သုခိတာအိမ်ရာစီမံကိန်း ယခုနှစ်ကုန်ပြီးမည်

သုခိတာအိမ်ရာစီမံကိန်း ယခုနှစ်ကုန်ပြီးမည် - Property News in Myanmar from iMyanmarHouse.com
25 Apr 2019 12:05 pm တွင် တင်ခဲ့သည်
1062 ကြိမ် ကြည့်ရှု့ပြီး

မရမ်းကုန်းမြို့နယ်အတွင်းရှိ မီးဘေးသင့်အိမ်ထောင်စုများအတွက် ပြန်လည်နေရာချထား ပေးရန် ဆောက်လုပ်နေသည့် သုခိတာ တန်ဖိုးနည်းအိမ်ရာစီမံကိန်းမှာ ယခုနှစ်ကုန်တွင် အပြီးသတ်ရန်ဆောင်ရွက်မည်ဖြစ်ကြောင်း ဆန်းမြတ်ထွန်း ဆောက်လုပ်ရေးကုမ္ပဏီမှ စီမံကိန်း အင်ဂျင်နီယာမအေးမိုးသူက မြန်မာတိုင်း(မ်)ကို ပြောသည်။

စီမံကိန်းကို ခန့်မှန်းမြေ ဧက ဝ ဒသမ ၆ ဧက (၂၉ဝ၀ဝ စတုရန်းပေ) ပေါ်တွင် ဆောက်လုပ်နေခြင်းဖြစ်ပြီး စုစုပေါင်းငွေကျပ် ၁ ဒသမ ၅ ဘီလျံသုံးစွဲမည်ဖြစ်ကာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ဆန်းမြတ်ထွန်း ဆောက်လုပ်ရေးကုမ္ပဏီတို့မှ အကျိုးတူပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။

သုခိတာ တန်ဖိုးနည်းအိမ်ရာစီမံကိန်းကို မရမ်းကုန်းမြို့နယ် အမှတ် (၆) ရပ်ကွက်၊ ဇေယျာခေမာ လမ်းသွယ်(၅)၌ ဆောက်လုပ်အကောင်အထည်ဖော်လျက်ရှိပြီး ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက မီးဘေးသင့်ခဲ့ရသော အိမ်ထောင်စု ၃၈ စုအတွက် ပြန်လည်နေရာချထားပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

အဆိုပါစီမံကိန်းတွင် တန်ဖိုးနည်းနှင့် တန်ဖိုးသင့်အိမ်ရာ အဆောက်အအုံခုနစ်လုံး ပါဝင်ပြီး လူနေအိမ်ခန်း စုစုပေါင်း ၉၀ ပါဝင်သည်။ ယင်းလူနေအိမ်ခန်းများအနက် မီးဘေးသင့် အိမ်ထောင်စုများအတွက် အိမ်ခန်း ၃၈ ခန်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီသို့ အိမ်ခန်း ငါးခန်း ပြန်လည်ပေးအပ်ရမည်ဖြစ်ပြီး ကျန်အခန်းများမှာ ကုမ္ပဏီမှ ရောင်းချခွင့်ရှိသော အခန်းများဖြစ်ကြောင်း မအေးမိုးသူက ပြောသည်။

အဆောက်အအုံ ခုနစ်လုံးရှိသည့်အနက် လက်ရှိတွင် တန်ဖိုးနည်းအဆောက်အအုံ သုံးလုံးမှာ ပြီးစီးပြီဖြစ်ကာ မေလတွင် လူနေထိုင်နိုင်ရန် အခန်းအပ်နှံသွားမည်ဖြစ်ကြောင်း၊ နောက်ထပ် အဆောက်အအုံသုံးလုံးမှာ ဇူလိုင်လကုန်တွင် ၈၀ ရာခိုင်နှုန်း ပြီးစီးမည်ဖြစ် သည့်အတွက် သြဂုတ်လခန့်တွင် စတင်နေထိုင်နိုင်ပြီဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

နောက်ဆုံးကျန်ရှိသည့် လမ်းမမျက်နှာစာရှိ အကြီးဆုံးအဆောက်အအုံကို မေလဆန်း ပိုင်းတွင် စတင်တည်ဆောက်တော့မည်ဖြစ်ကာ အောက်တိုဘာလကုန်ခန့်တွင် ပြီးစီးနိုင်ရန် ဆောင်ရွက်နေသည်။

အခန်းအကျယ်အဝန်းများမှာ အနည်းဆုံး စတုရန်းပေ ၃၀ဝ မှ အများဆုံး စတုရန်းပေ ၆၂၉ ထိ ရှိပြီး ကုမ္ပဏီ မှရောင်းချခွင့်ရှိသောအခန်းများကို အနည်းဆုံး ငွေကျပ် သိန်း ၂၀ဝ မှစတင်ကာ အများဆုံး ငွေကျပ် သိန်း ၆၀ဝ အထိ အလွှာအလိုက် ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။ 

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service