သီရိလင်္ကာ၏ ကူးသန်းရောင်းဝယ်ရေးဗဟိုချက် ကိုလံဘိုမြို့တော်တွင် မြေဈေးနှုန်း ၁၈ ရာခိုင်နှုန်းအထိ မြင့်တက်လာ

သီရိလင်္ကာ၏ ကူးသန်းရောင်းဝယ်ရေးဗဟိုချက် ကိုလံဘိုမြို့တော်တွင် မြေဈေးနှုန်း ၁၈ ရာခိုင်နှုန်းအထိ မြင့်တက်လာ - Property News in Myanmar from iMyanmarHouse.com
9 Apr 2019 11:20 am တွင် တင်ခဲ့သည်
730 ကြိမ် ကြည့်ရှု့ပြီး

သီရိလင်္ကာနိုင်ငံ၏ ကူးသန်းရောင်းဝယ်ရေး ဗဟိုချက်မြို့တော် ကိုလံဘိုတွင် မြေဈေးနှုန်းများမှာ လွန်ခဲ့သော တစ်နှစ်ခန့်ကနှင့် နှိုင်းယှဉ်လျှင် ၁၈ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း သီရိလင်္ကာဗဟိုဘဏ်က ထုတ်ပြန်သော မြေယာဈေးနှုန်းညွှန်းကိန်း(LPI) ကို ကိုးကားပြီး ကိုလံဘိုအခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အဆိုပါ မြေယာဈေးနှုန်းညွှန်းကိန်း(LPI) တွင် ပါဝင်သော ကဏ္ဍခွဲ ၃ ခုဖြစ်သည့် လူနေ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မူဆိုင်ရာ မြေယာ ဈေးနှုန်းကဏ္ဍများတွင် ယခုကဲ့သို့ မြင့်တက်မှုများ တွေ့ခဲ့ရခြင်း ဖြစ်သည်။

လူနေကဏ္ဍ မြေယာများမှာ ၁၇ ဒသမ ၂ ရာခိုင်နှုန်း၊ ကူးသန်းရောင်းဝယ်ရေးမှာ ၁၇ ဒသမ ၄ ရာခိုင်နှုန်းနှင့် စက်မှုဇုန်ဆိုင်ရာမှာ ၁၉ ဒသမ ၄ ရာခိုင်နှုန်း နှစ်အလိုက် (YOY) တန်ဖိုးမြင့်တက်မှုများ ရှိခဲ့သည်။

ကိုလံဘိုခရိုင်၏ မြေယာညွှန်းကိန်းမှာ ၂၀၁၈ ခုနှစ် ဒုတိယနှစ်ဝက်ကာလအတွင်း ၁၂၅ ဒသမ ၉ သို့ရောက်ရှိခဲ့ရာ ၂၀၁၇ ခုနှစ်၊ ဒုတိယနှစ်ဝက် ညွန်းကိန်းဖြစ်သော ၁၁၆ ဒသမ ၃ နှင့် နှိုင်းယှဉ်လျှင် ၁၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ခြင်း ဖြစ်သည်။

သီရိလင်္ကာဗဟိုဘဏ်သည် အိမ်ခြံမြေကဏ္ဍ ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများကို စောင့်ကြည့်ရန်အတွက် ညွှန်ပြချက်များစွာကို စုဆောင်းသုံးသပ်ခဲ့ခြင်း ဖြစ်သည်။

မြေယာဈေးနှုန်းညွှန်းကိန်း(LPI) ကို တစ်နှစ်လျှင် နှစ်ကြိမ်ထုတ်ပြန်ခြင်းဖြစ်ပြီး ကိုလံဘိုခရိုင်အတွက်ဖြစ်ကာ ၁၉၉၈ ခုနှစ်မှ စတင်ခဲ့သည်။

သီရိလင်္ကာသည် မြေယာပိုင်ဆိုင်မှုနှင့် စပ်လျဉ်းပြီး ဥပဒေအမျိုးမျိုးရှိနေသောကြောင့် ရှုပ်ထွေးမှုများစွာရှိသည့် နိုင်ငံတစ်ခု ဖြစ်သည်။

ဒတ်ခ်ျတို့ အုပ်စိုးစဉ်အခါက ပြဌာန်းခဲ့သည့် Roman Dutch ဥပဒေ၊ ဗြိတိသျှတို့ အုပ်စိုးစဉ်အခါက ပြဌာန်းခဲ့သော ဗြိတိသျှဥပဒေများအပြင် လူပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေများလည်း အမျိုးမျိုးရှိနေသည်။ လူပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေတွင် ကန်ဒျန်ဥပဒေနှင့် ဆဝါလာမိုင် ဥပဒေဟူ၍ ၂ မျိုးထပ်မံကွဲပြားသည်။

ကန်ဒျန်ဥပဒေမှာ ကန်ဒျန်ဘုရင့်နိုင်ငံတော်ကို ဗြိတိသျှတို့ သိမ်းပိုက်ခဲ့စဉ်က အဆိုပါဘုရင့်နိုင်ငံတော်တည်ရှိရာ နယ်နိမိတ်အပိုင်းအခြားတွင် နေထိုင်ခဲ့သည့် သင်ဟာလူမျိုးအားလုံးအတွက် အကျုံးဝင်သည်ဟု ဆိုသည်။

ဆဝါလာမိုင်ဥပဒေမှာမူ ဂျက်ဖ်နာပြည်နယ်တွင် နေထိုင်သော တမီလ်မျိုးနွှယ်များအပေါ် သက်ရောက်သည့် ဥပဒေ ဖြစ်သည်။

ထို့ကြောင့် သီရိလင်္ကာတွင် မြေယာပိုင်ဆိုင်မှု၊ အမွေဆက်ခံမှု၊ လွှဲပြောင်းမှု၊ စွန့်လွှတ်မှုတို့သည် သက်ဆိုင်ရာမျိုးနွှယ်၊ ဒေသဆိုင်ရာ ဥပဒေအသီးသီးအပေါ် မှီတည်နေသည်။

ဆဝါလာမိုင်ဥပဒေအရ အမျိုးသမီးတစ်ဦးသည် ခင်ပွန်းတို့၏ သဘောတူညီချက်မပါဘဲ အိမ်ခြံမြေများကို အဆုံးစွန်ပိုင်ဆိုင်ခွင့် မရှိသောကြောင့် ခင်ပွန်းကွယ်လွန်ပါက ဘဏ်တွင်အပေါင်ထားခြင်းအတွက် များစွာ အခက်တွေ့ကြရသည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service