အာရှ-ပစိဖိတ်ကုန်သွယ်ရေးအိမ်ခြံမြေထိပ်တန်းဝယ်လက်မှာ အမေရိကန်ရင်းနှီးမြှုပ်နှံသူများဖြစ်

အာရှ-ပစိဖိတ်ကုန်သွယ်ရေးအိမ်ခြံမြေထိပ်တန်းဝယ်လက်မှာ အမေရိကန်ရင်းနှီးမြှုပ်နှံသူများဖြစ် - Property News in Myanmar from iMyanmarHouse.com
18 Apr 2019 10:23 am တွင် တင်ခဲ့သည်
749 ကြိမ် ကြည့်ရှု့ပြီး

အာရှပစိဖိတ်ဒေသသည် စီးပွားရေးဖွံ့ဖြိုးမှု၌ အဓိကဇာတ်ကောင်တစ်ခုအဖြစ် ဆက်လက်ဖြစ်တည်လာခြင်းကြောင့် ၎င်းဒေသအိမ်ခြံမြေဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမှုသည်လည်း အားကောင်းစွာမြင့်တက်လာသည်။

လက်ရှိတွင် အမေရိကန်ရင်းနှီးမြှုပ်နှံသူများသည် အာရှ-ပစိဖိတ်အိမ်ခြံမြေ ဈေးကွက်၏ ထိပ်တန်းဝယ်လက်များ ဖြစ်ကြသည်။

အမေရိကန်ရင်းနှီးမြှုပ်နှံသူများသည် ၂၀၁၉ ခုနှစ် ပထမသုံးလပတ်၌ အာရှပစိဖိတ်ရှိ ကုန်သွယ်ရေးအိမ်ခြံမြေများတွင် အကြီးဆုံးရင်းနှီးမြှုပ်နှံသူများ

ဖြစ်သည်ဟု နယူးယောက်အခြေစိုက်အချက်အလက်ပံ့ပိုးရေးကုမ္ပဏီ Real Capital Analytics က ထုတ်ပြန်လိုက်ကြောင်း South China Morning Post ဟောင်ကောင်သတင်းစာက ဖော်ပြခဲ့သည်။

အာရှသို့ ငွေအလုံးအရင်းအကြီးမားဆုံးတင်ပို့သူများမှာ အမေရိကန်ရင်းနှီး မြှုပ်နှံသူများဖြစ်ကြောင်း Real Capital Analytics မှ အာရှပစိဖိတ်ရေးရာ အကြီးတန်းဒါရိုက်တာ ပီထရာဘလာဇကိုဗာက ပြောကြားခဲ့သည်။

ယခုနှစ် အာရှပစိဖိတ်အိမ်ခြံမြေဈေးကွက်များတွင် အမေရိကန်ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၃ ဒသမ ၂ ဘီလျံသို့ မြင့်တက်ခဲ့ကြောင်း အဆိုပါကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဟောင်ကောင်က အမေရိကန်ဒေါ်လာ ၃ ဒသမ ၁ ဘီလျံဖြင့် အာရှပစိဖိတ်အိမ်ခြံမြေဈေးကွက်များသို့ ဒုတိယအများဆုံးရင်းနှီးမြှုပ်နှံသူဖြစ်ကာ စင်္ကာပူက အမေရိကန်ဒေါ်လာ ၆၃၆ သန်းဖြင့် တတိယအများဆုံးရင်းနှီးမြှုပ်နှံသူဖြစ်သည်။ သြစတြေးလျက အမေရိကန်ဒေါ်လာ ၅၂၈ သန်းဖြင့် စတုတ္ထအများဆုံးရင်းနှီးမြှုပ်နှံသူဖြစ်ပြီး တရုတ်ပြည်မကြီးက အမေရိကန်ဒေါ်လာ ၅၂၂ သန်းဖြင့် ပဉ္စမအများဆုံးရင်းနှီးမြှုပ်နှံသူဖြစ်သည်။

"အာရှပစိဖိတ်ဒေသက ကမ္ဘာ့ဖွံ့ဖြိုးမှုအင်ဂျင်ဖြစ်တာကြောင့် အာရှပစိဖိတ်မှာ ရင်းနှီးမြှုပ်နှံတာဟာ အမျိုးမျိုးအထွေထွေသော အကျိုးကျေးဇူးတွေ ရရှိပါတယ်။ အာရှပစိဖိတ်ကလည်း စွန့်စားမှုနဲ့ အမြတ်အစွန်းအဆင့်အမျိုးမျိုးရှိတဲ့ အမျိုးမျိုးအထွေထွေသောဈေးကွက်တွေကို ပေးပါတယ်။" ဟု JLL မှ အာရှပစိဖိတ်ငွေအရင်းအနှီးဈေးကွက်သုတေသနအကြီးအကဲ နီကိုးလက်စ်ဝီလ်ဆင်က ပြောကြားခဲ့သည်။

"အရှေ့တောင်အာရှ၊ တရုတ်နဲ့ အိန္ဒိယတို့မှာ ဖွံ့ဖြိုးမှုဈေးကွက်တွေ အများကြီးပိုရှိပါတယ်။ စင်္ကာပူ၊ ဟောင်ကောင်နဲ့ ရှန်ဟိုင်းတို့မှာဆို ဘဏ္ဍာရေးဗဟိုဌာနတွေရှိတာတွေ့ရပါတယ်" ဟု လည်း ဝီလ်ဆင်က ပြောကြားခဲ့သေးသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service