ဘဏ္ဍာရေးအကျပ်ဆိုက်နေသော ပြည်မကြီး developer Tahoe Group က ဟန်ကျိုးရှိ ဘက်စုံသုံးစီမံကိန်းတစ်ခုကို ယွမ်ငွေ ၉၂၈ သန်းဖြင့် ရောင်းချ

ဘဏ္ဍာရေးအကျပ်ဆိုက်နေသော ပြည်မကြီး developer Tahoe Group က ဟန်ကျိုးရှိ ဘက်စုံသုံးစီမံကိန်းတစ်ခုကို ယွမ်ငွေ ၉၂၈ သန်းဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
3 May 2019 11:23 am တွင် တင်ခဲ့သည်
651 ကြိမ် ကြည့်ရှု့ပြီး

ဘဏ္ဍာရေးအကျပ်ဆိုက်နေသော တရုတ်ပြည်မကြီး developer Tahoe Group က ဟန်ကျိုးရှိ ဘက်စုံသုံးစီမံကိန်းတစ်ခုကို ယွမ်ငွေ ၉၂၈ သန်းဖြင့် ရောင်းချရန်သဘောတူညီခဲ့သည်ဟု ရှန်ကျန်းစတော့အိတ်ချိန်းသို့ ထုတ်ဖော်ကြေညာလိုက်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ကျီကျန်းပြည်နယ်၏မြို့တော်၊ ဟန်ကျိုးရှိ အဆိုပါစီမံကိန်း၏ ရှယ်ယာ ၄၉ ရာခိုင်နှုန်းကို Shimao Properties ထံ ယွမ်ငွေ ၉၂၈ သန်း (ကန်ဒေါ်လာ ၁၃၉ ဒသမ ၉ သန်း) ဖြင့် ရောင်းချရန် သဘောတူလိုက်ခြင်း ဖြစ်သည်။

အကျယ်အဝန်း စတုရန်းမီတာ ၃၁၄၅၀၀ ( စတုရန်းပေ ၃ ဒသမ ၃၉ သန်း) ရှိသော စီမံကိန်း၏ ရှယ်ယာတစ်ဝက်နီးပါးကို ရောင်းချခဲ့ခြင်း ဖြစ်သည်။

Tahoe Group သည် အကြွေးများ တောင်ပုံရာပုံပေးဆပ်ရန် ရှိနေသောကြောင့် တစ်လကျော် ကာလအတွင်း Shimao ကုမ္ပဏီထံ ယွမ်ငွေ ၃ ဒသမ ၇၄ ဘီလီယံဖိုးခန့် ရောင်းချခဲ့ရပြီးလည်း ဖြစ်သည်။

အရောင်းအဝယ် သဘောတူညီချက်အရ စီမံကိန်း၏ ရှယ်ယာတန်ဖိုးများအတွက် ယွမ်ငွေ ၇၈၄ ဒသမ ၄၇ သန်းပေးမည်ဖြစ်သည့်အပြင် ရှယ်ယာရှင်များ၏ ချေးငွေ ယွမ်ငွေ ၁၄၄ ဒသမ ၁၂ သန်းကိုလည်း တာဝန်ယူပေးမည်ဟု ဆိုသည်။

ယခုအရောင်းအဝယ်နောက်ပိုင်းတွင် Shimao ကုမ္ပဏီသည် ကျီကျန်းပြည်နယ်အစိုးရ ကျောထောက်နောက်ခံပြု Tongren Group နှင့် ဆက်လက် လက်တွဲသွားရမည်ဖြစ်သည်။

Tongren Group သည် ယခုအရောင်းအဝယ်ပြုလုပ်သော စီမံကိန်း၏ ကျန်ရှိသော ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည့် ကုမ္ပဏီ ဖြစ်သည်။

Tahoe Group သည် ယခုစီမံကိန်းရှယ်ယာ ၄၉ ရာခိုင်နှုန်းကို ဟန်ကျိုးအခြေစိုက် Jiajin Real Estate Development Group ထံမှ ယွမ်ငွေ ၇၉၃ သန်းဖြင့် ဝယ်ယူခဲ့ပြီး တစ်နှစ်ခွဲကျော်အကြာတွင် ပြန်လည်ရောင်းထုတ်လိုက်ရခြင်းလည်း ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service