ဒိန်းမတ်တွင် အနောက်ဥရောပ၏ အမြင့်မားဆုံးဖြစ်ကာ ၃၇ မိုင်အကွာအဝေးမှ တွေ့မြင်ရမည့် အဆောက်အအုံကြီး ဆောက်လုပ်ရန် စီစဉ်

ဒိန်းမတ်တွင် အနောက်ဥရောပ၏ အမြင့်မားဆုံးဖြစ်ကာ ၃၇ မိုင်အကွာအဝေးမှ တွေ့မြင်ရမည့် အဆောက်အအုံကြီး ဆောက်လုပ်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
11 Apr 2019 11:58 am တွင် တင်ခဲ့သည်
832 ကြိမ် ကြည့်ရှု့ပြီး

ဒိန်းမတ်တွင် အနောက်ဥရောပ၏ အမြင့်မားဆုံးဖြစ်ကာ ၃၇ မိုင်အကွာအဝေးမှ တွေ့မြင်ရမည့် အဆောက်အအုံကြီး ဆောက်လုပ်ရန် စီစဉ်နေသည်။

ဆောက်လုပ်ပြီးစီးပါက ပေပေါင်း ၁၀၄၉ ပေမြင့်မားမည့် Bestseller Tower ဟု အမည်ပေးထားသည့် အဆောက်အအုံကြီးသည် ဒိန်းမတ်နိုင်ငံတွင် အမြင့်မားဆုံး အဆောက်အအုံကြီး ဖြစ်လာမည် ဖြစ်သည်။

အဆိုပါအဆောက်အအုံကြီးသည် ဒိန်းမတ်အခြေစိုက် အဝတ်အထည်ကုမ္ပဏီ Bestseller ၏ ရုံးချုပ်လည်း ဖြစ်လာမည် ဖြစ်သည်။

Dorte Mandrup မှ ဒီဇိုင်းရေးဆွဲပေးထားပြီး ၃၇ မိုင်အကွာအဝေးမှပင် လှမ်းမျှော်တွေ့မြင်နေရမည်ဟု ဆိုသည်။

ယခုအဆောက်အအုံကြီးသည် လန်ဒန်ရှိ Shard အဆောက်အအုံထက် ၃၄ ပေ ပိုမိုမြင့်မားမည်လည်း ဖြစ်သည်။

Shard နှင့်မတူသည့်အချက်မှာ လန်ဒန်ရှိ Shard သည် လူနေထိုင်မှုများများသည့် Southwark အရပ်တွင် တည်ရှိပြီး Bestseller Tower မှာမူ လူဦးရေ ၇၀၀၀ ခန့်သာနေထိုင်သည့် Brande မြို့ကလေးတွင် ဆောက်လုပ်မည် ဖြစ်သည်။

“ဒီအဆောက်အအုံကြီးဟာ မြေပုံပေါ်မှာ မြို့ရဲ့အထင်ကရနေရာတစ်ခုဖြစ်လာမှာပါ”ဟု Besteller ဆောက်လုပ်ရေးအဖွဲ့ခေါင်းဆောင် အန်ဒါစ် ကရော့ဂ်ျ ဘော့ဂ်ဒရပ်က ပြောကြားသည်။

ပြီးခဲ့သောလအတွင်း မြို့တော်ကောင်စီက အဆိုပါအဆောက်အအုံကြီး ဆောက်လုပ်ခွင့်ပြုရန် မဲခွဲဆုံးဖြတ်ပေးခဲ့သည်ဟု ဆိုသည်။

ယခုအဆောက်အအုံကြီးသည် ဒေသနှင့် မသင့်လျော်ဟု ရှုမြင်ကြသော်လည်း Besteller ကုမ္ပဏီအဆိုပါအရပ်တွင် ရုံးစိုက်နေခဲ့သည်မှာမူ ၁၉၇၅ ခုနှစ်ကတည်းက ဖြစ်သည်။

“ဒီဒေသမှာ နှစ်ပေါင်း ၃၀ ကျော် အခြေစိုက်ခဲ့ရတာကို ကျွန်တော်တို့ အလွန်ဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့ဟာ ဒေသ အသိုက်အဝန်းရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်တယ်လို့လည်း ခံစားရပါတယ်”ဟု ကရော့ဂ်ျ ဘော့ဂ်ဒရပ်က ပြောကြားသည်။

ဒေသခံများကမူ ယခုစီမံကိန်းကို မကန့်ကွက်ကြဟု ဆိုသည်။

“ဒိန်းမတ်သတင်းမီဒီယာတွေက ဒီစီမံကိန်းကြီးကို ဒေသခံထဲက ကန့်ကွက်မယ့်သူပေါ်မလားလို့ ရှာဖို့ကြိုးစားကြတယ်။ ဒါပေမယ့် သူတို့ တစ်ယောက်မှ ရှာမတွေ့ကြဘူး”ဟု ဒေသတွင်း သတင်းစာမှ သတင်းထောက်တစ်ဦးဖြစ်သူ မော်တန် ဒစ်ခ်မန်းက ပြောကြားသည်။

သို့ရာတွင် ကန့်ကွက်မှုများမှာ ဒိန်းမတ်နိုင်ငံ၏ အခြားသော ဒေသများမှ ပေါ်ပေါက်လာသည်။

ကိုပေဟေဂင်တွင် ပုံနှိပ်ထုတ်ဝေသည့် သရော်စာတစ်ခုတွင် Bestseller Tower အဆောက်အအုံကြီးကို “Lord of the Rings” ဇာတ်လမ်းတွဲများမှ Tower of Sauron နှင့် ခိုင်းနှိုင်းသရော်ခဲ့သည်။

အဆိုပါသရော်စာကို ရေးသားသူ ဗိသုကာပညာရှင် အမျိုးသမီး ထရိုင်နီ ကမ်မာက ပြောကြားရာတွင် Brande မြို့၏ ဒေသတွင်း သတင်းစာသည် မိမိ၏ ဆန့်ကျင်သည့်အမြင်များကို ပုံနှိပ်ဖော်ပြလိမ့်မည်မဟုတ်ကြောင်း ပြောကြားသည်။

“Brande ကလူတွေဟာ Bestseller ကို ဝေဖန်ဖို့ သိပ်ကြောက်ကြတယ်။ ဒါက ကိုးကွယ်ရမယ့် ဘာသာတရားတစ်ခုလို ဖြစ်နေပါတယ်”ဟု ကမ်မာက ပြောကြားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service