မြေလွတ်၊ မြေလပ်များတွင် မြို့၊ ရွာစီမံချက် ဖော်ဆောင်ပေးရေးအဆို ပြည်သူ့လွှတ်တော်အတည်ပြု

မြေလွတ်၊ မြေလပ်များတွင် မြို့၊ ရွာစီမံချက် ဖော်ဆောင်ပေးရေးအဆို ပြည်သူ့လွှတ်တော်အတည်ပြု - Property News in Myanmar from iMyanmarHouse.com
23 Apr 2019 10:54 am တွင် တင်ခဲ့သည်
3772 ကြိမ် ကြည့်ရှု့ပြီး

နိုင်ငံတစ်ဝန်းရှိ စားကျက်မြေများ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ ပြန်လည်ဖော်ထုတ်ကာ မြို့ရွာစီမံချက်အဖြစ် စနစ်တကျ အမြန်ဆုံးချမှတ် ဆောင်ရွက်ပေးရေး အဆိုကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ထောက်ခံကာ ပြည်သူ့လွှတ်တော်က ယမန်နေ့အစည်းအဝေးတွင် အတည်ပြုခဲ့သည်။

တိုင်းပြည်၏ လူဦးရေတိုးပွားလာသည်နှင့်အမျှ နေထိုင်စရာ အခက်အခဲဖြစ်လာပြီး ကျူးကျော်နေထိုင်မှုများ တစ်နေ့တခြားများပြားလာသည့် ပြဿနာသည် အစိုးရအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်သဖြင့် ယင်းကဲ့သို့ နေရာချပေးသင့်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်က အဆိုတင်သွင်းခဲ့သည်။

စားကျက်မြေ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို မြို့ပြကျေးရွာများအဖြစ် ဖော်ဆောင်ပေးခြင်းဖြင့် ယင်းမြေများကို အသုံးပြုကာ ကိုယ်ကျိုးရှာနေသည့် စီးပွားရေးသမားများ၏ အန္တရာယ်မှ ကာကွယ်နိုင်မည်ဖြစ်၍ ဖွံ့ဖြိုးတိုးတက်လာမည်ဟု ဆောက်လုပ်ရေးဒုဝန်ကြီး ဦးကျော်လင်းက ပြောသည်။

အချို့စီးပွားရေးလုပ်ငန်းရှင်များသည် မြေလွတ်၊ မြေလပ်များပေါ်တွင် လုပ်ငန်းစီမံကိန်း ဆောင်ရွက်မည်ဆိုကာ လက်တွေ့၌ မည်သည့်လုပ်ငန်းမျှ မလုပ်ဘဲ ဦးထားကာ စီးပွားရေးအရ အမြတ်ထုတ်နေသည်များရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက် အောက်တွင် မြေလွတ်၊ မြေလပ်၊ မြေရိုင်းဧကပေါင်း နှစ်သန်းကျော် ရှိပြီး ယင်းအနက် အချို့ကို စီမံကိန်းများဆောင်ရွက်ရန် ချပေးထားသည်။ စီမံကိန်းဆောင်ရွက်ရန် ချပေးထားသည့်အထဲမှ သတ်မှတ်ကာလ လေးနှစ်အတွင်း ဆောင်ရွက်ခြင်း မရှိသည့် မြေယာများကို ပြန်လည်သိမ်းယူခဲ့ရာ လက်ရှိတွင် မြေဧက ကိုးသောင်းကျော် သိမ်းယူပြီးဖြစ်ကြောင်း ဦးကျော်လင်းက ပြောသည်။

ယင်းအဆိုကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အပါအ၀င် လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးက ထောက်ခံဆွေးနွေးခဲ့သည်။

Credit: 7Day Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service