အမေရိကန်ပြည်၊ နယူးဂျာစီပြည်နယ်တွင် ကန်ဒေါ်လာ သန်း ၄၀ ခန့်တန်ကြေးရှိသော စံအိမ်ကြီးကို ၇၅ ရာခိုင်နှုန်းအထိ ဈေးလျှော့ကာ အရောင်းဈေးကွက်တင်လာ

အမေရိကန်ပြည်၊ နယူးဂျာစီပြည်နယ်တွင် ကန်ဒေါ်လာ သန်း ၄၀ ခန့်တန်ကြေးရှိသော စံအိမ်ကြီးကို ၇၅ ရာခိုင်နှုန်းအထိ ဈေးလျှော့ကာ အရောင်းဈေးကွက်တင်လာ - Property News in Myanmar from iMyanmarHouse.com
3 May 2019 10:44 am တွင် တင်ခဲ့သည်
698 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည်၊ နယူးဂျာစီပြည်နယ်တွင် ကန်ဒေါ်လာ သန်း ၄၀ ခန့်တန်ကြေးရှိသော စံအိမ်ကြီးကို ၇၅ ရာခိုင်နှုန်းအထိ ဈေးလျှော့ကာ အရောင်းဈေးကွက်တင်လာသည်။

အဆိုပါနေအိမ်ကြီးကို ၁၉၂၀ ပြည့်လွန်ကာလများအတွင်း ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

တချိန်ကမူ နယူးဂျာစီပြည်နယ်၏ တန်ဖိုးအကြီးဆုံးနေအိမ်ကြီးများတွင် တစ်ခုအပါအဝင်ဖြစ်ခဲ့ပြီး ယခုအခါ ကန်ဒေါ်လာ ၉ ဒသမ ၉၉ သန်းသာ ဈေးခေါ်ကာ ဈေးကွက်တင်လာခြင်း ဖြစ်သည်။ ၂၀၁၃ ခုနှစ်က ခေါ်ဈေးမှာ ကန်ဒေါ်လာ ၃၉ သန်းဖြစ်ရာ ၇၅ ရာခိုင်နှုန်းနီးပါး ဈေးလျှော့ချပေးလာခြင်း ဖြစ်သည်။

နယူးဂျာစီပြည်နယ်၊ အင်ဂဲလ်ဝုဒ်မြို့၊ မြောက် ဝုဒ်လန်းလမ်း၊ အမှတ် ၈၃ ပေါ်တွင် တည်ရှိပြီး မြေအကျယ်အဝန်းမှာ ၅ ဧကကျော် ကျယ်ဝန်းသည်။

စတုရန်းပေ ၂၄၀၀၀ ခန့်အထိကျယ်ဝန်းသော ယခုစံအိမ်မှာ ဝယ်လက်ရှာမတွေ့ဘဲ နှစ်ပေါင်းများစွာ ရှိနေခဲ့သည်။

ဂလိုရီယာ ခရက်စ် Gloria Crest ဟု စံအိမ်ကို အမည်ပေးထားသည်။ ယခင်ကမူ အင်ဂဲဝုဒ်၏ အိမ်ဖြူတော် “White House of Englewood” ဟု တင်စားခေါ်ဝေါ်ခဲ့ကြသည်။

အဆိုပါစံအိမ်ကို ၅ ကြိမ်တိုင် ဆက်တိုက်ဈေးလျှော့ပေးခဲ့ရာတွင် ဒေါ်လာ ၂၄ သန်း၊ ၁၇ သန်း၊ ၁၂ သန်း အစရှိသဖြင့် အသီးသီးလျှော့ချပေးခဲ့စေကာမူ ရောင်းမထွက်ခဲ့ချေ။

၂၀၁၇ ခုနှစ်အတွင်း ဂလိုရီယာ ခရက်စ် စံအိမ်ကြီးကို အိမ်ခြံမြေချေးငွေ ကန်ဒေါ်လာ ၅ သန်း မပေးဆောင်မှုဖြင့် လေလံတင် ရောင်းချခံခဲ့ရသည်။

ပိုင်ရှင်ဖြစ်သူ အက်ဒ်ဝါ့ဒ် တူရင်မှာ Control Equity Group ၏ အမှုဆောင်အရာရှိချုပ်ဖြစ်ပြီး နေအိမ်ဝယ်ယူခဲ့စဉ်က ပေါက်ဈေးထက် ပိုပေးကာ ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တူရင်သည် ဂလိုရီယာ ခရက်စ်ကို ၂၀၀၀ ပြည့်နှစ်အတွင်း ကန်ဒေါ်လာ ၄ ဒသမ ၈ သန်းဖြင့် ဝယ်ယူခဲ့သည်။

ပိုလန်မြို့စားကြီး စတီဖန် ပိုနီယာတောင်စကီးအတွက် ၁၉၂၆ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့်နေအိမ်ဖြစ်သည်။

ပိုနီယာတောင်စကီးသည် ပိုးချည်ထုတ်လုပ်ရောင်းချသူတစ်ဦးလည်းဖြစ်ပြီး ၁၉၂၉ ခုနှစ်၊ စတော့ဈေးကွက်ပြိုလဲမှုတွင် ဒေဝါလီခံခဲ့ရသည်။

ထို့အတွက် ပိုနီယာတောင်စကီးက ယခုစံအိမ်ကြီးကို ရောင်းချကာ မန်ဟက်တန်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။

စံအိမ်ကြီးအတွင်း အိပ်ခန်း ၈ ခန်း၊ ရေချိုးခန်း ၉ ခန်း ပါဝင်သည်။

ခြံဝန်းအတွင်းတွင် မြက်ခင်းများ၊ သစ်ခွခြံများ၊ ပန်းခြံများပါဝင်ပြီး ၎င်းတို့အားလုံးကို သစ်ကြီးဝါးကြီးများ၊ ၁၀ ပေမြင့်မားသော အုတ်တံတိုင်းတစ်ခုတို့က ဝန်းပတ်ကာရံထားသည်။

ထို့အပြင် ဧည့်ခန်းများစွာ ပါဝင်သည့်အပြင်၊ အိမ်တွင်း ရုပ်ရှင်ရုံ၊ အားကစားလေ့ကျင့်ရေးခန်းမ၊ ရေကူးကန်တစ်ခု၊ ရေကူးကန်ဘေး နားနေ နေရာတို့ ပါဝင်သည်။

အဆိုပါစံအိမ်ကြီးကို တစ်ချိန်က ရုပ်ရှင်မင်းသမီး ဂလိုရီယာ ဆွမ်ဆန်ပိုင်ဆိုင်ခဲ့ဖူးသည်ဟူသော သတင်းများလည်း ရှိသည်။

၁၉၂၀ ပြည့်လွန်ကာလများအတွင်း သူမ၏ ချစ်သူ ဂျိုးဆက်ဖ် ကနေဒီ (အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ၏ ဖခင်) က ဝယ်ယူပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

သို့ရာတွင် ဂျိုးဆက်ဖ် ကနေဒီက ဂလိုရီယာ ဆွမ်ဆန်အတွက် ဝယ်ယူပေးခဲ့ဖူးသည်ဟူသော ခိုင်မာသည့် အထောက်အထားများကား မရှိချေ။

အရောင်းဈေးကွက်တင်ပေးသည်မှာ Signature Realty NJ ကုမ္ပဏီမှ အိမ်ခြံမြေအကျိုးဆောင် မီရှဲလ် ပိုင်းစ်ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service