ရန္ကုန္ရွိ ဟိုတယ္မ်ားမွ ရွယ္ယာမ်ားအား Memories Group ဝယ္ယူ

ရန္ကုန္ရွိ ဟိုတယ္မ်ားမွ ရွယ္ယာမ်ားအား Memories Group ဝယ္ယူ - Property News in Myanmar from iMyanmarHouse.com
3 May 2019 11:53 am တွင် တင်ခဲ့သည်
5403 ကြိမ် ကြည့်ရှု့ပြီး

စင်္ကာပူနိုင်ငံ SGX-Catalist တွင် စာရင်းတင်သွင်းထားသော မြန်မာနိုင်ငံအခြေစိုက်ခရီးသွားလုပ်ငန်းကုမ္ပဏီ Memories Group က Strand Hotel International (SHIL) ၏ ရှယ်ယာ ၁၅ ဒသမ ၃ ရာခိုင်နှုန်းကို ဒေါ်လာ ၃ ဒသမ ၂ သန်းဖြင့် ဝယ်ယူလိုက်ကြောင်း ၎င်းကုမ္ပဏီမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရှယ်ယာများကို တစ်နှစ်လျှင် coupon rate ၅ ရာခိုင်နှုန်းနှင့် စာရင်းမဝင်သော convertible bond များဖြင့် ပေးသွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

Memories Group ၏ အမှုဆောင်ဥက္ကဋ္ဌ Serge Pun က Memories Group ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ၎င်း၏ လုပ်ငန်းတိုးချဲ့မှုအစီအစဉ်များကို ဆက်လက်ဆောင်ရွက်သွားရန် စိတ်ထက်သန်ကာ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍတွင် ကြီးမားသောအလားအလာကို တွေ့မြင်လိုစိတ်လည်း ပြင်းပြပါကြောင်း Deal Street Asia သို့ ပြောကြားခဲ့သည်။

SHIL သည် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ အကျိုးတူပူးပေါင်းမှုမိတ်ဖက်လုပ်ငန်းတစ်ခုဖြစ်သည်။

၎င်းသည် ရန်ကုန်ရှိ Strand Hotel၊ Inya Lake Hotel နှင့် Hotel G Yangon တို့ကို စီမံလုပ်ကိုင်ဖွံ့ဖြိုးစေရန် လုပ်ပိုင်ခွင့်များရှိသည့် Myanmar Hotel International တွင် ရှယ်ယာ ၅၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။ SHIL သည် Strand Cruise တွင်လည်း GCP Hospitality Management နှင့်အတူ အစုရှယ်ယာ ၈၀ ရာခိုင်နှုန်း ရှိသည်။

“MHIL က ပိုင်ဆိုင်ထားတဲ့ ရှယ်ယာတွေဟာ ရေရှည်မှာ တန်ဖိုးကြီးမယ့်အလားအလာရှိပါတယ်။ အခုရှယ်ယာဝယ်ယူမှုဟာ Hotel တွေနဲ့ Lodge တွေ ပိုမိုပိုင်ဆိုင်လုပ်ကိုင်လိုတဲ့ ကျွန်တော်တို့ရဲ့အစီအစဉ်တွေနဲ့ အညီဖြစ်ပါတယ်။” ဟု Memories Group ၏ အမှုဆောင်အရာရှိချုပ် Cyrus Pun က ပြောကြားခဲ့သည်။

ကျောက်တံတားမြို့နယ်၌ ၁၉၀၁ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် ၁၁၅ နှစ် သက်တမ်းရှိ Strand Hotel ကို ၁၉၈၉ ခုနှစ်တွင် ပြန်လည်ပြင်ဆင်မွမ်းမံခဲ့ပြီး ၎င်းကိုလိုနီခေတ်ဇိမ်ခံဟိုတယ်အား အဲကွန်းနှင့် အင်တာနက်ကဲ့သို့သော ခေတ်မီအသုံးအဆောင်များဖြင့် အဆင့်မြှင့်တင်ခွင့်ပေးခဲ့သည့် ၂၀၁၆ ခုနှစ်တွင် ထပ်မံပြင်ဆင်မွမ်းမံခဲ့သည်။

