စင်ကာပူနိုင်ငံမှာ ဖွင့်လှစ်လိုက်တဲ့ ကမ္ဘာ့အကြီးဆုံး Jewel Changi လေဆိပ်

စင်ကာပူနိုင်ငံမှာ ဖွင့်လှစ်လိုက်တဲ့ ကမ္ဘာ့အကြီးဆုံး Jewel Changi လေဆိပ် - Property News in Myanmar from iMyanmarHouse.com
24 Apr 2019 10:55 am တွင် တင်ခဲ့သည်
1719 ကြိမ် ကြည့်ရှု့ပြီး

ဧပြီလ အစောပိုင်းတုန်းကပဲ စင်ကာပူနိုင်ငံဟာ ကမ္ဘာ့အကြီးမားဆုံး Jewel Changi လေဆိပ်ကို ဖွင့်လှစ်လိုက်ပါတယ်။ ဒီလေဆိပ်ကြီးကိုတော့ စင်ကာပူဒေါ်လာ ၁ ဒဿမ ၇ဘီလီယံ(ထိုင်းဘတ် ၄၀ ဘီလီယံ) အကုန်အကျခံပြီး တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ Jewel Changi လေဆိပ်ကြီးဟာ စင်ကာပူနိုင်ငံရဲ့ အချက်အချာကျတဲ့ လေဆိပ်တခု ဖြစ်လာခဲ့ပါပြီ။

ဒီလေဆိပ်ကြီးဟာ ၁၃၅,၇၀၀ စတုရန်းမီတာ ကျယ်ဝန်းပြီး ဆိုင်ခန်းပေါင်း ၂၈၀ ရှိပြီး ဟိုတယ်လည်း ပါဝင်ပါသေးတယ်။ ဒီလေဆိပ်ကြီးမှာဆိုရင် မိုးလုံလေလုံတဲ့ ကြီးမားတဲ့ ဈေးဝယ်စင်တာကြီးတွေ ပါရှိသလို အထူး ပြုလုပ်ထားတဲ့ ရေတံခွန်လည်း ပါဝင်ပါသေးတယ်။ အဲဒီရေတံခွန်ကြီးကိုတော့ ကြီးမားတဲ့ မိုးသစ်တောတွေက ဝန်းရံပေးထားပါတယ်။

အဲဒီ မိုးသစ်တောကြီးကိုလည်း အမြဲတမ်း စိမ်းလန်းစိုပြေနေအောင် ပြုလုပ်ထားပြီး Shiseido တောအုပ်လို့ နာမည်ပေးထားပါတယ်။ Shuseido မိုးရာသီ တောအုပ်အတွင်းမှာဆိုရင် သစ်ပင်ပေါင်း ၉၀၀ကျော်၊ ခြုံနွယ်ပေါင်း ၆၀၀၀၀ ကျော် စိုက်ပျိုးထားပါတယ်။ အဲဒီ လေဆိပ်ကို ရောက်ရှိခဲ့တဲ့ အသက် ၃၃ နှစ်အရွယ် Sabrina Stefani ကလည်း စင်ကာပူနိုင်ငံရဲ့ Jewel Changi လေဆိပ်နဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“စင်ကာပူနိုင်ငံဟာ နည်းပညာအရာမှာ အမြဲတမ်း ရှေ့တန်းရောက်အောင် ကြိုးစားနေတဲ့ နိုင်ငံ တနိုင်ငံဆိုတာ ဒီလေဆိပ်ကြီးက သက်သေပြနေပါတယ်။ တကယ်တော့ ဒါဟာ လေဆိပ်တခုဆိုတဲ့ နာမည်နဲ့တင် မလုံလောက်ပါဘူး။ ကြီးကျယ်ခမ်းနားတဲ့ ဗိသုကာလက်ရာတွေ စုဝေးနေတဲ့ နေရာ တနေရာဖြစ်သလို စိမ်းလန်းစိုပြေတဲ့ သစ်တောနဲ့ သာယာလှပတဲ့ ရှုမျှော်ခင်းတွေ စုဝေးနေတဲ့ နေရာ တနေရာပါပဲ”လို့ ဆိုပါတယ်။

Jewel Changi လေဆိပ်ကြီးဟာ ခရီးသွားသူတွေရဲ့ မဲပေးရွေးချယ်မှုအရ ဆိုရင် ၇ နှစ်ဆက်တိုက် ကမ္ဘာ့အကောင်းဆုံး လေဆိပ်တခုဖြစ်ခဲ့ပြီး တိုကျိုမြို့ရဲ့ Haneda လေဆိပ်နဲ့ တောင်ကိုရီးနိုင်ငံရဲ့ Incheon လေဆိပ်က ဒုတိယနဲ့ တတိယ အသီးသီးရရှိခဲ့ပါတယ်။

Jewel Changi လေဆိပ်ဟာ ကမ္ဘာပေါ်မှာ သတ္တမမြောက် လူစည်ကားတဲ့ လေဆိပ်တခုဖြစ်ပြီး ၂၀၁၈ ခုနှစ် မှတ်တမ်းတွေအရဆို ခရီးသွားပေါင်း ၆၅ ဒဿမ ၆ သန်းလာရောက်ခဲ့ပါတယ်။

Credit:  irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service