ပြင်သစ်နိုင်ငံ၏ အချမ်းသာဆုံးမိသားစု ၃ ခုက နော်တာဒိမ်းဘုရားကျောင်းကြီး ပြန်လည်ဆောက်လုပ်ရေးအတွက် ကန်ဒေါ်လာ သန်း ၇၀၀ ရန်ပုံငွေမတည်

ပြင်သစ်နိုင်ငံ၏ အချမ်းသာဆုံးမိသားစု ၃ ခုက နော်တာဒိမ်းဘုရားကျောင်းကြီး ပြန်လည်ဆောက်လုပ်ရေးအတွက် ကန်ဒေါ်လာ သန်း ၇၀၀ ရန်ပုံငွေမတည် - Property News in Myanmar from iMyanmarHouse.com
23 Apr 2019 12:02 pm တွင် တင်ခဲ့သည်
1034 ကြိမ် ကြည့်ရှု့ပြီး

ပြင်သစ်နိုင်ငံ၏ အချမ်းသာဆုံးမိသားစု ၃ ခုသည် တိုင်းပြည်၏ အထင်ကရပြယုဂ်တစ်ခုဖြစ်သော နော်တာဒိမ်း ဘုရားကျောင်းကြီး ပြန်လည်ဆောက်လုပ်ရေးအတွက် ကန်ဒေါ်လာ သန်း ၇၀၀ ရန်ပုံငွေမတည်ရန် စီစဉ်လာကြသည်။

ကမ္ဘာကျော် ဖက်ရှင်နှင့် အလှကုန်အမှတ်တံဆိပ်များဖြစ်သော LVMH Group, Kering နှင့် L'Oreal တို့က ယူရို သန်း ၅၀၀ (ကန်ဒေါ်လာ ၅၆၅ သန်း) ထည့်ဝင်မတည်ကြရန် ကတိကဝတ်ပြုခဲ့ကြသည်။ LVMH (LVMHF) ၏ အမှုဆောင်အရာရှိချုပ် ဘားနတ် အာနော့ထ်က ယူရို သန်း ၂၀၀ (ကန်ဒေါ်လာ ၂၂၆ သန်း) မတည်လှူဒါန်းမည်ဟု ကတိကဝတ်ပြုခဲ့သည်။

အလားတူပင် L'Oreal (LRLCF) ကို ပိုင်ဆိုင်သော ဘက်တန်ကော့ထ် မိုင်ယာစ်မိသားစုကလည်း ယူရို သန်း ၂၀၀ ထည့်ဝင်လှူဒါန်းမည် ဖြစ်သည်။

တန်ဖိုးကြီးအလှကုန်အမှတ်တံဆိပ် Kering (PPRUF) ကို ပိုင်ဆိုင်သော The Pinault မိသာားစုကလည်း ယူရို သန်း ၁၀၀ (ကန်ဒေါ်လာ ၁၁၃ သန်း) လှူဒါန်းမည် ဖြစ်သည်။

နော်တာဒိမ်းဘုရားကျောင်းကြီး ကြောက်မက်ဖွယ်မီးသင့်ခဲ့ပြီးနောက်ပိုင်း ဖက်ရှင်ထိပ်သီးဘီလျံနာမိသားစု ၃ ခုက ၎င်းတို့၏ မျိုးချစ်စိတ်ကို ထုတ်ဖော်ပြသလိုက်ခြင်းလည်း ဖြစ်သည်။

အခြားသော ပြင်သစ်ထိပ်သီးကုမ္ပဏီများကလည်း လှူဒါန်းမှုများ ပြုလုပ်မည်ဟု ကတိပြုထားကြရာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီ Total (TOT) က ပေါင် သန်း ၁၀၀ (ကန်ဒေါ်လာ ၁၁၃ သန်း)၊ နည်းပညာနှင့် အတိုင်ပင်ခံကုမ္ပဏီ Capgemini က ယူရို ၁ သန်း (ကန်ဒေါ်လာ ၁ ဒသမ ၁ သန်း) ထည့်ဝင်မည်ဟု ကတိပြုထားကြသည်။

ထို့အပြင် ပြင်သစ်ဘဏ်ကြီး Crédit Agricole အပါအဝင် အခြားသောကုမ္ပဏီများမှ လှူဒါန်းထည့်ဝင်မည်ဟု ကတိပြုမှုအားလုံး စုပေါင်းလိုက်လျှင် စုစုပေါင်းငွေပမာဏမှာ ကန်ဒေါ်လာ သန်း ၇၀၀ ခန့်ရှိသည်။

