စင်္ကာပူစီးပွားရေးဖွံ့ဖြိုးမှု ပထမသုံးလပတ်အတွင်း ၁ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်း

စင်္ကာပူစီးပွားရေးဖွံ့ဖြိုးမှု ပထမသုံးလပတ်အတွင်း ၁ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်း - Property News in Myanmar from iMyanmarHouse.com
18 Apr 2019 11:36 am တွင် တင်ခဲ့သည်
881 ကြိမ် ကြည့်ရှု့ပြီး

စင်္ကာပူစီးပွားရေးဖွံ့ဖြိုးမှုသည် ပြီးခဲ့သည့်နှစ်ပထမသုံးလပတ်ထက် ယခုနှစ်ပထမသုံးလပတ်(၂၀၁၉ ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်) အတွင်း ၁ ဒသမ ၃ ရာခိုင်နှုန်း နှေးကွေးခဲ့သည်။ အထူးသဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးမှုက ၁ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဝန်ဆောင်မှုကဏ္ဍဖွံ့ဖြိုးမှုကမူ ၂ ဒသမ ၁ ရာခိုင်နှုန်းသို့ တိုးတက်ခဲ့သည်။

၂၀၁၈ စတုတ္ထသုံးလပတ်ဖွံ့ဖြိုးနှုန်း ၁ ဒသမ ၉ ရာခိုင်နှုန်းအောက်လည့်း နည်းကြောင်း စင်္ကာပူကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန (MTI) က ထုတ်ပြန်ခဲ့သည်။

ဆောက်လုပ်ရေးကဏ္ဍကမူ ၁ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည့် ပြီးခဲ့သည့်သုံးလပတ်နှင့် ပြောင်းပြန်ဖြစ်ခဲ့သည်။ သုံးလပတ် ၁၀ ခုဆက်တိုက်ကျဆင်းပြီးနောက် ပြန်လည်မြင့်တက်ခဲ့သည့် ပထမဆုံးသုံးလပတ်လည်း ဖြစ်သည်။

"ဆောက်လုပ်ရေးကဏ္ဍပြန်လည်နာလန်ထူလာတာဟာ ပုဂ္ဂလိဆောက်လုပ်ရေး ကဏ္ဍလှုပ်ရှားမှုတွေတိုးတက်လာတာကြောင့်ပါ။" ဟု MTI က ထုတ်ပြန်ခဲ့သည်။

ဆောက်လုပ်ရေးကဏ္ဍသည် နောက်ဆုံးတွင် ပြန်လည်နာလည်ထူလာပြီ ဖြစ်သည်ဟု DBS ဘဏ်မှ အကြီးတန်းစီးပွားရေးပညာရှင် အာဗင်ဆီအာက မှတ်ချက်ပြုခဲ့ကြောင်း CNA သတင်းဌာနက ဖော်ပြခဲ့သည်။

စီးပွားရေးကောင်းမည့်အလားအလာနည်းပါးခြင်းကို ထောက်ရှုကာ စီးပွားရေးပညာရှင်အချို့က စင်္ကာပူအတွက် သူတို့၏ ၂၀၁၉ စီးပွားရေးဖွံ့ဖြိုးမှုခန့်မှန်းချက်များကို ပြန်လည်လျှော့ချခဲ့ကြသည်။

OCBC ဘဏ်က ၎င်း၏ ၂၀၁၉ ခုနှစ် ဂျီဒီပီတိုးတက်မှုခန့်မှန်းချက်အား ၂ ရာခိုင်နှုန်းမှ ၁ ဒသမ ၈ ရာခိုင်နှုန်းသို့ ပြန်လည်ပြန်ဆင်ခဲ့ကာ DBS က ၂ ဒသမ ၆ ရာခိုင်နှုန်းသို့ လျှော့ချခဲ့သည်။

ထိုပထမသုံးလပတ်စင်္ကာပူစီးပွားရေးဖွံ့ဖြိုးမှုအခြေအနေသည် တရုတ်မှ မူဝါဒများစွာနှင့် ကမ္ဘာ့စီးပွားရေးအခြေအနေပြန်လည်တိုးတက်စေရေးအလို့ငှာ ကမ္ဘာ့ဗဟိုဘဏ်များမှ တည်ငြိမ်သောငွေကြေးဆိုင်ရာမူဝါဒတစ်ရပ်ကို ထုတ်ပြန်ခဲ့စဉ် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပေသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service