ပဲရစ်မြို့မှ ကမ္ဘာကျော် နော်တာဒိမ်းဘုရားကျောင်းကြီး၏ မီးလောင်ပျက်စီးသွားသော စုလစ်မွမ်းချွန်ပြဿာဒ်ကြီးကို ပြန်လည်ဆောက်လုပ်ရန် ဒီဇိုင်းပုံစံပြိုင်ပွဲစတင်ဖိတ်ခေါ်

ပဲရစ်မြို့မှ ကမ္ဘာကျော် နော်တာဒိမ်းဘုရားကျောင်းကြီး၏ မီးလောင်ပျက်စီးသွားသော စုလစ်မွမ်းချွန်ပြဿာဒ်ကြီးကို ပြန်လည်ဆောက်လုပ်ရန် ဒီဇိုင်းပုံစံပြိုင်ပွဲစတင်ဖိတ်ခေါ် - Property News in Myanmar from iMyanmarHouse.com
19 Apr 2019 11:47 am တွင် တင်ခဲ့သည်
2143 ကြိမ် ကြည့်ရှု့ပြီး

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် ပြီးခဲ့သောရက်ပိုင်းက ကမ္ဘာကျော် နော်တာဒိမ်းဘုရားကျောင်းကြီး အကြီးအကျယ်မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ၌ သစ်ဖြင့်အဓိကဆောက်လုပ်ထားသော စုလစ်မွမ်းချွန်ကြီး ပျက်စီးသွားခဲ့သည်။

ယခုအခါ အဆိုပါ စုလစ်မွမ်းချွန်ပြဿာဒ်ကြီးကို ပြန်လည်ဆောက်လုပ်ရန်အတွက် ဒီဇိုင်းပုံစံပြိုင်ပွဲ စတင်လက်ခံနေပြီဖြစ်ရာ ကမ္ဘာတစ်ဝန်းရှိ ဗိသုကာ ပညာရှင်များကို ပြိုင်ပွဲဝင်ရန် ဖိတ်ခေါ်ထားသည်။

ပြင်သစ်သမ္မတ အီမန်ညူယယ် မက်ခရွန်က တွစ်တာလူမှုကွန်ရက်တွင် ရေးသားခဲ့ရာ၌ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းအား မီးသင့်လောင်ခဲ့ပုံကို တွေ့မြင်ခဲ့ရခြင်းမျိုးဖြစ်သည်ဟု တင်စားပြောကြားခဲ့သည်။

နော်တာဒိမ်းဘုရားကျောင်းကြီးကို ၅ နှစ်အတွင်း ပြန်လည်မွမ်းမံဆောက်လုပ်သွားမည်ဟု မက်ခရွန်က တိုင်းပြည်သို့ ရုပ်မြင်သံကြား မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

“ဗိုင်အိုလက်-လေ-ဒပ်ခ် မွမ်းမံဆောက်လုပ်ခဲ့တဲ့အတိုင်း ဒီပြဿာဒ်ကို ကျွန်တော်တို့ ပြန်ပြီးမွမ်းမံနိုင်မလားဆိုတာ ဒီပြိုင်ပွဲကနေ အဖြေရှာနိုင်မှာဖြစ်ပါတယ်”ဟု ပြင်သစ်ဝန်ကြီးချုပ် အီဒွါ့  ဖီလိ (Edouard Philippe) က သတင်းထောက်များကို ပြောကြားသည်။

ဝန်ကြီးချုပ် ဖီလိက ဆက်လက်ပြောကြားရာတွင် ပြဿာဒ်ကို မူလအတိုင်းပြန်လည်ဆောက်လုပ်မည်လော (သို့မဟုတ်) ခေတ်သစ် စိန်ခေါ်မှုများ၊ နည်းပညာများနှင့် သဟဇာတဖြစ်မည့် ဒီဇိုင်းသစ်မျိုးဖြင့် ပြန်လည်ဆောက်လုပ်မည်လောဟူသည်ကို ပြိုင်ပွဲဒီဇိုင်းများအရ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ပြီးခဲ့သော တနင်္လာနေ့၊ ညပိုင်းက မီးသင့်လောင်ခဲ့မှုကြောင့် နော်တာဒိမ်းဘုရားကျောင်းကြီး၏ ပင်မပြဿာဒ်ကြီး ပြိုကျပျက်စီးသွားခဲ့ရသည်။

ကမ္ဘာကျော်ပြင်သစ်စာရေးဆရာကြီး ဗစ်တာဟူးဂိုးက ၁၈၃၁ ခုနှစ်တွင် ရေးသားခဲ့သော "The Hunchback of Notre Dame" ဝတ္ထုကြီးတွင် နော်တာဒိမ်းဘုရားကျောင်းကြီး၌ ဇာတ်အိမ်တည် ရေးသားခဲ့သည်။

(အဆိုပါဝတ္ထုကြီးကို ဆရာတက်တိုးက “ခါးကုန်းကြီး”ဟူသောအမည်ဖြင့် မြန်မာဘာသာသို့ ပြန်ဆိုထားပြီး ဖြစ်ပါသည်) အံ့ဖွယ်တိုက်ဆိုင်မှုတစ်ခုမှာ ဗစ်တာဟူးဂိုးသည် "The Hunchback of Notre Dame" ဝတ္ထုကြီးတွင် နော်တာဒိမ်းဘုရားကျောင်းကြီး မီးသင့်ခံရပုံကို ထည့်သွင်းရေးသားခဲ့ခြင်း ဖြစ်သည်။

နော်တာဒိမ်းဘုရားကျောင်းကြီးကို ၁၂ ရာစုတွင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခုမီးလောင်ပျက်စီးသွားသည့် ၉၃ မီတာ မြင့်မားသော စုလစ်မွန်းချွန်ပြဿာဒ်ကို ၁၈၀၀ ပြည့်လွန် အလယ်ပိုင်းကာလများတွင်မှ ဖြည့်စွက်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service