General Electric ၏ အမှုဆောင်အရာရှိချုပ်ဟောင်း ဂျက်ခ် ဝဲ့ခ်ျ၏ ကန်ဒေါ်လာ ၂၅ သန်းတန် မန်ဟက်တန်တိုက်ခန်း ဝယ်လက်ရှာတွေ့

General Electric ၏ အမှုဆောင်အရာရှိချုပ်ဟောင်း ဂျက်ခ် ဝဲ့ခ်ျ၏ ကန်ဒေါ်လာ ၂၅ သန်းတန် မန်ဟက်တန်တိုက်ခန်း ဝယ်လက်ရှာတွေ့ - Property News in Myanmar from iMyanmarHouse.com
11 Apr 2019 12:18 pm တွင် တင်ခဲ့သည်
834 ကြိမ် ကြည့်ရှု့ပြီး

အသက် ၈၃ နှစ်ရှိပြီဖြစ်သော မစ္စတာ ဂျက်ခ် ဝဲ့ခ်ျသည် ကမ္ဘာကျော် General Electric ၏ အမှုဆောင်အရာရှိချုပ်ဟောင်းတစ်ဦးဖြစ်၏။

ယခုအခါ မစ္စတာဝဲ့ခ်ျသည် နယူးယောက်မြို့ရှိ One Beacon Court ကွန်ဒိုမီနီယံရှိ အိပ်ခန်း ၄ ခန်းပါ ကွန်ဒိုခန်းကို ဝယ်ယူမည့် ဝယ်လက်ရှာဖွေတွေ့ရှိသွားပြီဖြစ်ကြောင်း နယူးယောက်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

One Beacon Court ကွန်ဒိုမီနီယံသည် နယူးယောက်မြို့၊ အရှေ့ ၅၈ လမ်း၊ အမှတ် ၁၅၁ တွင် တည်ရှိသည်။

ဂျက်ခ်ဝဲ့ခ်ျ၏ ကွန်ဒိုခန်းမှာ စတုရန်းပေ ၅၇၈၂ စတုရန်းပေ အကျယ်အဝန်းရှိပြီး အခန်း ၂ ခန်း ပေါင်းစည်းထားသည့်အခန်းဖြစ်ကာ တိုနီအင်ဂရာအိုက ဒီဇိုင်းရေးဆွဲပေးထားသည်။ ကွန်ဒိုခန်းအတွင်း နိုင်ငံခြားဖြစ် အနက်ရောင်သစ်သားများ၊ မဟူရာကျောက်၊ စကျင်ကျောက်တို့ ပေါများစွာ တွေ့ရသည်။

နောက်ဆုံးခေါ်ဈေးမှာ ကန်ဒေါ်လာ ၂၄ ဒသမ ၉ သန်းဖြစ်ပြီး ပြီးခဲ့သောနှစ်အတွင်းခေါ်ဈေးဖြစ်သော ၂၅ ဒသမ ၉ သန်းမှ ကန်ဒေါ်လာ တစ်သန်းလျော့ကျသွားသည်။ ယခုအရောင်းအဝယ်ကို Olshan Realty အိမ်ခြံမြေကုမ္ပဏီက ဧပြီ ၈ ရက်တွင် ပထမဆုံးသတင်းဖော်ပြခဲ့သည်။

ဈေးကွက်တင်ပေးခဲ့သည်မှာ Corcoran ကုမ္ပဏီမှ အကျိုးဆောင် ဒီဘိုရာ ဂရပ်ဘ်မန်း ဖြစ်သည်။

ကွန်ဒိုခန်းတွင် ၁၁ ပေမြင့်မားသော မျက်နှာကြက်များ၊ စားဖိုမှူးအဆင့်ကိုင်တွယ်နိုင်သည့် မီးဖိုဆောင်တို့ဖြင့် ဖွဲ့စည်းထားပြီး နယူးယောက်၏ အထင်ကရဖြစ်သော Central Park ပန်းခြံကြီးကို ရှုမြင်နိုင်သည့်မြင်ကွင်းများ ပိုင်ဆိုင်ထားသည်။

One Beacon Court ကွန်ဒိုအဆောက်အအုံကြီးမှာ အရှေ့ ၅၈ လမ်း၊ အမှတ် ၁၅၁ ၊ တတိယရိပ်သာလမ်းနှင့် လက်ဇင်တန်ရိပ်သာ လမ်းကြားတွင် တည်ရှိပြီး မူလက Alexander’s အမည်ရှိ ကုန်စုံဆိုင် တည်ရှိခဲ့သည့်နေရာ ဖြစ်သည်။

One Beacon Court ကွန်ဒိုကြီးဆောက်လုပ်ပြီးနောက် ၂၀၀၅ ခုနှစ်ကစတင်ကာ လူသိများထင်ရှားခဲ့သည်။

One Beacon Court တွင် Bloomberg ၏ ရုံးတည်ရှိပြီး ယခင်ကလည်း Le Cirque အမည်ရှိ နာမည်ကျော်စားသောက်ဆိုင်ကြီး ဖွင့်လှစ်ခဲ့ဖူးသည်။

သို့ရာတွင် နယူးယောက်မြို့လယ်၌ အခြားမိုးမျှော်တိုက်ကြီးများဖြစ်သော One57, 432 Park နှင့် 220 Central Park South တို့ကဲ့သို့ မိုးမျှော်တိုက်များ ပေါ်ပေါက်လာပြီးနောက်ပိုင်း One Beacon Court ၏ ကျော်ကြားမှု ကျဆင်းသွားသည်။

မစ္စတာဝဲ့ခ်ျ၏ လူနေခန်းမှာ ၄၆ လွှာတွင် တည်ရှိပြီး အရောင်းဈေးကွက်သို့ ရောက်ရှိနေသည်မှာ ရက်ပေါင်း ၃၃၃ ရက် ရှိခဲ့ပြီ ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service