ပိုမိုစိမ်းလန်းသောအနာဂတ်အတွက် ဗီယက်နမ် တိုက်တွန်း

ပိုမိုစိမ်းလန်းသောအနာဂတ်အတွက် ဗီယက်နမ် တိုက်တွန်း - Property News in Myanmar from iMyanmarHouse.com
19 Apr 2019 10:03 am တွင် တင်ခဲ့သည်
661 ကြိမ် ကြည့်ရှု့ပြီး

ဗီယက်နမ်ကို လျှပ်စစ်ဓာတ်အားမပြည့်မှုအန္တရာယ်ဖြေရှင်းရေးအစီအစဉ်တစ်ရပ်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစီမံချက်များအား ဆောင်ရွက်ရန် နှိုးဆော်လိုက်သည်။

လာမည့်နှစ်များတွင် လျှပ်စစ်ဓာတ်အားလျော့နည်းပြတ်လပ်မည့် သိသာထင်ရှားသောအန္တရာယ်များကြောင့် ဗီယက်နမ်သည် သဘာဝပတ်ဝန်းကျင်ကို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် စတေးပစ်မည်မဟုတ်ကြောင်း ဒုတိယဝန်ကြီးချုပ် ထရင်ဒင်ဒွန်က နိုင်ငံပိုင်လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်း Vietnam Electricity (EVN) နှင့် အစည်းအဝေးတစ်ခုတွင် ပြောကြားခဲ့ကြောင်း VnExpress က ဖော်ပြခဲ့သည်။

"ကျောက်မီးသွေးလောင်ကျွမ်းခြင်းမှရရှိတဲ့ လျှပ်စစ်ဓာတ်အားဟာ စွမ်းအင်ဖူလုံမှုရဲ့ အဓိကအသက်သွေးကြောဖြစ်နေပေမဲ့လည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကြိုးပမ်းအားထုတ်တဲ့အနေနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ကိုက်ညီတဲ့ ကျောက်မီးသွေး ဒါမှမဟုတ် ဓာတ်ငွေ့နဲ့ ပြန်လည်ပြည့်ဖြိုးမြဲဓာတ်အားပေးစက်ရုံတွေကို တည်ထောင်ရပါမယ်" ဟုလည်း သူက ဖြည့်စွက်ပြောကြားခဲ့သေးသည်။

နျူကလီးယားဓာတ်အား၏ ကုန်ကျစရိတ်ကြီးမြင့်ခြင်း၊ ထုတ်လွှတ်မှုအကန့်

အသတ်များရှိခြင်းကြောင့်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များအား လတ်တလောတွင် ပမာဏအများအပြားထုတ်လုပ်နိုင်စွမ်းမရှိသေးခြင်း တို့ကြောင့်လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအား တိုးစေခြင်းသည် ခက်ခဲလာသည်။ နောက်ထပ်စိန်ခေါ်မှုတစ်ရပ်မှာ ဓာတ်အားပံ့ပိုးမှုနှင့် လိုအပ်မှုတို့ မမျှတခြင်းဖြစ်သည်။ လျှပ်စစ်ဓာတ်အား ကို နိုင်ငံမြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် အဓိကထုတ်လုပ်လျက်ရှိပြီး နိုင်ငံ့ဓာတ်အားလိုအပ်မှုထက်ဝက်ကျော်မှာ တောင်ပိုင်းမှ ဖြစ်သည်။

ပြန်လည်ပြင်ဆင်ရေးဆွဲထားသည့် လျှပ်စစ်ဓာတ်အားဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၇) တွင် ဖော်ပြထားသည့် ထုတ်လုပ်မည့် စုစုပေါင်း လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၆ သောင်းကို ၂၀၂၀ ပြည့်နှစ်မကုန်မီ ထုတ်လုပ်မည်ဟု ခန့်မှန်းရသည်။

၎င်းစီမံကိန်းအရ ဗီယက်နမ်တွင် ရှိလာမည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ စုစုပေါင်းတွင် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံများမှာ ၄၂ ဒသမ ၇ ရာခိုင်နှုန်းဖြစ်မည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှာ ၃၀ ဒသမ ၁ ရာခိုင်နှုန်း ရှိမည်ဖြစ်ကာ သဘာဝဓာတ်ငွေ့ဓာတ်အားပေးစက်ရုံများမှာ ၁၄ ဒသမ ၉ ရာခိုင်နှုန်းရှိမည်ဖြစ်ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဓာတ်အားပေးစက်ရုံများမှာ ၉ ဒသမ ၉ ရာခိုင်နှုန်းဖြစ်မည်ဖြစ်ကြောင်း သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service