ကမ္ဘာကျော်မျက်မှန် အမှတ်တံဆိပ် Oliver Peoples ကို ထုတ်လုပ်သည့်သူဌေးကြီးက ဟာဝိုင်အီရှိ နေအိမ်ကို အရောင်းဈေးကွက်တင်

ကမ္ဘာကျော်မျက်မှန် အမှတ်တံဆိပ် Oliver Peoples ကို ထုတ်လုပ်သည့်သူဌေးကြီးက ဟာဝိုင်အီရှိ နေအိမ်ကို အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
11 Apr 2019 11:52 am တွင် တင်ခဲ့သည်
983 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည်ထောင်စုရှိ ကမ္ဘာကျော်အပန်းဖြေကျွန်းဖြစ်သော ဟာဝိုင်အီတွင် အရပ်မျက်နှာတိုင်း၌ သမုဒ္ဒရာမြင်ကွင်းအလှများ ပိုင်ဆိုင်ထားပြီး ပင်လယ်လှိုင်း ရိုက်ခတ်သံတို့၏ ညှို့ယူဖမ်းစားမှုများ ရှိရာ နေအိမ်သည် လာရီ လိုက်ထ်၏ အပန်းဖြေရိပ်မြုံတစ်ခု ဖြစ်ခဲ့သည်မှာ ကာလကြာမြင့်ခဲ့ပြီ ဖြစ်သည်။

မစ္စတာလိုက်ထ်သည် အသက် ၁၈ နှစ်အရွယ်ကတည်းကပင် သူ၏ ဇာတိမြို့ လော့စ်အိန်ဂျလိမှ ဟာဝိုင်အီကျွန်းသို့ ပထမဆုံး စတင်ရောက်ဖူးခဲ့သည်။

လာရီလိုက်ထ်သည် ကမ္ဘာကျော်မျက်မှန် အမှတ်တံဆိပ် Oliver Peoples ကို ထုတ်လုပ်သည့်သူဌေးကြီးဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် Oakley ကုမ္ပဏီသို့ ရောင်းချခဲ့သည်။

ယင်းသို့ ရောင်းချပြီးနောက်ပိုင်း အိပ်ခန်း ၃ ခန်းပါ နေအိမ်ကို ဟာဝိုင်အီတွင် ဝယ်ယူခဲ့၏။

အဆိုပါနေအိမ်ကို ဝယ်ယူပြီး ၁၀ နှစ်အကြာ ယခုအခါ မစ္စတာလိုက်ထ်သည် အသက် ၆၀ ပြည့်လွန် နှောင်းပိုင်းကာလများသို့ ရောက်လာပြီး ဟာဝိုင်အီသို့လည်း စိတ်ရှိသလောက် မလည်ပတ်နိုင်တော့ရာ နေအိမ်ကို ပြန်လည်ရောင်းထုတ်ရန် စီစဉ်လာရခြင်း ဖြစ်သည်။

သို့နှင့် ပြီးခဲ့သော မတ်လကုန်ပိုင်းတွင် Elite Pacific Properties ကုမ္ပဏီမှတဆင့် ကန်ဒေါ်လာ ၇ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့သည်။

မစ္စတာလိုက်ထ်က ပြောကြားရာတွင် သူ၏မျက်လုံးထဲ၌ သူ၏နေအိမ်သည် ယခုခေါ်ဈေးထက် အဆပေါင်းများစွာ ပိုမိုထိုက်တန်သည်ဟု ထင်မြင်ကြောင်း ပြောကြားသည်။

ရောင်းချမည့်နေအိမ်တည်နေရာမှာ ဟာဝိုင်အီကျွန်းစုမှ ကျွန်းတစ်ခုဖြစ်သော Kaua’I ကျွန်းပေါ်တွင် တည်ရှိသည်။

Kaua’I ကျွန်းကို ပန်းဥယျာဉ်ကျွန်းဟုလည်း အမည်ပြောင်ပေးထားပြီး ကျွန်းပေါ်တွင် အပူပိုင်းမုတ်သုန်မိုးသစ်တောများ ထူထပ်စွာ ပေါက်ရောက်နေခြင်းကြောင့်ဖြစ်ကာ ဟောလိဝုဒ်ရုပ်ရှင်ကားများစွာ ရိုက်ကူးခဲ့သည့်နေရာလည်း ဖြစ်သည်။

