လက်ရှိဘဏ္ဍာနှစ်အတွင်း ကျန်းမာရေး ဝန်ကြီးဌာနက ဝန်ထမ်းများအတွက် အိမ်ရာအခန်းပေါင်း ၁၀၀၀၀ ကျော် ဆောက်လုပ်နေပြီး အခန်းအများစု ပြီးစီးနေပြီဖြစ်

လက်ရှိဘဏ္ဍာနှစ်အတွင်း ကျန်းမာရေး ဝန်ကြီးဌာနက ဝန်ထမ်းများအတွက် အိမ်ရာအခန်းပေါင်း ၁၀၀၀၀ ကျော် ဆောက်လုပ်နေပြီး အခန်းအများစု ပြီးစီးနေပြီဖြစ် - Property News in Myanmar from iMyanmarHouse.com
2 May 2019 11:12 am တွင် တင်ခဲ့သည်
820 ကြိမ် ကြည့်ရှု့ပြီး

လက်ရှိ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဝန်ထမ်းများအတွက် အိမ်ရာအခန်းပေါင်း ၁၀၃၇၇ ခန်း ဆောက်လုပ်နေပြီး အခန်းအများစုမှာ ပြီးစီးနေပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

ဝန်ထမ်းများအတွက် ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်တွင် ဝန်ထမ်းအိမ်ရာ အခန်းပေါင်း ၆၇၃၆ ခန်း တည်ဆောက်ပေးခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် အခန်း ၁၀၃၇၇ ခု ဆောက်လုပ်လျက်ရှိရာ အများစုမှာ လက်ရှိဘဏ္ဍာနှစ်အတွင်း ပြီးစီးမည်ဖြစ်ပြီး လာမည့်ဘဏ္ဍာနှစ်များတွင် ဆက်လက်တည်ဆောက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ နက ယခု ၂၀၁၉ ခုနှစ်ကိုလည်း ဝန်ထမ်းအိမ်ရာနှစ်အဖြစ် ဆက်လက်သတ်မှတ်၍ ဝန်ထမ်းအိမ်ရာများ ထပ်မံဆောက်လုပ်လျက် ရှိပြီး လက်ရှိ၌ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနအသီးသီးမှ ဝန်ထမ်းများအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ်တွင် ဝန်ထမ်းအိမ်ရာပေါင်း ၈၃ဝ ကျော် ဆောက်လုပ်လျက်ရှိကြောင်း၊ လက်ရှိ ဆောက်လုပ်နေသည့် ဝန်ထမ်းအိမ်ရာများ အနက် ပြည်သူ့ကျန်းမာရေး/ကုသရေး ဦးစီးဌာန၊ ဆေးရုံဝန်ထမ်းနှင့် ကုသရေးပိုင်းမှ ဝန်ထမ်းများအတွက် အိမ်ရာပေါင်း ၁၉၅ ခု၊ အိမ်ခန်းပေါင်း ၂၂၅၄ ခန်း၊ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများအတွက် အိမ်ရာပေါင်း ၄၆၀ ခု၊ အိမ်ခန်းပေါင်း၂၄၂၈ ခန်း၊ ကျန်း မာရေးလူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာနအတွက် အိမ်ရာပေါင်း ကိုးခု၊ အိမ်ခန်း ပေါင်း ၂၁၂ ခန်း၊ ဆေးသုတေသနဦးစီးဌာန အတွက် အိမ်ရာပေါင်း သုံးခု၊ အိမ်ခန်းပေါင်း ၃၂ ခန်း၊ အစားအသောက်နှင့်ဆေးဝါးကွပ် ကဲ ရေးဦးစီးဌာနအတွက် အိမ်ရာပေါင်း ၄၄ ခု၊ အိမ်ခန်းပေါင်း ၅၂၈ ခန်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနအတွက် အိမ်ရာပေါင်း ၁၂၃ ခု၊ အိမ်ခန်း ၅၂၃ ခန်းတို့ ဆောက်လုပ် လျက်ရှိကြောင်း သိရသည်။

“ယခုဘဏ္ဍာနှစ်မှာ ဝန်ကြီးဌာနအောက် က ဦးစီးဌာနအသီးသီးအတွက် ဝန်ထမ်း အိမ်ရာပေါင်း ၈၃၄ ခု၊ အိမ်ခန်းပေါင်း ၆၀၀၀ နီးပါးအထိ ဆောက်လုပ်ဖို့ ပြင်ထားပါတယ်။ အရင်ကာလတိုဘဏ္ဍာနှစ်မှာ ဆေးသုတေ သနဦးစီးဌာနက ဝန်ထမ်းတွေအတွက် မပါခဲ့ဘူး။ ဒါကြောင့် ထပ်ဆောက်မယ့် ဝန်ထမ်းအိမ်ရာတွေမှာ အရင်ကာလတိုဘဏ္ဍာနှစ် မှာမပါခဲ့တဲ့ ဦးစီးဌာနက ဝန်ထမ်းတွေအ တွက်လည်း ထည့်တွက်ပြင်ဆင်ခဲ့ပါတယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရုံးမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

လက်ရှိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အနေဖြင့် ကျန်းမာရေးအသိပညာ မြှင့်တင်ရေးလုပ်ငန်း၊ ကျောင်းကျန်းမာရေးလုပ်ငန်း၊ ထုတ်ပြန်ထားသော လုပ်ငန်းလမ်းညွှန်များ၊ ညွှန်ကြားချက်များကို ခေတ်မီအောင် ကစိအေန ပြုလုပ်ခြင်းနှင့် မလိုအပ်သည်များကို ပယ်ဖျက်ခြင်း၊ ကျန်းမာရေးဝန်ထမ်းများနှင့်လူနာများ၊ လူနာ၏မိသားစုဝင်များအကြား ဆက်ဆံရေး ပိုမိုကောင်း မွန်လာစေရေး၊ ပြည်သူလူထုအခြေပြု ကျန်းမာရေး စောင့်ရှောက်မှုဆေးခန်းများကို ဖွင့်လှစ်၍ မကူးစက်သောရောဂါနှိမ်နင်းရေး ကို အားဖြည့်ဆောင်ရွက်ရေး၊ အခြေခံကျန်းမာရေးဝန်ထမ်းများဖြင့် ရွေ့လျားကျန်းမာ ရေးဆေးခန်းများ ဖွင့်လှစ်ရေး၊ တိုင်းဒေသကြီး/ပြည်နယ် သင်ကြားရေးအဖွဲ့များကို ပြန်လည်ဖွဲ့စည်း၍ တာဝန်ခံများထားရှိရေးတို့ ဖြစ်ကြောင်းနှင့် ဝန်ကြီးဌာန အနေဖြင့် ၂၀၁၈-၂၀၁၉ ခုနှစ်ကို သတင်းအချက်နှစ်၊ ဘဏ္ဍာနှစ် ရန်ပုံငွေများကို အကျိုးရှိစွာ ခွဲဝေသုံးစွဲသည့် နှစ် (year of budget)နှင့် ဝန်ထမ်းအိမ်ရာ ဦးစားပေး ဆောက်လုပ်သည့်နှစ်ဟု သတ်မှတ်လုပ်ဆောင် လျက်ရှိသည်။

 

Credit: Eleven Media Group

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service