တရုတ်စီးပွားရေး ပထမသုံးလပတ်အတွင်း ၆ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်

တရုတ်စီးပွားရေး ပထမသုံးလပတ်အတွင်း ၆ ဒသမ ၄ ရာခိုင်နှုန်း တိုးတက် - Property News in Myanmar from iMyanmarHouse.com
2 May 2019 11:01 am တွင် တင်ခဲ့သည်
967 ကြိမ် ကြည့်ရှု့ပြီး

တရုတ်စီးပွားရေးသည် ယခုနှစ်ပထမသုံးလပတ် (၂၀၁၉ ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်) တွင် ပြီးခဲ့သည့်နှစ်ပထမသုံးလပတ်ထက် ၆ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း တရားဝင်အချက်အလက်များ ဧပြီ ၁၇ တွင် ထွက်ရှိခဲ့သည်။

တရုတ်၏ဂျီဒီပီ(ပြည်တွင်းအသားတင်ထုတ်ကုန်) သည် ၎င်း ၂၀၁၉ ခုနှစ် ပထမသုံးလတာအတွင်း ယွမ် ၂၁ ဒသမ ၃၄၃ ထရီလျံ (အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၈ ထရီလျံ) ရှိခဲ့ပြီး တိုးတက်နှုန်းမှာ ၂၀၁၈ ခုနှစ် စတုတ္ထသုံးလပတ်၏ တိုးတက်နှုန်းနှင့်အတူတူပင် ဖြစ်ကြောင်း တရုတ်အမျိုးသားစာရင်းအင်းဗျူရို (NBS) က ထုတ်ပြန်ခဲ့သည်။

ဝန်ဆောင်မှုကဏ္ဍက ၁၂ ဒသမ ၂၃၂ ထရီလျံယွမ်ရှိခဲ့ကာ ၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး တိုးတက်နှုန်းအမြင့်ဆုံးဖြစ်ခဲ့သည်။ ယင်းသည် ထိုပထမသုံးလပတ်ကာလအတွင်း စုစုပေါင်းဂျီဒီပီ၏ ၅၇ ဒသမ ၃ ရာခိုင်နှုန်း ရှိခဲ့သည့်အပြင် ၂၀၁၈ ခုနှစ် ပထမသုံးလပတ်၏ တိုးတက်နှုန်းထက်လည်း ၀ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

စက်မှုနှင့် စိုက်ပျိုးရေးကဏ္ဍတို့က ၆ ဒသမ ၁ ရာခိုင်နှုန်းနှင့် ၂ ဒသမ ၇ ရာခိုင်နှုန်းစီ အသီးသီးဖွံ့ဖြိုးတိုးတက်ခဲ့ကြသည်။

အိမ်ခြံမြေနှင့်စက်ယန္တရားတို့၌ရင်းနှီးမြှုပ်နှံမှုတွင်လည်း တရုတ်သည် ပိုမိုလျင်မြန်သော တိုးတက်မှုကို ဆက်လက်မြင်တွေ့ခဲ့ကြောင်း ထိုအချက်အလက်များအရ သိရသည်။

ယခုနှစ်ပထမသုံးလပတ်အတွင်း အိမ်ခြံမြေနှင့်စက်ယန္တရားတို့၌ရင်းနှီးမြှုပ်နှံမှုသည် ပြီးခဲ့သည့်နှစ်ပထမသုံးလပတ်ထက် ၆ ဒသမ ၃ ရာခိုင်နှုန်း ပိုမိုတိုးတက်ခဲ့ပြီး ယခုနှစ်ပထမနှစ်လတာထက် ၀ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ ပြီးခဲ့သည့်နှစ်တစ်နှစ်လုံးထက်လည်း ၀ ဒသမ ၄ ရာခိုင်နှုန်း ဖွံ့ဖြိုးခဲ့ကြောင်း NBS က ထုတ်ပြန်ခဲ့သည်။

ယခုနှစ်ပထမသုံးလပတ်အတွင်း အိမ်ခြံမြေနှင့်စက်ယန္တရားတို့၌ရင်းနှီးမြှုပ်နှံမှုသည် ယွမ် ၁၀ ဒသမ ၁၈၇ ထရီလျံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ထရီလျံ) သို့ မြင့်တက်ရောက်ရှိခဲ့ကြောင်း သိရသည်။

အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုစုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းဝန်းကျင်သည် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြစ်ခဲ့ပြီး ပြီးခဲ့သည့်နှစ်ပထမသုံးလပတ်ထက် ၆ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။

ယခုနှစ် ပထမသုံးလပတ်အတွင်း တရုတ်စီးပွားရေးဖွံ့ဖြိုးမှု ၆ ဒသမ ၄ ရာခိုင်နှုန်းသည် တရုတ်အစိုးရ၏ ၂၀၁၉ စီးပွားရေးတိုးတက်မှုနှုန်း ရည်မှန်းချက် ၆ ရာခိုင်နှုန်းမှ ၆ ဒသမ ၅ ရာခိုင်နှုန်းအကြားနှင့် ကိုက်ညီကြောင်းလည်း သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service