Kaua’I ကျွန်းသည် လော့စ်အိန်ဂျလိမြို့၏ အနောက်ဘက် မြောက်ပစိဖိတ်သမုဒ္ဒရာအလည်တွင် တည်ရှိပြီး လော့စ်အိန်ဂျလိနှင့် မိုင်ပေါင်း ၂၆၀၀ ကျော် ဝေးကွာသည်။

Kaua’I ကျွန်းသည် ကမ္ဘာပေါ်တွင် ရေလွှာလှိုင်းစီးရန် အကောင်းမွန်ဆုံးနေရာများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး လူသားတို့ မပြုပြင်မွမ်းမံရသေးသည့် သဘာဝအလှတရားများစွာ ပေါကြွယ်ဝသည်။

မစ္စတာလိုက်၏ နေအိမ်ခြံဝန်းမှာ တစ်ဧက၏ ၄ ပုံ ၁ ပုံခန့် ကျယ်ဝန်းပြီး အမျိုးသား မုတ်သုန်ရုက္ခဗေဒဥယျာဉ်မှာ ဘေးနှစ်ဘက်တွင် တည်ရှိပြီး အရှေ့ဘက်တွင်မူ ကျယ်ဝန်းသော ဂေါက်ကွင်းတစ်ခု တည်ရှိသည်။

မစ္စတာလိုက်ထ်သည် ၎င်းမနေထိုင်သည့်ကာလများတွင် အပန်းဖြေသူများအား အငှားချထားလေ့ရှိသည်။

၎င်းနေထိုင်မည့် ကာလများအတွက် ကြိုတင်၍ ငှားရမ်းမှု ဖယ်ထားရလေ့ရှိသည်။

သီးသန့် နေစာလှုံရန် သင့်လျော်သည့် ကျောက်ဆန်သော ကမ်းခြေနေရာ ပါဝင်ပြီး နေအိမ်ရှေ့တံခါးမှ လမ်းလျှောက်ထွက်ကာ ကမ်းခြေတွင် ရေကူးနိုင်သည်။

နေအိမ်ခြံဝန်းအတွင်းတွင်ပင် ရေကူးကန်နှင့် spa ၊ ပစိဖိတ်သမုဒ္ဒရာ၏ လှပသောမြင်ကွင်းကျယ်များ တွေ့မြင်နိုင်သည့် ဝရန်တာများစွာလည်း ပါဝင်သည်။

မစ္စတာလိုက်ထ်သည် မကြာသေးမီကပင် တန်ဖိုးကြီးမျက်မှန် ထုတ်ကုန်တစ်ခုလည်း စတင်ထုတ်လုပ်နေပြီး Mr. Leight ဟု အမည်ပေးထားသည်။

မစ္စတာလိုက်ထ်သည် အဆိုပါကျွန်းတွင် သားဖြစ်သူ ဂါရက်ထ်နှင့်အတူ အနားယူအပန်းဖြေကာ လုပ်ငန်းများအပေါ် ပြန်လည်အာရုံစိုက်လေ့ရှိသည်။

လော့စ်အိန်ဂျလိရှိ သူ၏နေအိမ်မှာမူ ဆူညံသံများ ၊ စိတ်ပျံ့လွင့်ဖွယ်ရာများ များပြားလှသည်။

“ကျွန်တော်ဟာ နာရီပေါင်းများစွာ ထိုင်နေပြီး လှိုင်းလုံးတွေရဲ့ အသံကို ထိုင်နားထောင်နေလေ့ရှိပါတယ်။ ဒါက ကျွန်တော့်ရဲ့ တီထွင်ဖန်တီးနိုင်စွမ်း၊ ခံစားချက်တွေဖမ်းဆုပ်နိုင်စွမ်းနဲ့ စိတ်ကူးစိတ်သန်းတွေ အားကောင်းလာစေပါတယ်။”ဟု မစ္စတာလိုက်ထ်က ပြောကြားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service