The Karate Kid အပါအဝင် ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကားများ ထုတ်လုပ်သူ ဂျယ်ရီ ဝိန်းထရပ်၏ သဲကန္တာရအတွင်းမှ အိုအေစစ်စံအိမ် အရောင်းဈေးကွက်ဝင်လာ

The Karate Kid အပါအဝင် ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကားများ ထုတ်လုပ်သူ ဂျယ်ရီ ဝိန်းထရပ်၏ သဲကန္တာရအတွင်းမှ အိုအေစစ်စံအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
9 Apr 2019 11:10 am တွင် တင်ခဲ့သည်
1278 ကြိမ် ကြည့်ရှု့ပြီး

ဂျယ်ရီ ဝိန်းထရပ်၏ အမည်ရင်းမှာ ဂျရိုမီ ချားလ်စ် ဝိန်းထရပ်ဖြစ်ပြီး အမေရိကန်ရုပ်ရှင်ထုတ်လုပ်သူ၊ သရုပ်ဆောင်တစ်ဦးဖြစ်ကာ ၁၉၃၇ ခုနှစ်တွင် မွေးဖွားပြီး ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၆ ရက်တွင် ကွယ်လွန်ခဲ့သည်။

ဂျယ်ရီ ဝိန်းထရပ်သည် ကမ္ဘာကျော်တေးဂီတပွဲကြီးများစွာ စီစဉ်သူအဖြစ် များစွာအောင်မြင်မှုရရှိခဲ့ပြီး အဲလ်ဗစ် ပရက်စလေ၊ ဖရန့်ခ် စီနာထရာ၊ The Four Seasons ၊ နီးလ် ဒိုင်းမွန်း၊ ဘော့ပ် ဒိုင်လန်၊ Led Zeppelin ၊ Three Dog Night နှင့် The Carpenters တို့ကဲ့သို့ ကမ္ဘာကျော်တို့၏ ဂီတပွဲများစွာ စီစဉ်ခဲ့သည်။

တေးဂီတပွဲများ စီစဉ်သူအဖြစ်အောင်မြင်ပြီးနောက်ပိုင်း ရုပ်ရှင်များစွာလည်း ထုတ်လုပ်ခဲ့ရာ Nashville (၁၉၇၅)၊ Barry Levinson's Diner (၁၉၈၂), The Karate Kid (၁၉၈၄) (၂၀၁၀) နှင့် Ocean's Eleven (၂၀၀၁)တို့မှာ ကမ္ဘာကျော်သည်။

ယခုအခါ ဂျယ်ရီ ဝိန်းထရပ်နေထိုင်ခဲ့သော ကယ်လီဖိုးနီးယားပြည်နယ်၊ Palm Desert ရှိ စံအိမ်ကို ကန်ဒေါ်လာ ၆ ဒသမ ၈၂၅ သန်းဖြင့် ရောင်းထုတ်လိုက်ပြီ ဖြစ်ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ခမ်းနားထည်ဝါလှသော ခေတ်မီစံအိမ်ကြီးတွင် ဘေးချင်းယှဉ်လျက်တည်ရှိသော ရေကူးကန်နှစ်ခု ပါဝင်သည်။

စံအိမ်အတွင်း ဆလိုက်မှန်တံခါးများမှသည် အဝေးထိန်းစနစ်သုံး မီးလင်းဖိုများအထိ အရာအားလုံးနီးပါးမှာ အလိုအလျောက်စနစ်ဖြစ် ကြသည်။

ဖျော်ဖြေပွဲများ စီစဉ်တင်ဆက်ခြင်းဘက်၌ အထုံပါသူ ဝိန်းထရပ်က အဆိုပါနေအိမ်ကို ၂၀၀၀ ပြည့်လွန် အစောပိုင်းကာလများတွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ပါတီပွဲများကျင်းပရန်၊ ဧည့်သည်များ ဧည့်ခံရန် ရည်ရွယ်ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ ဂျော့ခ်ျကလူးနေးနှင့် မတ်ထ်ဒါမွန်ကဲ့သို့သော ထိပ်တန်းအကျော်အမော်များစွာကို ဧည့်ခံခဲ့သည်။

“သူက ဖျော်ဖြေပွဲတွေလုပ်ဖို့ တကယ်ကောင်းတဲ့အိမ်မျိုးကို လိုချင်ခဲ့တာဖြစ်တာကြောင့် အိမ်တွင်း၊ အိမ်ပြင် ဧည့်ခံနေထိုင်နိုင်မယ့် နေရာများစွာ ဆောက်လုပ်ခဲ့ပါတယ်”ဟု ဈေးကွက်တင်ပေးခဲ့သည့် the Agency ကုမ္ပဏီမှ အကျိုးဆောင် ရစ်ချတ် ဘာသိုလိုမြူက ပြောကြားသည်။

ဝိန်းထရပ်သည် ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၆ ရက်တွင် ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်တာဘာဘရာ၌ ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန် တွင် အသက် ၇၇ နှစ်ရှိပြီ ဖြစ်သည်။

ဝိန်းထရပ်သည် ရေကူးကန်ကို နေအိမ်အနီးတွင် အလွန်နီးကပ်စွာ တည်ရှိနေရန် ဒီဇိုင်းရေးဆွဲ ဆောက်လုပ်ခဲ့ရာ သူ၏ ရေချိုးခန်းမှ ရေကူးကန်သို့ တိုက်ရိုက်သွားရောက် ရေကူးနိုင်ကြောင်း မစ္စတာ ဘာသိုလိုမြူးက ဆက်လက်ပြောကြားသည်။

ဝိန်းထရပ်၏နေအိမ်မှာ Bighorn Country Club ဝန်းအတွင်း တည်ရှိပြီး ပင်မနေအိမ်မှာ စတုရန်းပေ ၉၁၅၀ အကျယ်အဝန်းရှိသည်။

ဈေးကွက်သို့ ပထမဆုံးစတင်ရောက်ရှိခဲ့ချိန်ကခေါ်ဈေးမှာ နောက်ဆုံးရောင်းထွက်သွားသည့်ဈေးထက် နှစ်ဆကျော် ပိုမိုများပြားသည်။

Bighorn Country Club ၏ အရောင်းဘက်ဌာနမှတဆင့် ၂၀၁၆ ခုနှစ်အတွင်း ဈေးကွက်တင်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်ကခေါ်ဈေးမှာ ကန်ဒေါ်လာ ၁၆ သန်း ဖြစ်သည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service