိန် ၂၀,၀၀၀ အထိ တိုးတက်ထုတ်လုပ်မည်ဟု ဆိုသည်။

အဆိုပါ စက်ရုံကို သာကေတမြို့နယ်တွင် တည်ထောင်ထား ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန က ရှယ်ယာ ၄၀ ရာခိုင်နှုန်းနှင့် JEF ကုမ္ပဏီက ရှယ်ယာ ၆၀ ရာ ခိုင်နှုန်း ပိုင်ဆိုင်သည်။

အဆိုပါ စက်ရုံမှ လာအို၊ ဘင်္ဂလားဒေ့ရှ်နှင့် သီရိလင်္ကာနိုင် ငံသို့ Steel Box Grinder ပို့ ဆောင်ရောင်းချထားပြီး ပြည်တွင်း၌ ထီးချိုင့်ဧရာဝတီ မြစ်ကူးတံတား၊ ဗိုလ်ချုပ်အောင်ဆန်း တံတာ(ချောင်းဆုံ)၊ မြောင်းမြတံ တားနှင့် ကုက္ကိုင်းတံတားများအ တွက် ထုတ်လုပ်ပေးပြီးဖြစ်သည်။

လက်ရှိတွင် အိန္ဒိယ၊ သီရိ လင်္ကာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တံတားသံပေါင်များတင်ပို့ရန် စီစဉ်ထားပြီး ပြည်တွင်း၌ ကုလားတန်မြစ်ကူးတံတား (ပလက်ဝ)၊စော်ကဲတံတား၊ ကျွန်းပြဿဒ် တံတားနှင့် ပုသိမ်တံတားအမှတ် (၂) တို့အတွက် သံပေါင်များ ထုတ်လုပ်နေသည်ဟု ဆိုသည်။

ထိုစက်ရုံသည် ၂၀၁၄ တွင် လာအိုနိုင်ငံသို့ စတီးတန်ချိန် ၂၀၀၊ ၂၀၁၆ တွင် သီရိလင်္ကာသို့ တန်ချိန် ၃၀၀၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ဘင်္ဂလားဒေ့ရှ်သို့ တန်ချိန်၁၀,၀၀၀ တင်ပို့နိုင်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုက ပြောကြား သည်။

‘‘အိန္ဒိယကို စတီးသံပေါင် တွေ တင်ပို့ဖို့စီစဉ်လုပ်ဆောင်နေ ပါတယ်’’ဟု ၎င်းကဆိုသည်။

အဆိုပါ စက်ရုံမှ နှစ်စဉ်သံ မဏိတန်ချိန် ၃,၀၀၀ အထိ ထုတ် လုပ်ရန် စီစဉ်ထားသည်ဟု ဆို သည်။

ဂျပန်သံမဏိကုမ္ပဏီ JFE သည် သီလ၀ါတွင် တစ်နှစ်လျှင် သံမဏိတန်ချိန် ၁၈၀,၀၀၀ ထုတ်လုပ်နိုင်သည့် စက်ရုံထပ်မံတည် ဆောက်နေပြီး ၂၀၂၀ ၌ စတင် လည်ပတ်မည် ဖြစ်သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service