Hotel G Yangon ကို ရန်ကုန်မြို့လယ်ကောင်တွင် ၂၀၁၇ ခုနှစ် စက်တင်ဘာ၌ ဖွင့်လှစ်ခဲ့ပြီး အခန်းအရေအတွက် ၈၅ ခန်းနှင့် စားသောက်ဆိုင်၊ ဘားနှင့် လက်လီအရောင်းဆိုင်တို့ ပါဝင်သည်။ ၎င်းသည် GCP Hospitality လက်အောက်ရှိ ခေတ်ဆန်သားနားသောဟိုတယ်တစ်လုံးဖြစ်သည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်တွင် တည်ရှိသည့် Inya Lake Hotel သည် အခန်း ၁၈၅ ခန်း ပါဝင်သည့် ဇိမ်ခံဟိုတယ်တစ်ခုဖြစ်ကာ လေဟာပြင်ရေကန်၊ စက်ကိရိယာစုံလင်သော အားကစားခန်းမ၊ တင်းနစ်ကွင်းနှစ်ကွင်း၊ စားသောက်ဆိုင်နှင့်ဘား လေးခု၊ စည်းဝေးပွဲနေရာများနှင့် အကျွေးအမွေးတာဝန်ယူခြင်းတို့လည်း ပါဝင်သည်။

၎င်းအား ၁၉၅၈ ခုနှစ်တွင် ဆောက်လုပ်မှုစတင်ခဲ့ပြီး ၁၉၆၂ ခုနှစ်တွင် ပြီးစီးခဲ့ကာ ဖွင့်လှစ်ခဲ့သည်။

Strand Cruise မှာ ဧရာဝတီမြစ်တွင်း ဇိမ်ခံအပျော်စီးသင်္ဘောဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ဝယ်ယူသူအလိုကျအထူးပြုလုပ်သော သင်္ဘောဖြစ်သည်။ ၆၁ မီတာရှည်လျားသော ၎င်းသင်္ဘောသည် ခရီးသည်အခန်းငယ် ၂၅ ခန်းရှိကာ ခရီးသည် ၅၀ ဦးအထိ သယ်ဆောင်နိုင်ပြီး Strand Hotel ပုံစံကိုလိုက်၍ ပြုလုပ်ထားခြင်းဖြစ်သည်။

Memories Group သည် မြန်မာနိုင်ငံတွင် ထိပ်တန်းခရီးသွားလုပ်ငန်းကုမ္ပဏီတစ်ခုဖြစ်သည်။ Yoma Strategic Holding ၏ ခရီးသွားလုပ်ငန်းများအနက် တစ်ခုဖြစ်သည်။

Memories Group သည် ၂၀၁၈ ခုနှစ် ဇန်နဝါရီတွင် ကုန်သွယ်လုပ်ငန်းကို စတင်ခဲ့သည်။ နောက်ပိုင်းတွင် လုပ်ငန်းများစွာကိုပါ ထပ်တိုးလုပ်ကိုင်ခဲ့သည်။

၎င်း၏ ခရီးသွားလုပ်ငန်းမှ လတ်တလောဆောင်ရွက်နေမှုများမှာ -

* ပုဂံမီးပုံပျံခရီးစဉ်

* မြန်မာနိုင်ငံတောင်ပိုင်း၏ ဇိမ်ခံရွက်လှေလုပ်ငန်း Burma Boating

* ညောင်ဦး (ပုဂံ) တွင် စီစဉ်နေသည့် Bagan Land ဟိုတယ်

* Asia Holidays Travel & Tours

* ကရင်ပြည်နယ် ဇွဲကပင်တောင်ရှိ အခန်း ၁၉ ခန်းပါ ဟိုတယ် Hpa-An Lodge

* ပန်းလှိုင်အိမ်ရာ၌ အခန်း ၄၆ ခန်းပါ အပန်းဖြေစခန်းဖြစ်သော Pun Hlaing Lodge (ဆောက်လုပ်ဆဲ)

* ကယားပြည်နယ် လွိုင်ကော်မြို့၌ အခန်း ၂၆ ခန်းပါသော ခေတ်ဆန်သားနားသည့် အပန်းဖြေစခန်း Kayah Resort

* တနင်္သာရီတိုင်းဒေသကြီး၌ ကျွန်းပီလာ၊ ဘိုရွဲနှင့် ငမန်းကျွန်းတို့တွင် ကျွန်းဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများ

* ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် မြိတ်ကျွန်းစု၌ ကျေးရွာ ၂၄ ရွာဖြင့် ဖွင့်လှစ်ခဲ့သည့် ကြယ်ငါးပွင့်ဟိုတယ် Awei Pila

* မော်လမြိုင်တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ၌ ဖွင့်လှစ်ခဲ့သည့် အခန်း ၇၂ ခန်းပါ Hotel Suggati

* ၂၀၁၉ ခုနှစ်၌ ရန်ကုန်တွင် ဖွင့်လှစ်ခဲ့သည့် အခန်း ၄၆ ခန်းပါ အဆင့်မြင့်မြို့ပြဂေါက်ကွင်းအပန်းဖြေစခန်း Awei Metta

Credit: Myanmar Real Estate

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service