ကန်ထရိုက်တိုက်များကို စနစ်တကျထိန်းသိမ်းနိုင်ရန် Apartment Law ရေးဆွဲနေပြီး ထပ်မံတည်ဆောက်မည့် တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာများကို အဆိုပါဥပဒေဘောင်အတွင်း၌သာ တည်ဆောက်သွားရမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား

ကန်ထရိုက်တိုက်များကို စနစ်တကျထိန်းသိမ်းနိုင်ရန် Apartment Law ရေးဆွဲနေပြီး ထပ်မံတည်ဆောက်မည့် တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာများကို အဆိုပါဥပဒေဘောင်အတွင်း၌သာ တည်ဆောက်သွားရမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား - Property News in Myanmar from iMyanmarHouse.com
11 Apr 2019 12:43 pm တွင် တင်ခဲ့သည်
2063 ကြိမ် ကြည့်ရှု့ပြီး

ကန်ထရိုက်တိုက်များကို စနစ်တကျ ထိန်းသိမ်းနိုင်ရန် Apartment Law ကို ရေးဆွဲနေပြီး ထပ်မံတည်ဆောက်မည့် တန်ဖိုးသင့်၊ တန်ဖိုးနည်းအိမ်ရာများကိုလည်း အဆိုဥပဒေဘောင်အတွင်း တည်ဆောက်သွားရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ဧပြီ ၆ ရက်က Pan Pacific Hotel တွင်ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ တည်ထောင်သူလုပ်ငန်းလိုင်စင်ပေး အပ်ပွဲအခမ်းအနားတွင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကန်ထရိုက်တွေက ဆောက်ထားတဲ့ အိမ်တွေကိုလည်း စနစ်တကျပြုပြင်ထိန်း သိမ်းစောင့်ရှောက်ပြီးတော့ တည်ထောင်တဲ့ သူတွေကိုလည်း စနစ်တကျဆောင်ရွက်သွားနိုင်ဖို့အတွက် Apartment Law တစ်ခုလည်း လိုအပ်ပါတယ်။ နောင်မကြာခင်မှာ ကျွန်တော်တို့ တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာတွေ ထပ်မံတည်ဆောက်မယ်ဆိုလို့ရှိရင် ဒီအိမ်ရာတွေကို Apartment Law ထဲကနေတစ်ဆင့် ဆောင်ရွက်သွားကြဖို့ လိုအပ်မှာဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

လက်ရှိတွင် အဆင့်မြင့်တိုက်ခန်းများကို စနစ်တကျတည်ဆောက်နိုင်ရန်အတွက် စုပေါင်းပိုင်အဆောက်အအုံ (ကွန်ဒိုမီနီယံ) ဥပဒေထွက်ရှိလာပြီ ဖြစ်သည်။ အဆင့်မြင့် တိုက်ခန်းများနည်းတူ တန်ဖိုးနည်း၊ တန်ဖိုးသင့် တိုက်ခန်းများကို ထိန်းသိမ်းနိုင်မည့်ဥပဒေ တစ်ခုလိုအပ်နေကြာင်း သိရသည်။

“အခုကွန်ဒိုမီနီယံဥပဒေ (စုပေါင်းပိုင် အဆောက်အအုံဥပဒေ) လိုပဲ Apartment Law ကလည်း အရေးကြီးတဲ့ကဏ္ဍတစ်ခုမှာ ရှိပါတယ်။ ဒီဥပဒေတွေပေါ်ထွန်းလာဖို့အတွက် ကျွန်တော်တို့ အမြန်ဆုံးကြိုးစားဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ဒါတွေပေါ်ထွန်းလာမယ်ဆိုရင် လက်ရှိအဆောက်အအုံဟောင်းတွေကို ပြန်လည်ထိန်းသိမ်းဆောင်ရွက်နိုင်ဖို့အတွက် ဒီအိမ်ရာမှာနေထိုင်တဲ့ သူတွေကိုလည်း စုစည်းပေးနိုင်တဲ့ အခြေအနေတစ်ခု ရှိလာမှာဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ရန်ကုန်မြို့အတွင်းရှိ တိုက်ခန်းအများစုသည် ကန်ထရိုက်စနစ်ဖြင့် တည်ဆောက်ခဲ့သဖြင့် တစ်ဦးတစ်ယောက်ချင်းသာ အခန်းပိုင်ဆိုင်နေကြခြင်းဖြစ်သည်။ ထို့ကြောင့် တိုက်ခန်းနေအိမ်များမှာ စတင်တည်ဆောက်စဉ်က ဆေးသုတ်ပြီး အချိန်ကစတင်ကာ ထပ်မံပြုပြင်ထိန်းသိမ်းရာတွင် အခက်အခဲများရှိကာ တစ်ပြေးညီတူညီမှုမရှိကြောင်း သိရသည်။

“ရန်ကုန်မြို့မှာရှိတဲ့ အဆောက်အအုံ တော်တော်များဟာ တစ်ဦးတစ်ယောက်ချင်းဆီက အခန်းတစ်ခန်းစီပဲ ပိုင်နေကြတာဖြစ်တယ်။ ဒါကြောင့်မို့ အဆောက်အအုံတွေကို ကြည့်လိုက်မယ်ဆိုရင် အဆောက်အအုံတွေဟာ စတင်တည်ထောင်ပြီး ဆေးတစ်ခါသုတ်ပြီး နောက်ထက်ဆေးထပ်သုတ်နိုင်တဲ့ အခြေအနေမရှိပါဘူး။ ကိုယ့်အခန်းကိုယ် သုတ်တဲ့အတွက်လည်း အရောင်တွေဟာ မျိုးစုံဖြစ်နေပါတယ်။ ပြုပြင်ထိန်းသိမ်းတဲ့နေရာမှာလည်း စုပေါင်းဆောင်ရွက်နိုင်တဲ့ အခြေအနေမျိုးမရှိဘဲ တစ်ဦးတစ်ယောက်ချင်းစီက ပြုပြင်တည်ဆောက်နေကျရတဲ့ အခြေအနေမျိုးရှိပါတယ်” ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းက ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့သော စုပေါင်းပိုင်အဆောက်အအုံဥပဒေအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ နိုင်ငံခြားသားများ ဝယ်ယူနိုင်မည့် စုပေါင်းပိုင် အဆောက်အအုံတည်ထောင်သူ လုပ်ငန်းလိုင်စင်အတွက် ဆောက်လုပ်ရေးကုမ္ပဏီ ၃၂ ခု အား စတင်ခွင့်ပြုပေးခဲ့ပြီး ဖြစ်သည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service