နယူးယောက်တွင် ဝိုင်စက်ရုံ ၂ ခုပါဝင်ပြီး ဧက ၅၀ ကျယ်ဝန်းသော စပျစ်ခင်းများ၊ နေအိမ်တစ်လုံးနှင့် ခြံဝန်းအကျယ် ၉၅ ဧကရှိသော စပျစ်ခြံကြီး အရောင်းဈေးကွက်ဝင်လာ

နယူးယောက်တွင် ဝိုင်စက်ရုံ ၂ ခုပါဝင်ပြီး ဧက ၅၀ ကျယ်ဝန်းသော စပျစ်ခင်းများ၊ နေအိမ်တစ်လုံးနှင့် ခြံဝန်းအကျယ် ၉၅ ဧကရှိသော စပျစ်ခြံကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
18 Apr 2019 1:36 pm တွင် တင်ခဲ့သည်
2087 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ Long Island အရပ်မှ သာယာလှပသော North Fork ဒေသတွင် ရှေးဟောင်းသမိုင်းဝင် စပျစ်ခြံကြီးတစ်ခု အရောင်းဈေးကွက်ဝင်လာသည်။

စပျစ်ခြံကြီး၏ ပိုင်ရှင်မှာ ရုပ်ရှင်သမိုင်းတစ်လျှောက် အောင်မြင်မှုအရဆုံး ရုပ်ရှင်ဇာတ်ကားများတွင် တစ်ခုအပါအဝင်ဖြစ်သည့် ကမ္ဘာကျော် Lord of the Rings” trilogy ရုပ်ရှင်ထုတ်လုပ်ခဲ့သည့် New Line Cinema ကုမ္ပဏီ ဥက္ကဌ မိုက်ကယ်လင်းဖြစ်ပြီး ဝိုင်စက်ရုံများ၏ ပိုင်ရှင်လည်းဖြစ်ပြီး ယခုအခါ ဝယ်လက်ရှာဖွေလာခြင်း ဖြစ်သည်။

၉၅ ဧကကျယ်ဝန်းသော ခြံဝန်းကြီးတွင် ယာတောအိမ်တစ်လုံးနှင့် မြေကွက် ၅ ခု ပေါင်းစည်းပါဝင်ပြီး ခေါ်ဈေးမှာ ကန်ဒေါ်လာ ၁၇ ဒသမ ၉ သန်း ဖြစ်သည်။

ဤခြံဝန်းကြီးသည် Bedell Cellars ဝိုင်ကိုထုတ်လုပ်သည့်နေရာဖြစ်ပြီး Corey Creek Vineyards ဝိုင်စက်ရုံလည်း အရောင်းစာရင်းတွင် ပါဝင်သည်။

Bedell သည် ဒေသတွင်းတွင် ၃၅ နှစ်ခန့် ထုတ်လုပ်ခဲ့သည့် ဝိုင်ဖြစ်ပြီး မည်သည့်ဝိုင်နှင့်မျှမတူသည့် တမူထူးခြားသော နည်းလမ်းများဖြင့် ထုတ်လုပ်သည်ဟု ဆိုသည်။

အဆိုပါခြံထွက်ဝိုင်အရသာနှင့် စပ်လျဉ်း၏၍ ဆုတံဆိပ်များ၊ ချီးမွမ်းဝေဖန်မှုများစွာ ရရှိထားသည်။

ခြံဝန်းကြီးအတွင်း စပျစ်ခင်း ဧက ၅၀ နှင့် ဝိုင်စက်ရုံတို့ ပါဝင်ကာ ဝိုင်စက်ရုံတွင် အရသာစမ်းသပ်ခန်း၊ ထုတ်လုပ်ရေးပစ္စည်းများ၊ ထိန်းချုပ်လည်ပတ်ရာဂိုဒေါင်တစ်ခု၊ အသုံးမပြုရသေးသည့် လူနေဧရိယာမြေ ၄ ဧကတို့ ဖွဲ့စည်းပါဝင်သည်။

နေအိမ်ကိုမြေ ၂ ဒသမ ၆ ဧက အကျယ်အဝန်းပေါ်တွင် ဆောက်လုပ်ထားပြီး နေအိမ်အကျယ်အဝန်း ၁၈၀၀ စတုရန်းပေရှိကာ အိပ်ခန်း ၄ ခန်းပါဝင်သည်။

အဆိုပါနေအိမ်ကို အမျိုးသားသမိုင်းဝင်နေရာများ မှတ်ပုံတင်စာရင်းတွင် ဖော်ပြခံထားရသည်။

ပရိဘောဂအပြည့်အစုံထည့်သွင်းထားပြီး နေအိမ်တစ်ခုလုံးပြန်လည်မွမ်းမံထားပြီဖြစ်ကာ အတွင်းပိုင်းဒီဇိုင်းများကို ဗီစင်တီ ဝုဖ်က မွမ်းမံပေးထားခြင်းဖြစ်သည်။

ခြံဝန်းအတွင်း နှစ်ပေါင်း ၁၅၀ သက်တမ်းရှိ မေပယ်လ်ပင်ကြီးတစ်ပင်လည်း ပါဝင်ပြီး မြေယာအလှပြုပြင်မှုကို အက်ဒ် ဟော်လန်ဒါက ပြုလုပ်ပေးထားသည်။

Corey Creek Vineyards ဝိုင်စက်ရုံတွင် အခြားသောပစ္စည်းကိရိယာများနှင့် စပျစ်ခင်း ၂၃ ဧက ပါဝင်ပြီး အရသာစမ်းသပ်ခန်းနှင့် ပွဲလမ်းများကျင်းပရာ အဆောက်အအုံလည်း ပါဝင်သေးသည်။

Bedell ဝိုင်ခြံကြီးသို့ ဝိုင်အရသာမြည်းစမ်းရန် နှစ်စဉ်လာရောက်လည်ပတ်သူပေါင်း ၁၀၀၀၀၀ ကျော်ရှီပြီး နွေရာသီတိုင်းတွင် လူပေါင်း ၂၀၀ ကျော်တက်ရောက်သည့် မင်္ဂလာပွဲပေါင်း ၂၅ ခုခန့် လက်ခံကျင်းပပေးလေ့ရှိသည်။

Bedell စပျစ်ခြံကြီးတွင် ဝိုင်ကလပ်အဖွဲ့ဝင်ပေါင်း ၂၀၀၀ ကျော်ရှိပြီး အမေရိကရှိ ပြည်နယ်ပေါင်း ၁၂ ခုနှင့် နယူးယောက်မြို့မှ မန်ဟက်တန်၊ လောင်းအိုင်းလန်းနှင့် ဟမ့်ပ်တန်အရပ်တို့ရှိ စားသောက်ဆိုင်ပေါင်း ၂၅၀ ကျော်သို့ ဝိုင်များဖြန့်ဖြူးပေးနေရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service