ကမ္ဘာကျော်ဖက်ရှင်အမှတ်တံဆိပ်များဖြစ်သည့် Louis Vuitton, Christian Dior နှင့် Givenchy တို့ကို ပိုင်ဆိုင်သော LVMH (LVMHF) ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ကုမ္ပဏီ၏လှူဒါန်းမှုသည် တမျိုးသားလုံး၏ ပူဆွေးသောကနှင့် ထပ်တူစည်းလုံးမှုကို ပြသခြင်းဖြစ်ပြီး အလှူငွေများကို သာမာန်မဟုတ်သည့်ဘုရားကျောင်းကြီး ပြန်လည်တည်ဆောက်ရေးအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

နော်တာဒိမ်းသည် ပြင်သစ်၏ အမွေအနှစ်၊ စည်းလုံးမှု၏ပြယုဂ်တစ်ခုဖြစ်ကြောင်းလည်း LVMH (LVMHF) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

LVMH (LVMHF)၏ အမှုဆောင်အရာရှိချုပ် အာနော့ထ်သည် ကမ္ဘာပေါ်တွင် တတိယမြောက်အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ကြောင်း ဘလွန်းဘာ့ဂ်ျက ဖော်ပြသော ဘီလျံနာညွှန်းကိန်းတွင် ဖော်ပြသည်။

သူ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၉၀ ဒသမ ၄ ဘီလီယံခန့်ရှိသည်ဟု ခန့်မှန်းထားပြီး ဝါရင်ဘူဖေးနှင့် မာ့ခ် ဇက်ကာဘာ့ဂ်ျတို့ထက် များပြားသည့် ပမာဏဖြစ်သည်။

LVMH (LVMHF) သည် ဖက်ရှင်လုပ်ငန်းအပြင် တန်ဖိုးကြီး ယမကာအမှတ်တံဆိပ်များဖြစ်သော Dom Pérignon, Hennessy နှင့် Veuve Clicquot တို့လည်း ထုတ်လုပ်သေးသည်။

Kering သည် ကမ္ဘာကျော်အမှတ်တံဆိပ်များဖြစ်သော Gucci နှင့် Yves Saint Laurent တို့ကို ထုတ်လုပ်ပြီး ပထမဆုံးလှူဒါန်းမှု ပြုလုပ်လာသည့်ကုမ္ပဏီလည်း ဖြစ်သည်။

“ဒီဖြစ်ရပ်ကြီးအား ပြင်သစ်တစ်မျိုးသားလုံးကို အထိနာစေပါတယ်။ ဒါ့အပြင် spiritual values တွေကိုလည်း ထိခိုက်စေခဲ့ပါတယ်”ဟု Kering ၏ အမှုဆောင်အရာရှိချုပ် ဖရန်ဆွာ-ဟင်နရီ ပီးနော့ထ်က ပြောကြားသည်။

“ဒီအဖြစ်ဆိုးကြီးနဲ့ ရင်ဆိုင်ရတဲ့အခါမှာ လူတိုင်းဟာ ကျွန်တော်တို့ရဲ့ အမွေအနှစ် ရတနာကို အတတ်နိုင်ဆုံး အဆောတလျင် ပြန်လည်သက်ဝင်လာနိုင်စေဖို့ ဆန္ဒရှိကြပါတယ်”ဟုလည်း ဘီလျံနာသူဌေးကြီး ဖရန်ဆွာ ပီးနော့ထ်၏ သားဖြစ်သူ ဟင်နရီ ပီးနော့ထ်က ဆက်လက်ပြောကြားသည်။

ဘလွန်းဘာ့ဂ်ျ၏ ဖော်ပြချက်အရ ပီးနော့ထ်မိသားစု၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၃၇ ဒသမ ၃ ဘီလီယံဖြစ်သည်ဟု ခန့်မှန်းထားသည်။

ဖရန်ဆွာ-ဟင်နရီ ပီးနော့ထ်သည် မိသားစုကြီး၏ စီးပွားရေးလုပ်ငန်းများကို ကွပ်ကဲနေပြီး ကမ္ဘာကျော်ရုပ်ရှင်မင်းသမီး ဆယ်လ်မာ ဟေးယက်ခ်နှင့် လက်ထပ်ထားသူလည်း ဖြစ်သည်။

ကမ္ဘာကျော်ဖက်ရှင်အမှတ်တံဆိပ်များဖြစ်သော Alexander McQueen နှင့် Balenciaga တို့ကိုလည်း Kering က ပိုင်ဆိုင်ထားသည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service