တိုင်းမ်မဂ္ဂဇင်းကြီး၏ ကမ္ဘာ့သြဇာအလွှမ်းဆုံးပုဂ္ဂိုလ် ၁၀၀ တွင် ပါဝင်ခဲ့သူ ကမ္ဘာကျော် ဖက်ရှင်ဒီဇိုင်နာ မာ့ခ် ဂျက်ကော့ဘ်က နယူးယောက်နေအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ရောင်းချမည်

တိုင်းမ်မဂ္ဂဇင်းကြီး၏ ကမ္ဘာ့သြဇာအလွှမ်းဆုံးပုဂ္ဂိုလ် ၁၀၀ တွင် ပါဝင်ခဲ့သူ ကမ္ဘာကျော် ဖက်ရှင်ဒီဇိုင်နာ မာ့ခ် ဂျက်ကော့ဘ်က နယူးယောက်နေအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
25 Apr 2019 11:47 am တွင် တင်ခဲ့သည်
818 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ဖက်ရှင်ဒီဇိုင်နာ မာ့ခ် ဂျက်ကော့ဘ်သည် ၁၉၆၃ ခုနှစ်၊ ဧပြီလ ၉ ရက်တွင် နယူးယောက်မြို့၌ မွေးဖွားသည်။

ကိုယ်ပိုင်ဖက်ရှင်အမှတ်တံဆိပ်ဖြစ်သော Marc Jacobs (ယခင်အမည်- Marc by Marc Jacobs) ကို ထုတ်လုပ်ခဲ့သည်။

ကမ္ဘာကျော် ပြင်သစ်ဒီဇိုင်းကုမ္ပဏီ Louis Vuitton တွင် ၁၉၉၇ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ creative director အဖြစ် တာယန်ထမ်းဆောင်ခဲ့ဖူးသည်။

၂၀၁၀ ခုနှစ်အတွင်း တိုင်းမ်မဂ္ဂဇင်းကြီးက ဖော်ပြခဲ့သော ကမ္ဘာ့သြဇာအလွှမ်းဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် ဖော်ပြခံခဲ့ရပြီး Out မဂ္ဂဇင်းကြီးက ဖော်ပြသော ၂၀၁၂ ခုနှစ် အမေရိက၏ သြဇာအလွှမ်းဆုံး မိန်းမလျာ၊ ယောက်ျားလျာ ၅၀ ဦး စာရင်းတွင်လည်း နံပါတ် ၁၄ နေရာ၌ ဖော်ပြခံခဲ့ရသည်။

၂၀၁၉ ခုနှစ်၊ ဧပြီလ ၇ ရက်တွင် မာ့ခ် ဂျက်ကော့ဘ်သည် ၎င်း၏ယောက်ျားလေးမိတ်ဆွေ ချာလီ ဒီဖရန်ဆက်စ်ကိုနှင့် လက်ထပ်ခဲ့သည်။

ယခုရက်ပိုင်းများသည် ဒီဇိုင်နာ မာ့ခ်ဂျက်ကော့ဘ်အတွက် အလုပ်များသည့် ရက်များဖြစ်သည်ဟု ဆိုရမည် ဖြစ်သသည်။

ဧပြီလ ၇ ရက်တွင် ချာလီ ဒီဖရန်ဆက်စ်ကိုနှင့် လက်ထပ်ပွဲကျင်းပခဲ့ရာ ကိတ်မော့စ်၊ နာအိုမီ ကမ့်ပ်ဘဲမှ Lil' Kim အထိ ကမ္ဘာကျော် ကြယ်ပွင့်များစွာ တက်ရောက်ခဲ့ကြသည်။

ယင်းနောက် ၂ ရက်ကြာသောအခါ နယူးယောက်မြို့၊ ရိုင်းအရပ်တွင် ကမ္ဘာကျော် ဗိသုကာပညာရှင်ကြီး ဖရန့်ခ် လွိုက်ဒ် ရိုက်ဒ် ဒီဇိုင်းရေးဆွဲပေးခဲ့သော နေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၉ ဒသမ ၁၇၅ သန်းဖြင့် ဝယ်ယူခဲ့သည်။

ယခုအခါ ပူပူနွေးနွေးလက်ထပ်ထားသော စုံတွဲသည် West Village ရှိ နေအိမ်ကို အရောင်းဈေးကွက်တင်လာခဲ့ရာ Sotheby ကုမ္ပဏီမှ တဆင့် ကန်ဒေါ်လာ ၁၅ ဒသမ ၉၉၅ သန်းဖြင့် ဈေးကွက်တင်ခဲ့ခြင်း ဖြစ်သည်။

Robert A. M. Stern Architects ကုမ္ပဏီက ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၄ ထပ်အဆောက်အအုံတစ်လုံးဖြစ်သည်။

အတွင်းပိုင်းဗိသုကာများကို အင်ဒရေ ချီလစ်ချက်ဖ်က ဒီဇိုင်းရေးဆွဲပေးထားသည်။

“ကျွန်တော် (ကျွန်မ) က တကယ်ချစ်မြတ်နိုးတဲ့ နေရာပဲပဲ နေချင်ပါတယ်။ အာ့ထ်ဒက်ကိုဟန် ပရိဘောဂတွေ၊ ၁၉၇၀ ပြည့်လွန်ကာလက လက်ရာတွေ၊ ခေတ်ပြိုင်အနုပညာလက်ရာတွေ။ ဒါပေမယ့် အိမ်ကို ပန်းချီပန်းပု အနုပညာပြခန်းလိုဖြစ်နေတာမျိုးတော့ မလိုချင်ပါဘူး”

Sotheby ၏ ဖော်ပြချက်အရ နေအိမ်အကျယ်မှာ ၄၃၄၆ စတုရန်းပေရှိပြီး ဆိတ်ငြိမ်အေးချမ်းသော အိပ်ခန်း ၃ ခု၊ နေအိမ်ပြင်ပ လူနေထိုင်နိုင်မည့်နေရာ အကျယ်အဝန်း ၁၄၆၂ စတုရန်းပေ၊ ပန်းခြံတစ်ခုနှင့် အမိုးပေါ်လသာဆောင်တစ်ခု၊ ဓာတ်လှေကားတစ်ခုနှင့် စားဖိုမှူးအဆင့် ကိုင်တွယ်နိုင်သော မီးဖိုဆောင်တို့ ပါဝင်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်

Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...

ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ

ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ

ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ

သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ

42 Mini Condo
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service