ထန်းတပင် စက်မှုဇုန်စီမံကိန်းအတွက် ဟောင်ကောင်နှင့် ထိုင်ဝမ်တို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကြီးမားစွာရရှိ

ထန်းတပင် စက်မှုဇုန်စီမံကိန်းအတွက် ဟောင်ကောင်နှင့် ထိုင်ဝမ်တို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကြီးမားစွာရရှိ - Property News in Myanmar from iMyanmarHouse.com
3 May 2019 10:20 am တွင် တင်ခဲ့သည်
2109 ကြိမ် ကြည့်ရှု့ပြီး

မြန်မာနိုင်ငံအစိုးရသည် ဟောင်ဟောင်နှင့် ထိုင်ဝမ်တို့မှ ကုမ္ပဏီများနှင့် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ပြီး ယင်းကုမ္ပဏီများသည် ထန်းတပင်စီမံကိန်းအတွက် ကန်ဒေါ်လာ သန်း ၅၀၀ ခန့် ရင်းနှီးမြှုပ်နှံသွားကြမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သန်းက ထုတ်ဖော်ပြောကြားသည်ဟု Frontier Myanmar သတင်းဌာန၏ Myanmar Real Estate & Construction Monitor က ဖော်ပြသည်။

Global New Light of Myanmar ၏ ဖော်ပြချက်အရ ရန်ကုန်ရင်းနှီးမြှုပ်နှံမှု ဖိုရမ်တွင် ဦးမြင့်သန်းက ပြောကြားခဲ့ရာ၌ အခြားရင်းနှီးမြှုပ်နှံ မည့်သူများကိုလည်း ရှာဖွေနေကြောင်း ပြောကြားခဲ့ပြီး အသေးစိတ်အချက်အလက်များကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိသေးချေ။

ထန်းတပင်စက်မှုဇုန်ကို မူလက မြေဧက ၂၀၀၀ လျာထားခဲ့ပြီး ယခုအခါ လမုတန်းကြီးရွာရှိ မြေဧက ၁၀၀၀ ပေါ်တွင် အကောင်အထည် ဖော်သွားမည်ဟု ဆိုသည်။

စက်မှုဇုန်၏ ကနဦးစီမံကိန်းများတွင် recycling စက်ရုံတစ်ခု၊ ဂိုဒေါင်များ၊ ဆိပ်ကမ်းတစ်ခု၊ ဆေးရုံတစ်ခု၊ စာသင်ကျောင်းတစ်ကျောင်း၊ မီးသတ်စခန်း၊ ဟိုတယ်နှင့် ကမ္ဘာလှည့်ခရီးသွားဇုန်တို့ ပါဝင်မည် ဖြစ်သည်။

ထန်းတပင်စက်မှုဇုန်ဆောက်လုပ်ရေး စီမံကိန်းကို ၂၀၁၇ ခုနှစ်ကတည်းက ဆွေးနွေးနေခဲ့ခြင်း ဖြစ်သည်။

အဆိုပါစီမံကိန်းတွင် ပါဝင်ကာ ရင်းနှီးမြှုပ်နှံကြရန် အိမ်ခြံမြေ developer များနှင့် ရင်းနှီးမြှုပ်နှံသူများကိုဦးစွာ ဖိတ်ခေါ်ခဲ့ရာ ဒီဇင်ဘာလတွင် Golden Myanmar Investment ကုမ္ပဏီက ထန်းတပင် စီမံကိန်းတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သည် ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်ပြင်ပရှိ မြို့နယ် ၁၁ ခုတွင် ဧက ၁၀၀၀ ကျယ်ဝန်းသော စက်မှုဇုန်နေရာများ ဖော်ဆောင်ရန် စီစဉ်လျက်ရှိသည်ဟု ဆိုသည်။

ထန်းတပင်သည် လှည်းကူးစက်မှုဇုန်နည်းတူ ရင်းနှီးမြှုပ်နှံသူတို့၏ စိတ်ဝင်စားမှု အများဆုံးရရှိခဲ့ကြောင်း ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောကြားခဲ့ဖူးသည်။

တောင်ပိုင်းခရိုင်ရှိ မြို့နယ်များဖြစ်သော ခရမ်း၊ သုံးခွ၊ သန်လျင်၊ ကျောက်တန်း၊ ကွမ်းခြံကုန်း၊ ဒလ၊ ကော့မှူးနှင့် တွံတေး၊ မြောက်ပိုင်းခရိုင် မြို့နယ်များတွင် မှော်ဘီ၊ လှည်းကူးနှင့် တိုက်ကြီးတို့ ပါဝင်သည်။

Myanmar Real Estate and Construction Monitor ၏ သုံးသပ်ချက်အရ လက်ရှိအနေအထားတွင် အခြားသော စီမံကိန်းဇုန်များမှာ အလားအလာကောင်းနည်းပါးသော်လည်း ထန်းတစ်ပင်မှာမူ အလားအလာအကောင်းဆုံး အဖြစ် ရှုမြင်ကြကြောင်း သုံးသပ်သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရှိရင်းစွဲ စက်မှုဇုန် ၂၉ ခုကိုလည်း အဆင့်မြှင့်တင်ရန် စီစဉ်နေသည်။

အဆိုပါစီမံကိန်းများသည် လက်ရှိအားဖြင့် မြို့ပြဖွံ့ဖြိုးရေးနှင့် အိုးအိမ်ဦးစီးဌာနလက်အောက်တွင် ရှိသော်လည်း ဒေသတွင်း အာဏာပိုင်အဖွဲ့၏ လက်အောက်သို့ ပြောင်းရွှေ့နိုင်ရန် စီစဉ်လျက်ရှိသည်ဟု ဆိုသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏ ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦးက စက်မှုဇုန်များတွင် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ဆက်လက်မြင့်တက်လာမည်ဟု မျှော်မှန်းထားကြောင်း ပြောကြားခဲ့ဖူးသည်။

အထူးစီးပွားရေးဇုန်ဥပဒေကို ၂၀၁၄ ခုနှစ်တွင် အတည်ပြုခဲ့ပြီးကတည်းက သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံခန့်အထိ ဝင်ရောက်ခဲ့ပြီးဖြစ်သည်။

ထန်းတပင် စက်မှုဇုန်ကို စီမံကိန်းအဆင့် ၂ ဆင့်ဖြင့် ၉ နှစ်တာအတွင်း အပြီးသတ်ဆောက်လုပ်သွားမည်ဖြစ်သည်။

စက်မှုဇုန်ဆောက်လုပ်ရေးစီမံကိန်းသည် ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်ရန်၊ လူမှုစီးပွားအခြေအနေများ မြင့်တက်လာရန် ရည်ရွယ်သည်ဟု ဆိုသည်။

Credit: Myanmar Real Estate

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service