မြို့တွင်း ခြောက်မြို့နယ်တွင် ပြန်လည်ဖော်ဆောင်မည့် Smart Parking

မြို့တွင်း ခြောက်မြို့နယ်တွင် ပြန်လည်ဖော်ဆောင်မည့် Smart Parking - Property News in Myanmar from iMyanmarHouse.com
11 Apr 2019 11:39 am တွင် တင်ခဲ့သည်
1372 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်တွင် ယာဉ်များရပ်နားရန်Smart Parking လုပ်ငန်းအတွက် စိတ်ပါဝင်စားမှု ဖော်ပြခြင်း အဆိုပြုလွှာ (EOI) ကို ဧပြီ ၂၄ ရက် ညနေ ၄ နာရီ နောက်ဆုံးထား တင်သွင်းနိုင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ကြေညာထားသည်။

Smart Parking ဆောင်ရွက်မည့် နေရာများမှာ မြို့တွင်း ခြောက်မြို့နယ်ဖြစ်သော ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ ပန်းပဲတန်း၊ လသာနှင့် လမ်းမတော်မြို့ နယ်များက လမ်းမများတွင် တည်ဆောက်မည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ အဆိုပါမြို့နယ် ခြောက်မြို့နယ်ရှိ လမ်းမကြီးများတွင် ယာဉ်ရပ်နားမည် ဆိုပါက ယာဉ်ရပ်နားခများကို တစ်နာရီလျှင် ကျပ် ၂၀ဝ နှုန်းဖြင့် ကောက်ခံမည်ဖြစ်သည်။

EOI အဆိုပြုလွှာများကို ယခုလ ၂ ရက်မှစတင်ကာ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ခန်းမ၊ အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား) တွင် ရုံးချိန်အတွင်း ဝယ်ယူနိုင်ပြီး နောက်ကျတင်သွင်းသော EOI အဆိုပြုလွှာများကို လက်ခံမည်မဟုတ်ပေ။

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ရှိ အမည်တပ်လမ်းများနှင့် လမ်းမကြီးများတွင် ၂၀၁၈ ခုနှစ် အောက်တိုဘာ လမှစ၍ ယာဉ်ရပ်နားခများ ကောက်ခံရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက တင်ဒါများခေါ်ယူခဲ့သည်။ ယာဉ်ရပ်နားခကောက်ခံရန် ဇုန် ရှစ်ဇုန်အတွက် တင်ဒါခေါ်ယူခဲ့ရာ ဇုန် ငါးဇုန်သာ တင်ဒါအောင်မြင်ခဲ့ပြီး ကျန် သုံးဇုန်မှာ တင်ဒါအောင်မြင်မှုမရှိခဲ့ပေ။

အောင်မြင်ခဲ့သည့် ဇုန် ငါးဇုန်အနက် နှစ်ဇုန်မှာ အကြောင်းအမျိုးမျိုးကြောင့် တင်ဒါပြန်လည်အပ်နှံခဲ့သည်။ စုစုပေါင်းဇုန် ငါးဇုန်အတွက် အောက်တိုဘာလတွင် တင်ဒါပြန်လည်ခေါ်ယူခဲ့သော်လည်း အောင်မြင်သူ မရှိခဲ့သောကြောင့် ယာဉ်ရပ်နားခ ကောက်ခံမည့်အစီအစဉ် ဖျက်သိမ်းခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဝင် ဒေါ်မေမေသွယ်က ပြောသည်။

ကားစီးရေနည်းပါးသေးသည့်အတွက် ၂၀၁၂ ခုနှစ် မှစ၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ယာဉ်ရပ်နားခကောက်ခံခြင်းများကို ရပ်နားခဲ့သည်။ နောက်ပိုင်းတွင် ရန်ကုန်မြို့တွင်း ကားစီးရေ များပြားလာ ခြင်း၊ စည်းကမ်းမဲ့ရပ်နားသည့် ယာဉ်များကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လာသဖြင့် ယာဉ်များစည်းကမ်းတကျ ရပ်နားစေရန် ကားပါကင်ကြေးများကို စနစ်တကျ ပြန်လည်ကောက်ခံရန် ဆောင်ရွက်ရခြင်းဖြစ် ကြောင်း ဒေါ်မေမေသွယ်က ဆိုသည်။

ယခင်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော် မတီက ကားပါကင်ကြေးကောက်ခံသည်ကို မဖြစ်သင့် ကြောင်း ဝိုင်းဝန်းကန့်ကွက်မှုများ ရှိခဲ့သည့်အတွက် ဆက်လက်ကောက်ခံခြင်းမပြုတော့သော်လည်း ရန်ကုန် ဘူတာကြီးရှေ့၊ ဆာကူရာတာဝါနှင့် အခြားနေရာများတွင် ပုဂ္ဂလိအဖွဲ့အစည်းအချို့က ကားပါကင်ကြေး ဆက်လက် ကောက်ခံမှုများလည်းရှိခဲ့သည်။

လက်ရှိတွင် အဆင့်မြင့်ရှော့ပင်းစင်တာများ၊ ကား ပါကင် တည်ဆောက်ထားသည့် အခြားနေရာများနှင့် အဆင့်မြင့်ရုပ်ရှင်ရုံများတွင် ယာဉ်ရပ်နားခ ကောက်ခံခွင့် ပေးထားပြီး ရန်ကုန်မြို့တွင်းမြို့နယ်များနှင့် အခြားနေရာ များတွင် ယာဉ်ရပ်နားခကောက်ခံမှု ရပ်ဆိုင်းထားသည် မှာ သုံးနှစ်ကျော်ရှိပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service