ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ အကောင်အထည်ဖော်ခဲ့သည့် တန်ဖိုးနည်း၊ တန်ဖိုးသင့်အခန်းပေါင်း ၄၄၀၀ ကျော်ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ရောင်းချရန် လျာထား

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ အကောင်အထည်ဖော်ခဲ့သည့် တန်ဖိုးနည်း၊ တန်ဖိုးသင့်အခန်းပေါင်း ၄၄၀၀ ကျော်ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ရောင်းချရန် လျာထား - Property News in Myanmar from iMyanmarHouse.com
11 Apr 2019 10:36 am တွင် တင်ခဲ့သည်
1328 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော်ခဲ့သည့် တန်ဖိုးနည်း၊တန်ဖိုးသင့် အခန်းပေါင်း ၄၄၀၀ ကျော်ကို ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ရောင်းချရန် လျာထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

“၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်းမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ အကောင်အထည်ဖော်ပြီးစီးခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ တန်ဖိုးနည်း၊တန်ဖိုးသင့် အခန်းပေါင်း ၄၄၅၂ ခန်းကို ရောင်းချဖို့ လျာထားပါတယ်” ဟု ဒုတိယဝန်ကြီးဦးကျော်လင်းက ပြောကြားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများ အိမ်ရာပိုင်ဆိုင်နိုင်ရေးအတွက် အိမ်ရာစုဆောင်းငွေစနစ်ကို ၂၀၁၆ ခုနှစ် သြဂုတ် ၁ ရက်က စတင်အကောင်အထည်ဖော်ခဲ့သည်။ Housing Mortgage Loan ဖြင့် ပြည်သူများ အိမ်ရာပိုင်ဆိုင်နိုင်ရေး ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ အိမ်ရာစုဆောင်းငွေထားရှိသူ ဦးရေ ၂၅၀၀၀ ကျော်နှင့် ကျပ် ၂၃ ဘီလျံကျော်ကို စုဆောင်း ထားနိုင်ခဲ့ကြောင်း သိရသည်။

ယင်းအနက် အိမ်ရာဝယ်ယူသူ ၂၇၂၀ ကို ကျပ် ၃၅ ဒသမ ၁၇ ဘီလျံထုတ်ချေး ပေးနိုင်ခဲ့ကြောင်း၊ ဆောက်လုပ်ရေးနှင့်အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး ဘဏ်က အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး လုပ်ငန်းများကို CHID Bank (Construction , Housing and Infrastructure Development Bank) အဖြစ် ရည်မှန်းချက် ၊ မျှော်မှန်းချက်များကို တိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်း အစိုးရသစ်၏ တတိယ တစ်နှစ်တာ အတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

ရန်ကုန်မြို့ရှိ တန်ဖိုးနည်းအိမ်ရာ အချို့ကို JICA ODA Loan အစီအစဉ်အရ အတိုးနှုန်းသက်သာသော နှစ်ရှည်အိမ်ရာ ချေးငွေဖြင့် ရောင်းချမည်ဖြစ်ရာ အိမ်ရာဝယ်ယူလိုသူများက ဖေဖော်ဝါရီ လလယ်ခန့်က အမည်စာရင်း ပေးသွင်းလျက်ရှိကြောင်း မြို့ ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်

ယင်းကဲ့သို့ ရောင်းချမည့် အိမ်ရာစီမံကိန်းများမှာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ထားသည့် တန်ဖိုးနည်း အိမ်ရာစီမံကိန်းများဖြစ်သော ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ယုဇနအိမ်ရာအပိုင်း ၁၊ ၂ နှင့် ကနောင်အိမ်ရာ၊ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်းအိမ်ရာ အပိုင်း ၂၊ ၃ နှင့် တန်ဖိုးသင့် အိမ်ရာစီမံကိန်းများ ဖြစ်သော လှိုင်သာယာမြို့နယ်ရှိ ထီးလှိုင်ရှင် အိမ်ရာစီမံကိန်းတို့ဖြစ်သည်။

တန်ဖိုးနည်းအိမ်ရာစီမံကိန်းများအနက် လှိုင်သာယာမြို့နယ် ရွှေလင်ပန်းအိမ်ရာ အပိုင်း ၂တွင် ရှစ်ခန်းတွဲလေးထပ်၊ ရွှေလင်ပန်းအပိုင်း ၃ တွင် ခြောက်ခန်းတွဲလေးထပ်ဖြစ်ကြောင်း သိရသည်။

ဒဂုံမြိ့နယ်(ဆိပ်ကမ်း)မြို့နယ် ယုဇန အိမ်ရာ အပိုင်း(၁)တွင် ရှစ်ခန်းတွဲလေးထပ်၊ ခြောက်ခန်းတွဲလေးထပ်၊ အပိုင်း(၂) ရှစ်ခန်းတွဲ လေးထပ်၊ ခြောက်ခန်းတွဲလေးထပ်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် ကနောင်အိမ်ရာတွင် ရှစ်ခန်းတွဲ လေးထပ်၊ ခြောက်ခန်းတွဲ လေးထပ်အဆောက်အအုံများဖြစ်ကြကြောင်း သိရသည်။

တန်ဖိုးသင့်အိမ်ရာစီမံကိန်းတွင် လှိုင်သာယာမြို့နယ် ထီးလှိုင်ရှင်အိမ်ရာစီမံကိန်းဖြစ်ပြီး လေးခန်းတွဲ ငါးထပ် အဆောက်အအုံ ဖြစ်သည်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service