မြန်မာနိုင်ငံရှိ စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီများနှင့် အများပိုင်ကုမ္ပဏီများသည် ထုတ်ဖော်ပြန်ကြားခြင်းနှင့် ပွင့်လင်းမြင်သာမှုတွင် ပျမ်းမျှရမှတ် ၄၈ ရာခိုင်နှုန်းနှင့် ၂၆ ရာခိုင်နှုန်းသာ ရရှိပြီး ၆၅ ရာခိုင်နှုန်းကျော်ရရှိလာအောင် ဆောင်ရွက်မည်ဟု အစီရင်ခံစာ၌ ဖော်ပြ

မြန်မာနိုင်ငံရှိ စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီများနှင့် အများပိုင်ကုမ္ပဏီများသည် ထုတ်ဖော်ပြန်ကြားခြင်းနှင့် ပွင့်လင်းမြင်သာမှုတွင် ပျမ်းမျှရမှတ် ၄၈ ရာခိုင်နှုန်းနှင့် ၂၆ ရာခိုင်နှုန်းသာ ရရှိပြီး ၆၅ ရာခိုင်နှုန်းကျော်ရရှိလာအောင် ဆောင်ရွက်မည်ဟု အစီရင်ခံစာ၌ ဖော်ပြ - Property News in Myanmar from iMyanmarHouse.com
11 Apr 2019 12:08 pm တွင် တင်ခဲ့သည်
627 ကြိမ် ကြည့်ရှု့ပြီး

မြန်မာနိုင်ငံရှိ စတော့အိတ်ချိန်စာရင်း ဝင်ကုမ္ပဏီများနှင့် အများပိုင်ကုမ္ပဏီများသည် ပြန်ကြားခြင်းနှင့် ပွင်းလင်းမြင်သာမှုတွင် ပျမ်းမျှရမှတ် ၄၈ ရာခိုင်နှုန်းနှင့် ၂၆ ရာခိုင်နှုန်းသာ ရရှိနေသေးပြီး ပျမ်းမျှရမှတ် ၆၅ ရာခိုင်နှုန်းကျော်ရရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း “မြန်မာနိုင်ငံ ကော်ပိုရိတ်စီမံ အုပ်ချုပ်မှုအကဲဖြတ်မှတ်တမ်း ၂၀၁၈ မြန်မာကုမ္ပဏီများအပေါ် အကဲဖြတ်လေ့လာမှုအစီရင်ခံစာ”တွင် ဖော်ပြထားသည်။

အဆိုပါ အစီရင်ခံစာအရ ထုတ်ဖော်ပြန်ကြားခြင်းနှင့် ပွင့်လင်းမြင်သာမှုတွင် မြန်မာနိုင်ငံရှိ စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီများသည် အမြင့်ဆုံးရမှတ် ၇၂ ရာခိုင်နှုန်း ရရှိထားပြီး ပျှမ်းမျှရမှတ်တွင် ၄၈ ရာခိုင်နှုန်းသာရရှိထားကြောင်း ဖော်ပြထားသည်။

ထို့အတူ အများပိုင်ကုမ္ပဏီများသည် အမြင့်ဆုံးရမှတ် ၅၂ ရာခိုင်နှုန်းရရှိထားပြီး ပျမ်းမျှရမှတ်တွင် ၂၆ ရာခိုင်နှုန်းသာရရှိထားသည်။

အဆိုပါကုမ္ပဏီများသည် ရမှတ် ၆၅ ရာခိုင်နှုန်းအထက်ရရှိအောင် ရည်မှန်းဆောင်ရွက်သင့်ပြီး ယင်းအချက်က ရှယ်ယာပိုင်ဆိုင်သူများအား ပိုမိုကောင်းမွန်သောကော်ပိုရိတ် ထုတ်ဖော်ပြန်ကြားချက်များပေးရာတွင် YSX နှင့် SECM တို့၏ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် ပိုမိုအထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ပုဂ္ဂလိကကုမ္ပဏီများသည် အမြင့်ဆုံးရမှတ် ၃၈ ရာခိုင်နှုန်းသာ ရရှိထားပြီး ပျမ်းမျှရမှတ် ၂၈ ရာခိုင်နှုန်းသာ ရရှိထားသည်။

ယင်းကဲ့သို့ ရမှတ်များတိုင်းတာရာတွင် ကော်ပိုရိတ်သတင်းအချက်အလက် ထုတ်ဖော်ပြန်ကြားမှု၏ တိကျမှု၊ ပြည့်စုံမှုနှင့် မှန်ကန်မှုများကို ထည့်သွင်းစဉ်းစားထားခြင်းဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီ၏ ပိုင်ဆိုင်မှုဖွဲ့စည်းပုံ၊ ဆက်စပ်ကုမ္ပဏီများနှင့် ရောင်းဝယ်ခြင်း၊ ဘဏ္ဍာရေးနှင့် ဘဏ္ဍာရေးနှင့်မဆိုင်သော သတင်းအချက်အလက်များသည်လည်း ထုတ်ဖော်ပြန်ကြားရန် အရေးပါသည့်ကိစ္စရပ်များဖြစ်ကြောင်း သိရသည်။

ထို့ပြင် အာဆီယံစံနှုန်းသတ်မှတ်ချက်အရ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုတွင် မြန်မာကုမ္ပဏီများသည် ပျမ်းမျှရမှတ် ရာခိုင်နှုန်း ၃၀ သာရှိပြီး ၂၀၁၅ ခုနှစ် အာဆီယံပျမ်းမျှ ရမှတ် ၆၉ ရာခိုင်နှုန်းထက်နိမ့်ကျနေသဖြင့် ၎င်းတို့၏ ကော်ပိုရိတ်စီမံခန့်ခွဲမှု အလေ့အထများကို မြှင့်တင်ရန် လိုအပ်ကြောင်းကိုလည်း ဖော်ပြထားသည်။

မြန်မာနိုင်ငံကော်ပိုရိတ်စီမံအုပ်ချုပ်မှု အကဲဖြတ်မှတ်တမ်း ၂၀၁၈ မြန်မာကုမ္ပဏီများအပေါ် အကဲဖြတ်လေ့လာမှု အစီရင်ခံစာကို ၂၀၁၁ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အာဆီယံအရင်းအနှီးဈေးကွက် ဖိုရမ် (ACMF) နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့၏ ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်သော အာဆီယံကော်ပိုရိတ်စီမံအုပ်ချုပ်မှု အကဲဖြတ်မှတ်တမ်း (ACGS) ကို အခြေခံကာ မြန်မာကုမ္ပဏီ ၂၄ ခု၏ ကော်ပိုရိတ်စီမံအုပ်ချုပ်မှု အလေ့အထများကို အကဲဖြတ်သုံးသပ်ထားခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာကုမ္ပဏီများ၏ ကော်ပိုရိတ်စီမံ အုပ်ချုပ်မှုအလေ့အထများကို အကဲဖြတ်လေ့လာရန် အပိုင်းငါးခုခွဲခြားထားသော စံညွှန်း ၁၄၂ ခု (သို့မဟုတ် ACGS တွင် ပါဝင်သော စံညွှန်းများ၏ ၉၈ ရာခိုင်နှုန်း) ကို အသုံးပြုထားခြင်းဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) ၊ မြန်မာနိုင်ငံ ချေးငွေသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (SECM) ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်းကြားမှုဦးစီးဌာန (DICA) ၊ ရန်ကုန် စတော့အိတ်ချိန်း(YSX) တို့က ပါဝင်ကူညီပေးထားကြောင်း သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service