ကမ္ဘာ့ပထမဆုံး လျှပ်စစ်စွမ်းအင်ရ ရေပေါ်ရွက်လှေအိမ်

ကမ္ဘာ့ပထမဆုံး လျှပ်စစ်စွမ်းအင်ရ ရေပေါ်ရွက်လှေအိမ် - Property News in Myanmar from iMyanmarHouse.com
29 Apr 2019 11:54 am တွင် တင်ခဲ့သည်
1072 ကြိမ် ကြည့်ရှု့ပြီး

ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာ့ပင်လယ်ရေပြင်များ မြင့်တက်လာနေခြင်းအန္တရာယ်ကို ရင်ဆိုင်ရန် ကြိုးပမ်းသည့်အနေဖြင့် ကမ္ဘာ့ပထမဆုံး လျှပ်စစ်စွမ်းအင်ရ ရေပေါ်ရွက်လှေအိမ်တစ်မျိုးကို တီထွင်ထုတ်လုပ်လိုက်ပြီ ဖြစ်သည်။

Arkup ဟု အမည်ပေးထားပြီး နေအိမ်သဖွယ် လူနေထိုင်နိုင်မည့် ရွက်လှေမျိုးဖြစ်သည်။

အဆိုပါအမည်နာမမှာ နောဧ၏ ရွက်လှေ (Ark) မှ ဆင်းသက်လာခြင်း ဖြစ်ဖွယ်ရှိသည်။

အမိုးပေါ်တွင် နေစွမ်းအင် ဆိုလာပြားများကို တပ်ဆင်ပေးထားပြီး ဆိုလာပြားတို့၏ အကျယ်အဝန်းစုစုပေါင်းမှာ စတုရန်းပေ ၂၃၀၀ ခန့် ရှိသည်။

Arkup ရေပေါ်အိမ်သည် တစ်နာရီလျှင် ၁၃၀ မိုင်မှ ၁၅၆ မိုင်အကြား တိုက်ခတ်သည့် ဟာရီကိန်းမုန်တိုင်းများ၏ ဒဏ်ကို ခံနိုင်စွမ်းရှိသည်ဟု ဆိုသည်။

အိမ်တွင်း၊ အိမ်ပြင်လူနေထိုင်နိုင်မည့်နေရာ အကျယ်အဝန်း စတုရန်းပေ ၄၃၅၀ ခန့်ရှိသည်။

ရေပေါ်တွင် နေအိမ်ကို ထိစပ်တည်ရှိ မနေစေလိုပါက အလိုအလျောက်ဟိုက်ဒရောလစ်စနစ်သုံး တိုင်များကို ချထားကာ ရေပြင်အထက်တွင် တည်ရှိနေစေနိုင်သည်ဟု ဆိုသည်။

နေအိမ်အတွင်း Miele ကုမ္ပဏီထုတ် မီးဖိုဆောင်သုံး ပစ္စည်းများ၊ အဝတ်အစားထားသိုခန်း၊ ရေစိမ်ကန်တို့ ပါဝင်သည်။

Master bedroom ၄ ခန်း၊ နည်းပညာမြင့် အသုံးအဆောင်ပစ္စည်းများ ပါဝင်သည်။ ထို့အပြင် အမှိုက်ခြေဖျက်ကြိတ်စက်တစ်ခုလည်း လိုအပ်ဖွယ်ရှိသည်။ အမှိုက်များကို မည်သည့်နေရာတွင် စွန့်ပစ်မည်ကိုမူ မသိနိုင်သေးချေ။

သန်းကြွယ်သူဌေးများအနေဖြင့် ပင်လယ်ရေပြင်များ မြင့်တက်လာချိန်တွင် အသုံးပြုရန် ကြိုတင်ဝယ်ယူထားနိုင်မည်ဖြစ်သော်လည်း လူအများစုအတွက်မူ ချက်ချင်းအပိုင်ဝယ်ရန် မလိုသေးဘဲ ငှားရမ်းနေထိုင်နိုင်မည့် အခွင့်အရေးလည်း ရှိနေသည်။

Arkup ရေပေါ်အိမ်များ၏ ငှားရမ်းခမှာ တစ်ညလျှင် ကန်ဒေါ်လာ ၆၀၀၀ ဖြစ်ပြီး လူ ၈ ဦးတပြိုင်တည်း တည်းခိုနိုင်မည် ဖြစ်သည်။

ရေပေါ်အိမ်ဝယ်ယူလိုသူများအနေဖြင့် ကန်ဒေါ်လာ ၅ ဒသမ ၉ သန်းဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး ပရိဘောဂအပြည့်အစုံ ထည့်သွင်းပြီး ဖြစ်သည့်အပြင် ပြုပြင်မွမ်းမံပြီးဖြစ်သည်ဟု ဆိုသည်။

ဝယ်ယူလိုသူများအနေဖြင့် အသေးစိတ်အချက်အလက်များကို arkup.com တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service