အမေရိကန်ကုမ္ပဏီက သြစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ရှိ ၂၇ ထပ်မြင့် Challenger တာဝါမိုးမျှော်တိုက်ကြီးကို ကန်ဒေါ်လာ သန်း ၂၀၀ ဖြင့် ဝယ်ယူ

အမေရိကန်ကုမ္ပဏီက သြစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ရှိ ၂၇ ထပ်မြင့် Challenger တာဝါမိုးမျှော်တိုက်ကြီးကို ကန်ဒေါ်လာ သန်း ၂၀၀ ဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
19 Apr 2019 11:34 am တွင် တင်ခဲ့သည်
677 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ကုမ္ပဏီက သြစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ရှိ ၂၇ ထပ်မြင့် Challenger တာဝါမိုးမျှော်တိုက်ကြီးကို ကန်ဒေါ်လာ သန်း ၂၀၀ ဖြင့် ဝယ်ယူအမေရိကန်ပြည်ထောင်စု၊ ဘော့စ်တွန်မြို့အခြေစိုက် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ AEW Capital သည် သြစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ရှိ Challenger တာဝါမိုးမျှော်တိုက်ကြီးကို ဒေါ်လာ သန်း ၂၀၀ ဖြင့် ဝယ်ယူလိုက်ကြောင်း သြစတေးလျအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

မှတ်ချက်။ သြစတေးလျဒေါ်လာဖြင့် ရောင်းချခြင်းလော (သို့မဟုတ်) အမေရိကန်ဒေါ်လာဖြင့် ရောင်းချခဲ့ခြင်းလော ဟူသည်ကိုမူ မသိရချေ။

Challenger တာဝါမိုးမျှော်တိုက်ကြီးသည် မဲလ်ဘုန်းမြို့၊ Queen လမ်း၊ အမှတ် ၃၁ တွင် တည်ရှိပြီး ၂၇ ထပ်မြင့်မားသော အဆောက်အအုံကြီး ဖြစ်သည်။

ရောင်းချသူမှာ ဘဏ္ဍာရေးကုမ္ပဏီကြီး Challenger မှ ရောင်းချခြင်းဖြစ်ပြီး ပုံသေဝင်ငွေရမည့် ရင်းနှီးမြှုပ်နှံမှုများထံ ပြောင်းလဲခြေချမည့် မဟာဗျူဟာအရ အိမ်ခြံမြေများကို ရောင်းထုတ်လျှော့ချလာခြင်းဖြစ်သည်ဟု ဆိုသည်။

လက်ရှိအားဖြင့် Challenger သည် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အဆောက်အအုံများကို ဒေါ်လာ သန်း ၇၀၀ ဖိုး ရောင်းချခဲ့ပြီးလည်း ဖြစ်သည်။

AEW သည် ဟားရစ်လမ်း၊ အမှတ် ၁၉ ရှိ Pyrmont ရုံးခန်းအဆောက်အအုံကြီးတစ်ခုကို ပြီးခဲ့သော နိုဝင်ဘာလအတွင်းက ကန်ဒေါ်လာ ၁၄၃ သန်းဖြင့် ဝယ်ယူခဲ့ဖူးသည်။

ထို့အပြင် AEW သည် ဆစ်ဒနီမြို့၊ ပစ်ထ်လမ်း၊ အမှတ် ၅၀ ရှိ အဆောက်အအုံကိုလည်း ၂၀၁၇ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁၆၅ သန်းဖြင့် ဝယ်ယူခဲ့သေးသည်။

Challenger သည် မဲလ်ဘုန်းရှိ Challenger တာဝါမိုးမျှော်တိုက်ကြီးကို ၂၀၁၁ ခုနှစ်တွင်း ကန်ဒေါ်လာ ၈၁ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ရာ ယခုရောင်းချလိုက်သောဈေးနှုန်းအရ ဒေါ်လာ ၁၁၉ သန်း မြတ်စွန်းခဲ့သည်ဟု ဆိုနိုင်သည်။

ငှားရမ်းနိုင်သည့် ဧရိယာ စတုရန်းမီတာ ၁၉၂၁၃ ပါဝင်သည့် Challenger တာဝါမိုးမျှော်တိုက်ကြီး အရောင်းအဝယ်တွင် JLL အိမ်ခြံမြေကုမ္ပဏီက အကျိုးဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service