စင်္ကာပူအိမ်သစ်ရောင်းအား မတ်တွင် ၁၃၁ ဒသမ ၆ ရာခိုင်နှုန်း ပြန်လည်မြင့်တက်

စင်္ကာပူအိမ်သစ်ရောင်းအား မတ်တွင် ၁၃၁ ဒသမ ၆ ရာခိုင်နှုန်း ပြန်လည်မြင့်တက် - Property News in Myanmar from iMyanmarHouse.com
19 Apr 2019 10:24 am တွင် တင်ခဲ့သည်
882 ကြိမ် ကြည့်ရှု့ပြီး

စင်္ကာပူနိုင်ငံတွင် အိမ်သစ်ရောင်းအားသည် မတ်တွင် တစ်ဟုန်ထိုးပြန်လည်မြင့်တက်လာသည်မှာ ရောင်းအား ၁၀၅၄ အိမ်ခန်းရှိခဲ့ပြီး ဖေဖော်ဝါရီထက် ၁၃၁ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းနှင့် ပြီးခဲ့သည့်နှစ်မတ်ထက် ၄၇ ဒသမ၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းစင်္ကာပူမြို့တော်စည်ပင်သာယာရေးအာဏာပိုင်အဖွဲ့ (URA) မှ ထုတ်ပြန်သည့် developer (မြေယာဝယ်ယူ၍အဆောက်အအုံ ဆောက်လုပ်ရောင်းချရေးကုမ္ပဏီ) များ၏ရောင်းအားစစ်တမ်းအရ သိရသည်။

အစိုးရနှင့်ပုဂ္ဂလိက ဖက်စပ်ကွန်ဒိုများဖြစ်သော EC များအား ထည့်သွင်းရေတွက်ပါက developer များသည် စုစုပေါင်း ၁၀၆၂ ခန်း ရောင်းချခဲ့ရပြီး ၁၃၂ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ် ပထမသုံးလပတ် (ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်) အတွက် အိမ်သစ်ရောင်းအားသည် ၁၉၄၆ ခန်း ရောင်းအားရှိခဲ့ပြီး ကြံ့ကြံ့ခံနိုင်ဆဲဖြစ်သည်။ ယင်းရောင်းအားသည် အိမ်ခြံမြေဈေးကွက်တည်ငြိမ်စေရေးစီမံချက်များ လွန်ခဲ့သည့်တစ်နှစ်ကျော်က မစတင်ခဲ့သေးသည့် ၂၀၁၈ ခုနှစ် ပထမသုံးလပတ်ရောင်းအား ၁၅၈၁ ခန်းထက် ၂၃ ဒသမ ၁ ရာခိုင်နှုန်း မြင့်မားသည်။

မတ်တွင် ဈေးကွက်ထဲစတင်ဝင်ရောက်ခဲ့သည့် ပုဂ္ဂလိကအိမ်ခန်း ၁၈၁၂ အိမ်အနက် ၁၇၀ မှာ Core Central Region (CCR) ဒေသမှ ဖြစ်ပြီး ၅၇၆ ခန်းမှာ Rest of Central Region (RCR) မှဖြစ်ကာ ၁၀၆၆ မှာ Outside Central Region (OCR) မှ ဖြစ်ကြောင်း သိရသည်။

၎င်းစီမံကိန်းသစ်များတွင် ၂၈၉ ခန်း ရောင်းထွက်ခဲ့သည့် Treasure At Tampines၊ ၇၇ ခန်း ရောင်းထွက်ခဲ့သည့် The Florence Residences၊ ၂၆ ခန်း ရောင်းထွက်ခဲ့သည့် Boulevard 88၊ ၁၀ ခန်း ရောင်းထွက်ခဲ့သည့် One Meyer နှင့် ၆ ခန်း ရောင်းထွက်ခဲ့သည့် The Essence တို့ ပါဝင်သည်။

Boulevard 88 ၏ ၂၈ ထပ်ရှိ ၅၂၈ စတုရန်းမီတာအကျယ်အခန်းသည် စင်္ကာပူဒေါ်လာ ၂၈ သန်း (၁ စတုရန်းပေလျှင် စင်္ကာပူဒေါ်လာ ၄၉၂၇ ဒေါ်လာ) ဖြင့် ပြီးခဲ့သည့်လအတွင်း ဈေးနှုန်းအမြင့်ဆုံးရောင်းထွက်ခဲ့သည့်အခန်းဖြစ်ခဲ့သည်။ ယင်းသည် Reignwood Hamilton Scotts အိမ်ခန်းအား ၁ စတုရန်းပေလျှင် စင်္ကာပူဒေါ်လာ ၅၀၀၁ ဒေါ်လာဈေးဖြင့် ရောင်းထွက်ခဲ့သည့် ၂၀၁၃ ခုနှစ် ဇွန်နောက်ပိုင်း ဈေးနှုန်းအမြင့်ဆုံးရောင်းထွက်ခဲ့သည့် အိမ်သစ်လည်း ဖြစ်သည်။

CBRE သုတေသန၏ အရှေ့တောင်အာရှဆိုင်ရာအကြီးအကဲ ဒက်စ်မွန်ဆင်းမ်က developer များသည် လက်ကျန်များကို ဖြတ်၍ ဈေးကွက်အား ခဏအနားပေးရန် အလို့ငှာ စီမံကိန်းသစ်မိတ်ဆက်မှုများကို အရှိန်လျှော့ချမည်ဟု ခန့်မှန်းရကြောင်း သုံးသပ်ထားသည်။

ဝယ်လက်များကလည်း လာမည့်သုံးလပတ်များတွင် ဈေးနှုန်းများကျဆင်းရန်မျှော်လင့်ချက်ဖြင့် စောင့်ကြည့်မူဝါဒကို လက်ကိုင်ထားကြမည်ဟု ခန့်မှန်းရကြောင်း သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service