ကမ္ဘာ့ဒုတိယဈေးအကြီးဆုံးအိမ်ရာဈေးကွက် စင်္ကာပူဖြစ်ဆဲ

ကမ္ဘာ့ဒုတိယဈေးအကြီးဆုံးအိမ်ရာဈေးကွက် စင်္ကာပူဖြစ်ဆဲ - Property News in Myanmar from iMyanmarHouse.com
18 Apr 2019 10:44 am တွင် တင်ခဲ့သည်
1053 ကြိမ် ကြည့်ရှု့ပြီး

စင်္ကာပူသည် ဟောင်ကောင်ပြီးလျှင် ကမ္ဘာ့ဒုတိယဈေးအကြီးဆုံးလူနေအိမ်ခြံမြေဈေးကွက်အဖြစ် ထပ်မံရပ်တည်လိုက်ပြန်ပြီဖြစ်ကြောင်း ကမ္ဘာ့အဓိကမြို့ကြီး ၃၅ မြို့၌ စစ်တမ်းကောက်ယူဆန်းစစ်ထားသည့် ပုဂ္ဂလိကလူနေအိမ်ခြံမြေ CBRE အစီရင်ခံစာတစ်စောင်က ဖော်ပြခဲ့သည်။

ဟောင်ကောင်သည် ပျမ်းမျှအိမ်ဈေး ၁ စတုရန်းပေလျှင် အမေရိကန်ဒေါ်လာ  ၂,၀၉၁ ဒေါ်လာဖြင့် ကမ္ဘာ့နံပါတ် ၁ ဈေးအကြီးဆုံးနေရာကို ထိန်းသိမ်းထားဆဲဖြစ်သည်။ စင်္ကာပူ၌ ပျမ်းမျှအိမ်ဈေးမှာ ၁ စတုရန်းပေလျှင် အမေရိကန်ဒေါ်လာ ၁,၀၆၃ ဒေါ်လာ ဖြစ်သည်။

ရှန်ဟိုင်းကလည်း ပျမ်းမျှအိမ်ဈေး ၁ စတုရန်းပေလျှင် အမေရိကန်ဒေါ်လာ ၇၁၄ ဒေါ်လာဖြင့် တတိယဈေးအကြီးဆုံးအိမ်ရာဈေးကွက်ဖြစ်ဆဲဖြစ်သည်။

"ဘဏ္ဍာရေးအချက်အချာနေရာတစ်ခုဖြစ်တဲ့ စင်္ကာပူဟာ ပြည့်ဝကျွမ်းကျင်မှုရှိတဲ့ အစွမ်းအစရှိသူတို့ရှိရာနေရာ၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရလွယ်ကူတဲ့နေရာ၊ ပထမတန်းအခြေခံအဆောက်အအုံ၊ စီးပွားရေးနဲ့ နိုင်ငံရေးတည်ငြိမ်မှုတို့ကြောင့်လည်း ကျော်ကြားပါတယ်။ စင်္ကာပူဟာ နိုင်ငံပေါင်းစုံကုမ္ပဏီတွေအတွက် သူတို့ရဲ့ဒေသတွင်းဌာနချုပ်ကို တည်ထောင်ဖို့ အရမ်းအဆင်ပြေတဲ့နေရာတစ်ခုဖြစ်လာပါတယ်။" ဟုလည်း အရှေ့တောင်အာရှရှိ CBRE သုတေသနခေါင်းဆောင် ဒက်စ်မွန်ဆင်းမ်က ပြောကြားခဲ့သည်။

စင်္ကာပူရှိ ပျမ်းမျှဈေးနှုန်းမြင့်တက်နှုန်းက ၁ ဒသမ ၁ ရာခိုင်နှုန်း၊  ဟောင်ကောင်ရှိ ပျမ်းမျှဈေးနှုန်းမြင့်တက်နှုန်းက ၅ ဒသမ ၅ ရာခိုင်နှုန်းနှင့် ရှန်ဟိုင်းရှိ ပျမ်းမျှဈေးနှုန်း မြင့်တက်နှုန်းက ၁၁ ဒသမ ၂ ရာခိုင်နှုန်း ပိုမိုနှေးကွေးလာကြောင်း အဆိုပါအစီရင်ခံစာအရ သိရသည်။

ယင်းထိပ်တန်းမြို့ပြသုံးခုစလုံးက အိမ်ဈေးနှုန်းများအား ထိန်းချုပ်ရန် ဈေးကွက်တည်ငြိမ်စေရေးစီမံချက်များကို အသက်သွင်းထားကြသည်။

၂၀၁၇ ခုနှစ် တတိယသုံးလပတ်ကတည်းက သီတင်းပတ်ငါးပတ်ဆက်တိုက် ဈေးနှုန်းဖွံ့ဖြိုးမှု အားကောင်းခဲ့သည့် စင်္ကာပူတွင် ယမန်နှစ်က ဈေးကွက်တည်ငြိမ်စေရေးစီမံချက်သစ်များစတင်မှုကြောင့် ၂၀၁၉ ခုနှစ် ပထမသုံးလပတ်တွင် ဈေးနှုန်းမြင့်တက်မှုသည် ဒုတိယမြောက်သုံးလပတ်အဖြစ် ဆက်တိုက်ကျဆင်းခဲ့ကြောင်းလည်း ဆင်းမ်က ပြောကြားခဲ့သည်။

"ရောင်းလိုအားများလာပြီး ဝယ်လိုအားလျော့လာတာကြောင့် ဈေးနှုန်းတွေဟာ ယခုနှစ်မှာ ဆက်ငြိမ်နေနိုင်ပါတယ်" ဟုလည်း သူက ဖြည့်စွက်ပြောကြားခဲ့သည်။

ဈေးအကြီးဆုံးဈေးကွက် ၁၀ ခုထဲတွင်ပါဝင်သော အခြားအာရှမြို့များမှာ ရှင်းကျန်း (နံပါတ် ၅) နှင့် ပေကျင်း (နံပါတ် ၉) တို့ဖြစ်ကြသည်။ ကျန်မြို့များမှာ ဗန်ကူးဗား (နံပါတ် ၄)၊ လော့စ်အိန်ဂျလိစ် (နံပါတ် ၆)၊ နယူးယော့ (နံပါတ် ၇) နှင့် ပဲရစ် (နံပါတ် ၁၀) တို့ဖြစ်ကြောင်း သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service