လေလံငွေ သိန်း ၁၅၀၀ ကိုစွန့်လွှတ်ပြီး ယာဉ်ရပ်နားခ မကောက်ရန် မန္တလေး စည်ပင်သတ်မှတ်

လေလံငွေ သိန်း ၁၅၀၀ ကိုစွန့်လွှတ်ပြီး ယာဉ်ရပ်နားခ မကောက်ရန် မန္တလေး စည်ပင်သတ်မှတ် - Property News in Myanmar from iMyanmarHouse.com
8 Apr 2019 11:57 am တွင် တင်ခဲ့သည်
3462 ကြိမ် ကြည့်ရှု့ပြီး

ဒီနေ့ဧပြီလ ၇ ရက်နေ့ကစလို့ မန္တလေးမြို့တွင်း ၇ နေရာမှာ ယာဉ်ရပ်နားခပေးစရာမလိုတော့ဘူးလို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရဲ့သတင်းထုတ်ပြန် အရသိရပါတယ်။

ချမ်းအေးသာစံမြို့နယ်အတွင်းက ဆေးရုံကြီးရှေ့ လမ်း ၃၀(၇၄ လမ်းမှ ၇၈ လမ်းအထိ)၊ လမ်း ၈၀(၂၇ လမ်းမှ ၃၃ လမ်းအထိ)၊ ၈၂ လမ်း(၂၆ လမ်းမှ လမ်း ၃၀ အထိ)၊ ၈၃ လမ်း(၂၆ လမ်းမှ လမ်း ၃၀ အထိ)၊ ၈၄ လမ်း(၂၆ လမ်းမှ ၂၈ လမ်းအထိ)၊ ၂၆ လမ်း( လမ်း ၈၀ မှ ၈၄ လမ်းအထိ) နဲ့ ၃၅ လမ်း(လမ်း ၈၀ မှ ၈၄ လမ်းအထိ)တို့မှာ ဒီနေ့ကစလို့ ယာဉ်ရပ် နားခပေးစရာမလိုတော့တာပဲဖြစ်ပြီး ပုံမှန်ကောက်ခံလျက်ရှိတဲ့ ယာဉ်ရပ်နားကန့်သတ်ကောက်ခံခွင့်ပြုထားတဲ့အဲဒီလေလံနေရာ ၇ နေရာကို ယာဉ်ရပ်နားခကောက်ခံတဲ့စနစ် ဖျက် သိမ်းလိုက်တာလည်းဖြစ်တယ်လို့ မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်ကဆိုပါတယ်။

လမ်းအသုံးပြုကြသူတွေ အဆင်ပြေစေဖို့အတွက် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ပြောင်းလဲမှုတစ်ခုလုပ်ဆောင်ပေးလိုက်တာဖြစ်တယ်လို့သိရပြီး ဒါနဲ့ပတ်သက် လို့လည်း မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်က "လေလံမှရရှိမည့်ငွေမှာ တစ်နှစ်မှာ သိန်း ၁၅၀၀ ကျော်ရရှိမည်ဖြစ်သော်လည်း မြို့တော်နေပြည်သူများအတွက် ငွေကြေးကိုအဓိကမထားပါ၊ မြို့တော်ပြည်သူများအတွက် အမြဲဂရုတစိုက်ပြောင်းလဲပေးနေတဲ့မြို့တော်စည်ပင်ပါ" လို့ သူ့ရဲ့တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားဖော်ပြထား ပါတယ်။

“ကားတစ်စီးဝယ်လိုက်ကတည်းက နိုင်ငံတော်အတွက်အခွန်တွေအများကြီးရပြီးသားပါ၊ ဒါကိုမှ ဘာကြေးညာကြေးဆိုပြီးဆက်ကောက်နေတာက မဖြစ်သင့်ဘူးလို့ပဲမြင်ပါတယ်၊ ကားရပ်နားခလည်းမကောက်နဲ့ နောက်တစ်ခုက မြို့ဝင်ကြေးဆိုတာတွေလည်း ဖျက်သိမ်းသင့်နေပါပြီ” လို့ မန်းမြန်မာပလာဇာမှာ အထည်ဆိုင်ဖွင့်လှစ်ထားတဲ့ ဒေါ်ဝင်းလဲ့ရည်က သူ့အမြင်ကို ပြောပါတယ်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာနအနေနဲ့ ၂၀၁၈ ဘဏ္ဍာရေးနှစ် ကျန်ကာလ ၆ လ နဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ၁ နှစ်၊ စုစုပေါင်း ၁ နှစ်နဲ့ ၆ လအတွက် အဆိုပါလေလံမှရရှိငွေဟာ ကျပ်သိန်းပေါင်းနှစ်ထောင်ကျော်ရှိတယ်လို့သိရပါတယ်။

Credit: Duwun

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service