မတ်လ ငွေကြေးဖောင်းပွမှု ၇ ဒသမ ၂၈ ရာခိုင်နှုန်းရှိ

မတ်လ ငွေကြေးဖောင်းပွမှု ၇ ဒသမ ၂၈ ရာခိုင်နှုန်းရှိ - Property News in Myanmar from iMyanmarHouse.com
3 May 2019 10:09 am တွင် တင်ခဲ့သည်
907 ကြိမ် ကြည့်ရှု့ပြီး

မြန်မာနိုင်ငံ၏ငွေကြေး ဖောင်းပွမှု ဆက်တိုက်မြင့်တက် လာပြီး ယခုနှစ် မတ်လတွင် ၇ ဒသမ ၂၈ ရာခိုင်နှုန်းသို့ ရောက်ရှိ လာသည်။

အခြေခံ စားသောက်ကုန် ဆန်၊ ဆီနှင့် သား၊ ငါးဈေးမြင့် တက်မှု၊ စက်သုံးဆီဈေးမြင့်တက် မှုက ငွေကြေးဖောင်းပွမှု တိုးစေ သည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းအ ဖွဲ့က မတ်လအတွက် ထုတ်ပြန် သော မြန်မာနိုင်ငံ၏ စားသုံးသူဈေးဆနှုန်းကိန်းနှင့် ငွေကြေး ဖောင်းပွမှုအခြေအနေအစီရင်ခံ စာ၌ ဖော်ပြထားသည်။

ယခုဘဏ္ဍာနှစ်အစ အောက်တိုဘာနှင့် နှိုင်းယှဉ်ပါက ၂၀၁၉မတ်လ ငွေကြေးဖောင်းပွမှုသည် ခြောက်လအတွင်း ၁ ရာခိုင်နှုန်းခန့် မြင့်တက်သည်။ ၂၀၁၈ အောက်တိုဘာက မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုက ၆ ဒသမ ၈၆ ရာခိုင်နှုန်းရှိသည်။

‘‘ငွေကြေးဖောင်းပွမှုက ကုန်ဈေးနှုန်းပဲလေ။ သူတက်လာတာ ကုန်ဈေးနှုန်း တက်လာပေါ့’’ ဟု အငြိမ်းစား ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးသန်းလွင်က ပြောသည်။

လက်ရှိ ငွေဖောင်းပွမှုနှုန်း ၇ ရာခိုင်နှုန်း ကျော်လာသော် လည်း မြန်မာနိုင်ငံ၏ဘဏ်အပ် ငွေအတိုးနှုန်းအောက်တွင်သာ ရှိ သေးသည်ဟု ၎င်းက ဆိုသည်။ မြန်မာနိုင်ငံတွင် ဘဏ်များသို့ ငွေ အပ်မည်ဆိုပါက အနည်းဆုံး တစ်နှစ်အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင် နှုန်းရရှိမည်ဖြစ်သည်။

ခြောက်လအတွင်း အခြေခံ စားသောက်ကုန် ဆန်ဈေးအနည်းငယ် မြင့်တက်သော်လည်း အမဲသားဈေးနှုန်း ၁၀ ရာခိုင်နှုန်း၊ ဘဲဥဈေး ၈ ရာခိုင်နှုန်းမြင့်တက် လာသည်ဟု အစီရင်ခံစာ၌ ပါရှိသည်။ အခြေခံကုန်ဈေးနှုန်းမြင့် တက်မှုတွင် အချိုခြောက်၊ နို့ဆီဈေးမြင့်တက်မှုကြောင့် လက်ဖက်ရည်တစ်ခွက်ဈေးနှုန်းလည်း ကျပ် ၃၅၀၊ ၄၀၀ မှ ၅၀၀ သို့ မြင့်တက်လာသည်။

ငွေကြေး ဖောင်းပွမှုမြင့် တက်လာခြင်းက အစိုးရဘတ်ဂျက်တွင် ရငွေထက် သုံးငွေက များနေခြင်း၊ ကုန်သွယ်ရေးကဏ္ဍ ၌ ပို့ကုန်ထက် သွင်းကုန်ပမာဏ များနေခြင်း၊ ပြည်တွင်းထုတ်လုပ် မှုလျော့ကျခြင်း၊ နိုင်ငံ့စီးပွားရေး (ဂျီဒီပီ)ဖွံ့ဖြိုးမှုနည်းခြင်းကြောင့် ဖြစ်ရသည်ဟု စီးပွားရေးပညာရှင် ဦးလှမောင်က ပြောသည်။

မြန်မာနိုင်ငံ၏ဘတ်ဂျက်လို ငွေပမာဏက ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ကျပ်ဘီလီယံ ၅,၀၀၀ ကျော်ရှိပြီး အစိုးရ သက်တမ်းသုံးနှစ်အတွင်း အများဆုံးဖြစ်နေ သည်။ ဘတ်ဂျက်လိုငွေနှင့် ဂျီဒီပီ အချိုး ၅ ဒသမ ၀၃ ရာခိုင်နှုန်းရှိ သည်။ သို့သော် ယခု ဘဏ္ဍာနှစ် ကုန်သွယ်မှုလိုငွေပမာဏက ဒေါ်လာသန်း ၈၀၀ ကျော်ရှိပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူထက် ၁ ဒသမ ၃၅ ဘီလီယံကျော် လျော့ နည်းသည်။

မြန်မာနိုင်ငံ၏ ဂျီဒီပီဖွံ့ဖြိုးမှု နှုန်းသည် ယခုဘဏ္ဍာနှစ်တွင် ၇ ဒသမ ၆ ရာခိုင်နှုန်းရှိမည်ဟု အစိုးရက ခန့်မှန်းထားသည်။ ၂၀၁၉ တွင် မြန်မာနိုင်ငံ၏စီးပွား ရေးတိုးတက်နှုန်း (GDP) ၆ ဒသမ ၅ ရာခိုင်နှုန်းရှိမည်ဟု ကမ္ဘာ့ဘဏ် က မှန်းဆထားသည်။ သို့သော် မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံ တစ်ခု၏စီးပွားရေးတိုးတက်မှုနှုန်း က ၁၀ ရာခိုင်နှုန်းအထက်တွင် ရှိသင့်သည်ဟု ဦးလှမောင်က ပြောသည်။ တရုတ်နိုင်ငံတွင် တံခါးဖွင့်စီးပွားရေးစတင်ချိန်က စီးပွားရေးဖွံ့ဖြိုးမှုနှုန်း ၁၀ ရာခိုင်နှုန်းအထက် ၌ ရှိသည်ဟု ၎င်းက ဆိုသည်။

ဝယ်လိုအားများလာခြင်း၊ ကုန်ကျစရိတ်တက်လာခြင်းနှင့် စီးပွားရေးအဆောက်အအုံ ပြောင်းလဲခြင်းဟူသည့် အချက်သုံးချက် တွင် တစ်ချက်ကြုံတွေ့ပါက ငွေ ကြေးဖောင်းပွနိုင်ကြောင်း စီးပွား ရေးပညာရှင် ဦးဇော်ဖေဝင်းက ပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service