ကမ္ဘာကျော်အီတလီဖက်ရှင်အမှတ်တံဆိပ် Prada နှင့် ပြင်သစ်အမှတ်တံဆိပ် Dior တို့၏ မော်ဒယ်အဖြစ် လူသိများသူ နာမည်ကြီး ရုရှားမော်ဒယ် ပီဗိုဗာရိုဗာက အမေရိကန်ရှိ နေအိမ်ကို တစ်လလျှင် ကန်ဒေါ်လာ ၇၀၀၀ ဖြင့် အငှားဈေးကွက်တင်

ကမ္ဘာကျော်အီတလီဖက်ရှင်အမှတ်တံဆိပ် Prada နှင့် ပြင်သစ်အမှတ်တံဆိပ် Dior တို့၏ မော်ဒယ်အဖြစ် လူသိများသူ နာမည်ကြီး ရုရှားမော်ဒယ် ပီဗိုဗာရိုဗာက အမေရိကန်ရှိ နေအိမ်ကို တစ်လလျှင် ကန်ဒေါ်လာ ၇၀၀၀ ဖြင့် အငှားဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
12 Apr 2019 12:42 pm တွင် တင်ခဲ့သည်
1300 ကြိမ် ကြည့်ရှု့ပြီး

ရုရှားမော်ဒယ် ဆာရှာ ပီဗိုဗာရိုဗာသည် ကမ္ဘာကျော်အီတလီဖက်ရှင်အမှတ်တံဆိပ် Prada နှင့် ပြင်သစ်အမှတ်တံဆိပ် Dior တို့၏ မော်ဒယ်အဖြစ် လူသိများသူဖြစ်သည်။

ပီဗိုဗာရိုဗာသည် အဆိုပါအမှတ်တံဆိပ်များအပြင် Chanel, Yves Saint Laurent,Chloé, Hugo Boss, Giorgio Armani,Denim,Shiseido, Olay တို့အပြင် အခြား ကမ္ဘာကျော်အမှတ်တံဆိပ်များစွာ၏ ကြော်ငြာများတွင်လည်း ပါဝင်ခဲ့ဖူးသည်။

အမေရိကန်၊ ဗြိတိန်၊ အီတလီ၊ ပဲရစ်၊ ရုရှား၊ ဂျပန်၊ ကိုရီးယား၊ မက္ကဆီကို၊ တရုတ်နှင့် သြစတေးလျတို့တွင် ထုတ်ဝေသော Vogue မဂ္ဂဇင်းများ၏ မျက်နှာဖုံးများတွင် ပါဝင်ခဲ့ဖူးသည်။

ယခုအခါ ပီဗိုဗာရိုဗာက အမေရိကန်ပြည်ထောင်စုရှိ သူ၏ triplex နေအိမ်ကို အငှားဈေးကွက်တင်လာသည်။

တည်နေရာမှာ အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားပြည်နယ်၊ ဝီလျံစ်ဘာ့ဂ်ျမြို့၊ ဘရော့ဝေးလမ်း၊ အမှတ် ၁၃၈ တွင် တည်ရှိသည်။

ဝီလျံစ်ဘာ့ဂ်ျသည် အမေရိကန်တော်လှန်ရေးသမိုင်းတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး ၁၆၉၉ ခုနှစ်မှ ၁၇၈၀ ပြည့်နှစ်အထိ ပြည်နယ်မြို့တော်ဖြစ်ခဲ့ဖူးသည်။

ပီဗိုဗာရိုဗာသည် ပန်းချီဆရာမတစ်ဦးလည်းဖြစ်ပြီး ဝီလျံစ်ဘာ့ဂ်ျမြို့ရှိ နေအိမ်တွင် ခင်ပွန်းဖြစ်သူ ဓာတ်ပုံဆရာ အိုင်ဂေါ ဗစ်ရှ်ညာကော့ဗ် နှင့်အတူ ၁၀ နှစ်ခန့် နေထိုင်ခဲ့ဖူးသည်။

အဆိုပါနေအိမ်တွင်ပင် သမီးဖြစ်သူ မီယာကို ပြုစုပျိုးထောင်ခဲ့သည်။

နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၂၅၀၀ ရှိပြီး ငှားရမ်းခအဖြစ် တစ်လလျှင် ကန်ဒေါ်လာ ၇၀၀၀ ဈေးခေါ်ထားသည်။

လမ်းထောင့်တွင် တည်ရှိသော အဆောက်အအုံဖြစ်ပြီး လူနေရန်နှင့် အရောင်းပြခန်းများ ပြုလုပ်နိုင်သည်။

မျက်နှာကြက်များမှာ ၁၅ ပေခန့်မြင့်မားပြီး၊ သစ်မာသားကြမ်းခင်းများ၊ ကော်လံတိုင်များ၊ နံရံကပ်ပုံစံ မီးဖိုဆောင်၊ ကြမ်းပြင်မှ မျက်နှာကြက်ထိမြင့်မားသော ပြတင်းပေါက်များဖြင့် ဖွဲ့စည်းထားသည်။

၁၈၈၄ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံဖြစ်ပြီး အပြာရောင် သံကြွပ်မျက်နှာစာ တပ်ဆင်ထားမှုမှာ ထင်ရှားသည့် အမှတ်အသားတစ်ခု ဖြစ်၏။ အမိုးပေါ်တွင် လသာဆောင်ကျယ်တစ်ခု ထည့်သွင်းပေးထားရာ မန်ဟက်တန်နှင့် ဘရွတ်ကလင်းအရပ်တို့၏ မြင်ကွင်းကျယ်အလှများ တွေ့မြင်ခံစားနိုင်သည်။

မြေညီထပ်တွင် ပန်းဥယျာဉ်တစ်ခု ထည့်သွင်းပေးထားပြီး အထပ်တိုင်းတွင် အဝတ်လျှော်ခန်း ပါဝင်သည်။

ပီဗိုဗာရိုဗာသည် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ဟန်ရပြီး သူ၏နေအိမ်အတွင်း ဗုဒ္ဓဆင်းတုတော်တစ်ခုလည်း တွေ့ရသည်။

အိပ်ခန်းဆောင်ကို မွမ်းမံထားမှုမှာလည်း ရှေးဟောင်းအရှေ့တိုင်းဟန်ဖြင့် တွေ့ရသည်။

ဈေးကွက်တင်ပေးသည်မှာ Douglas Elliman အိမ်ခြံမြေကုမ္ပဏီမှ ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service