စီမံကိန်း ၈၀ ခန့်ပါရှိမည့် ရန်ကုန်တိုင်းစီမံကိန်းဘဏ် မေလ ၁၀ ရက်တွင် မိတ်ဆက်မည်

စီမံကိန်း ၈၀ ခန့်ပါရှိမည့် ရန်ကုန်တိုင်းစီမံကိန်းဘဏ် မေလ ၁၀ ရက်တွင် မိတ်ဆက်မည် - Property News in Myanmar from iMyanmarHouse.com
26 Apr 2019 10:28 am တွင် တင်ခဲ့သည်
1081 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်တိုင်းစီမံကိန်း ဘဏ် (Project Bank) ကို မေလ၁၀ ရက်၌ ပြုလုပ်မည့် ရန်ကုန်ရင်းနှီးမြှုပ်နှံမှုပြပွဲတွင် စတင်မိတ်ဆက်မည်ဖြစ်ပြီး ထိုဘဏ်၌ ရန်ကုန်တိုင်းရှိ စီမံကိန်း ၈၀ ခန့် ပါဝင်မည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးခိုင်ဦးက ပြောသည်။

ဒုတိယအကြိမ် ကျင်းပမည့် ရန်ကုန်ရင်းနှီးမြှုပ်နှံမှုပြပွဲတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်း၊ အိမ်ရာလုပ်ငန်းနှင့် စက်မှုဇုန်လုပ်ငန်း များပြသမည်ဟု ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားရေးရာ ဝန် ကြီး နော်ပန်းသဉ္ဇာမျိုးက ပြော သည်။

‘‘ မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံ မှုအကြီးတွေထက် Medium Size (အလယ်အလတ်အရွယ်)တွေ အဝင်များပါတယ်။ ကန်ဒေါ်လာ သန်းဂဏန်း ပမာဏဖြစ်တယ်။ Million Type အလုံးအရင်းနဲ့ ဝင် ပါတယ်။ အခုစီမံကိန်းတွေလည်း ဒေါ်လာသန်းဂဏန်းစီမံကိန်းတွေ အများစုဖြစ်ပါတယ်’’ဟု ဦးမျိုးခိုင် ဦးက ပြောသည်။

ရန်ကုန်တိုင်းသည် ပြီးခဲ့ သည့်နှစ်အတွင်း တစ်နိုင်ငံလုံး၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစုစုပေါင်း ၇၇ ရာခိုင်နှုန်းဝင်ရောက်ပြီး နိုင်ငံသားလုပ်ငန်း ၇၅ ရာခိုင်နှုန်းဝင် ရောက်ကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၆၃ ခု ဝင်ရောက်ခဲ့သည်ဟုဆိုသည်။

ရန်ကုန်တိုင်းတွင် အဓိက ရင်းနှီးမြှုပ်နှံသူများသည် တရုတ်နိုင်ငံသားများဖြစ်ပြီး ဒုတိယ ဟောင်ကောင်နှင့် တတိယ ကိုရီးယားနိုင်ငံသားတို့ဖြစ်သည်။

ရန်ကုန်မြို့သစ် စီမံကိန်းနှင့် ပတ်သက်သော စီမံကိန်းများ ဆောင်ရွက်နေသည့် NYDC ကုမ္ပဏီက တိုင်းဒေသကြီးအစိုးရ ခွင့်ပြုချက်ဖြင့် စီမံကိန်းဘဏ်တွင် ပါလာနိုင်သည်ဟု ရန်ကုန်တိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောသည်။

စီမံကိန်းဘဏ်ဆိုသည်မှာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများ ရေးဆွဲထားသည့် စီမံကိန်း များကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနသို့ အချက်အလက် ပေးပို့၍ အဆိုပါဘဏ်များတွင် သိမ်းဆည်းထားသည်။

စီမံကိန်းဘဏ်တွင် ပါဝင်မည့် စီမံကိန်းသည် စီမံကိန်းအမည်၊ မဟာဗျူဟာမြောက်အရေး ပါမှု၊ လုပ်ငန်းစီမံချက်၊ လျာထား စီမံကိန်းနှင့်ပတ်သက်သည့် စာချုပ်အမျိုးအစား၊ ဘဏ္ဍာငွေရယူ ရန် အရင်းအမြစ်နှင့် စီမံကိန်း အကျိုးအပြစ်များပါဝင်သော လေ့လာဆန်းစစ်ချက်များ၊ စီမံကိန်း အကောင်အထည်ဖော်ရန် စုစု ပေါင်းကုန်ကျစရိတ်နှင့် အစိုးရ ထည့်ဝင်ရမည့် ငွေကြေးပမာဏ တို့ ဖော်ပြရမည်ဖြစ်သည်။

စီမံကိန်းဘဏ် (Project Bank)များကို လာမည့်ဘဏ္ဍာနှစ် ၌ စတင်ဆောင်ရွက်နိုင်မည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးသောင်းထွန်း က ပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service