သင်္ကြန်ပွဲတော်ကာလအတွင်း မန္တလေးကျုံးဘေးလမ်းမကြီးများတွင် ရွေ့လျားဈေးရောင်းချမှုကို ကန့်သတ်ထားပြီး ရွေ့လျားဈေးရောင်းချသူများအား စည်ပင်မှ စနစ်တကျ ခွင့်ပြုချထားပေးမည်

သင်္ကြန်ပွဲတော်ကာလအတွင်း မန္တလေးကျုံးဘေးလမ်းမကြီးများတွင် ရွေ့လျားဈေးရောင်းချမှုကို ကန့်သတ်ထားပြီး ရွေ့လျားဈေးရောင်းချသူများအား စည်ပင်မှ စနစ်တကျ ခွင့်ပြုချထားပေးမည် - Property News in Myanmar from iMyanmarHouse.com
12 Apr 2019 9:51 am တွင် တင်ခဲ့သည်
2775 ကြိမ် ကြည့်ရှု့ပြီး

သင်္ကြန်ပွဲတော်ကာလအတွင်း မန္တလေးကျုံးလေးပတ်လည်ရှိ အဓိကလမ်းမကြီးများတွင် ရွေ့လျားဈေးရောင်းချမှုအား ကန့်သတ်ထားပြီး ကန့်သတ်ဧရိယာပြင်ပ ရောင်းချလိုသူများအနေဖြင့် စည်ပင်သာယာရေးကော်မတီမှ စနစ်တကျ ခွင့်ပြုချထားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့ မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော်ကာလအတွင်း ကျုံးမြောက်ဘက် ၁၂ လမ်း၊ ကျုံးအရှေ့ဘက် ၆၆ လမ်း၊ ကျုံးတောင်ဘက် ၂၆ လမ်း၊ ကျုံးအနောက်ဘက်လမ်း ၈၀ စသည့် အဓိကလမ်းမကြီးများ၊ ၆၅ လမ်း နှင့် ၆၆ လမ်းကြားရှိ ၁၄ လမ်းမှ ၂၆ လမ်းအထိ လမ်းများ၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြားရှိ ၆၆ လမ်းမှ ၇၈ လမ်းအထိ လမ်းများ၊ ၂၇ လမ်းတစ်လျှောက် ၆၆ လမ်းနှင့် ၇၈ လမ်းကြား စသည့် လမ်းများတွင် ဈေးရောင်းချခြင်းမပြုရန် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက အသိပေးကြေညာထားသည်။

သတ်မှတ်ဧရိယာပြင်ပတွင် ဈေးရောင်းချလိုသူများအနေဖြင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီသို့ လျှောက်ထားရမည်ဖြစ်ပြီး ရောင်းချသည့် ဈေးသည်များသည် ရွေ့လျားစနစ်ဖြင့် ရောင်းချရမည်ဖြစ်ရာ ငါးပေအကျယ်ရှိသည့် ဆိုင်ခန်းတစ်ခန်းကို ငွေကျပ် ၁၀၀၀၀၊ ရှစ်ပေအကျယ်ရှိသည့် ဆိုင်ခန်း တစ်ခန်းကို ငွေကျပ် ၁၅၀၀၀၊ ရှစ်ပေနှင့် အထက် ဆိုင်ခန်းများကို ငွေကျပ် ၂၀၀၀၀ သတ်မှတ်ထားကြောင်း သိရသည်။

“သင်္ကြန်မှာ ခေါင်းရွက်ဗျပ်ထိုးနဲ့ ရောင်းတဲ့ ဈေးသည်ရှိသလို တွန်းလှည်းနဲ့ရောင်းတဲ့ ဈေးသည်တွေလည်းရှိပါတယ်။ အဲဒီဈေးသည်တွေကို လိုင်စင်လုပ်ပေးမှာဖြစ်ပါတယ်၊ ဘာလိုလိုင်စင်လုပ်ပေးရလဲဆိုရင် စည်းကမ်းသတ်မှတ်ချက်လေးတွေကို သိစေချင်လို့ပါ၊ တစ်နေရာတည်းမှာ စုပြုံပြီး များနေမယ့်အစား ဥပမာ တစ်ပြအတွင်းမှာ ၁၀ ဆိုင်ပဲ ဖွင့်ခွင့်ပေးမယ်ဆိုရင် ၁၀ ဆိုင်ပဲ လိုင်စင်ပေးမှာဖြစ်ပါတယ်” ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားသည်။

ရောင်းချလိုသူများအနေဖြင့် လိုင်စင်လျှောက်ထားရမည်ဖြစ်ကာ ဈေးရောင်းချခွင့် လည်ဆွဲကတ်ပြားများ ထုတ်ပေးသွားမည်ဖြစ်သည်။ ရောင်းချခွင့်ရရှိသော ဈေးသည်များအနေဖြင့် စာရွက်စာတမ်းကြေးအဖြစ် ပေးသွင်းရမည်ဖြစ်ပြီး သတ်မှတ်စည်းကမ်းများအား လိုက်နာ၍ သတ်မှတ်နေရာတွင်သာ ဈေးရောင်းချရမည်ဖြစ်ကြောင်းသိရသည်။

ယခုနှစ်သင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန်အဖြစ် ကျုံးအရှေ့ဘက်နှင့် ကျုံးတောင်ဘက်ခြမ်းများတွင် ကျင်းပသွားမည်ဖြစ်ကာ လမ်းလျှောက်သင်္ကြန်ဧရိယာအတွင်း၌ စားသောက်ဖွယ်ရာများ ရောင်းချမည့် တောသင်္ကြန်နေ့ဈေး၊ ညဈေး ဈေးတန်းထည့်သွင်းထားကာ ယင်းဈေးတန်းတွင် ဒေသထွက် အစားအစာများနှင့် မြန်မာ့ရိုးရာ အစားအစာ ရောင်းချသည့် ဆိုင်ခန်းများရှိမည်ဖြစ်ကြောင်း သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်

Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်

အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ

ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ

အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ

လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန

ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး

အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။

Mingalar Market
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service