စုံတွဲများအတွက် တစ်ညလျှင် ဒေါ်လာ ၂၀၀ ဖြင့် တည်းခိုနိုင်မည့် သဲကန္တာရအတွင်းမှ အာလူးအိမ်

စုံတွဲများအတွက် တစ်ညလျှင် ဒေါ်လာ ၂၀၀ ဖြင့် တည်းခိုနိုင်မည့် သဲကန္တာရအတွင်းမှ အာလူးအိမ် - Property News in Myanmar from iMyanmarHouse.com
26 Apr 2019 11:37 am တွင် တင်ခဲ့သည်
2108 ကြိမ် ကြည့်ရှု့ပြီး

အကယ်၍ သင်သည် နေရာကျဉ်းကျဉ်းတွင် နေထိုင်ရသည့် ဘဝမျိုးကို နှစ်သက်သည်ဆိုပါက သင်၏ လာမည့်အားလပ်ရက် အပန်းဖြေခရီးတွင် အပန်းဖြေနားနေနိုင်မည့် နေရာတစ်ခုရှိပါသည်။

နေရာမှာ အမေရိကန်ပြည်ထောင်စု၊ အိုင်ဒါဟိုပြည်နယ်၊ South Boise မြို့ကလေးတွင်ဖြစ်ပြီး အဆိုပါမြို့ကလေးရှိ ကြီးမားလှသော အာလူးအိမ်တစ်ခုအတွင်း တည်းခိုရန် စာရင်းပေးသွင်းနိုင်ပြီ ဖြစ်သည်။

သို့ရာတွင် အမှန်တကယ် အာလူးအစစ်ကား မဟုတ်ချေ။

စတီး၊ ပလတ်စတာ၊ ကွန်ကရစ်တို့ဖြင့် ဆောက်လုပ်ထားပြီး အလေးချိန် ၆ တန်ရှိကာ အလျား ၂၈ ပေ၊ အနံ ၁၂ ပေနှင့် အမြင့် ၁၁ ဒသမ ၅ ပေရှိသည်။

“အိုင်ဒါဟို အာလူးကော်မရှင်”က ၎င်းတို့၏ အကောင်းဆုံးဟင်းသီးဟင်းရွက်သီးနှံများကို promote လုပ်ရန်အတွက် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကွန်ကရစ်အာလူးကြီးကို ကုန်တင်ကားတစ်ခုနောက်တွင် တင်ဆောင်ကာ ပြည်နယ်အတွင်း ၆ နှစ်ကြာ လှည့်လည်ပြသခဲ့သည်။

အဆိုပါခရီးစဉ် ပြီးဆုံးသွားချိန်တွင် အိုင်ဒါဟို အာလူးကော်မရှင်သည် အဆိုပါ အာလူးကြီးကို မည်သို့ဆက်လက်သုံးစွဲ ထားရှိရမည်ကို မသိကြချေ။

ထိုအချိန်တွင် နေအိမ်ငယ်လေးများ ဆောက်လုပ်လေ့ရှိသည့် အိမ်ခြံမြေ developer ဖြစ်သော ခရစ္စတီး ဝူလ်ဖီက အိုင်ဒါဟိုအာလူးကော်မရှင်ထံ ဆက်သွယ်လာခဲ့သည်။

ကွန်ကရစ်အာလူးခွံကို အငှားချထားနိုင်သည့် နေအိမ်တစ်လုံးအသွင် ပြောင်းလဲရန် ခရစ္စတီးက အကြံပြုခဲ့သည်။

အိုင်ဒါဟိုအာလူးကော်မရှင်က လက်ခံခဲ့ပြီး သူမအား စိတ်ကူးပေါ်သလို လုပ်ဆောင်ခွင့်ပေးခဲ့၏။

ခရစ္စတီးက ချစ်စဖွယ် အိပ်ခန်းတစ်ခန်းပါ နေအိမ်တစ်လုံးအဖြစ် ပြောင်းလဲခဲ့၏။

ယင်းနောက် Owyhee တောင်တန်းများ၏ ရှုမျှော်ခင်းများကို တွေ့မြင်နိုင်သည့် ကျယ်ပြောသော ကွင်းပြင်ကြီးတစ်ခုတွင် ချထားခဲ့သည်။

အာလူးအိမ်အတွင်း ပုံမှန်ထက်ပိုမိုကြီးမားသော queen-sized အိပ်ယာတစ်ခု ထည့်သွင်းပေးထားသည်။

မီးလင်းဖို၊ လေအေးပေးစက်တို့အပြင် ရေချိုးခန်းတစ်ခုလည်း ထည့်သွင်းပေးထားသည်ဟု ဆိုသည်။

အခန်းအကျယ်အဝန်းအနေအထားအရ လူ ၂ ဦးသာ တည်းခိုနေထိုင်ခွင့်ပြုပြီး ငှားရမ်းခမှာ တစ်ညလျှင် ကန်ဒေါ်လာ ၂၀၀ ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service