ပြည်မြို့တွင် ဘာကြောင့် ဟိုတယ် ၆ လုံး ထပ်မံ တည်ဆောက်တာလဲ

ပြည်မြို့တွင် ဘာကြောင့် ဟိုတယ် ၆ လုံး ထပ်မံ တည်ဆောက်တာလဲ - Property News in Myanmar from iMyanmarHouse.com
8 Apr 2019 10:55 am တွင် တင်ခဲ့သည်
4749 ကြိမ် ကြည့်ရှု့ပြီး

ပဲခူးတိုင်းဒေသကြီး ပြည်မြို့သို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသွား ဧည့်သည်အရေအတွက် တိုးလာသောကြောင့် ဟိုတယ် ၆ လုံးထပ်မံတည်ဆောက်မည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှုး ဦးဟောက်ကျင်မုန်ပြောကြားချက်အရ သိရသည်။

ပြည်ခရိုင်အတွင်း ပြည်တွင်းပြည်ပ ခရီးသွားတည်းခိုနိုင်သည့် ဟိုတယ်ပေါင်း ၆၄၇ ခန့် ရှိရာမှ ယခုအခါ ဟိုတယ်လုပ်ငန်းလိုင်စင်လျှောက်ထားဆဲ ဟိုတယ်သုံးလုံးနှင့် ဆောက်လုပ်ခွင့်တင်ထားသော ဟိုတယ်သုံးလုံး ရှိသောကြောင့် လာမည့်နှစ်တွင် ဟိုတယ်များ ထပ်မံတိုးလည်မည်ဖြစ်ကြောင်း သိရသည်။

" ပြည်ပခရီးသွားကတော့ ၁၀၀၀၀ ကျော် တိုးလာတာ တွေ့ရပါတယ်။ အနောက်နိုင်ငံကဆို အီတလီ၊ ဂျာမနီ စသဖြင့် အများစုလာတယ်။ အရှေ့တိုင်းဘက်ကဆိုရင် တရုတ်၊ ဂျပန်နဲ့ ကိုရီးယားဘက်က လာတာများပါတယ်။ အဓိကကတော့ ယူနက်စကို စာရင်းဝင်နေရာတွေကို လာလည်ကြတာများပါတယ် " ဟု ၎င်းက ပြောသည်။

ပြည်မြို့ရှိ ဟိုတယ်များတွင် တည်းခိုသော စာရင်းများအရ ၂၀၁၇ ခုနှစ်တွင် ပြည်ပခရီးသွားဧည့်သည်အရေအတွက်မှာ ၂၀၀၀ ခန့်သာရှိသော်လည်း ၂၀၁၈ ခုနှစ်တွင် ၁၂၂၅၇ ဦး အထိ တိုးတက်လာခြင်းဖြစ်ကြောင်း သိရသည်။

ပြည်မြို့သို့ နိုင်ငံခြားသားခရီးသွားများသည် ကုန်းလမ်းမှ လာရောက်သည့်အပြင် ဧရာဝတီမြစ်ကြောင်းမှ သဘောင်္ခရီးစဉ်များဖြင့် လာရောက်မှုများရှိပြီး ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခေတ္တရာပျူမြို့ဟောင်းနှင့် ပြည်မြို့ တစ်ဖက်ကမ်း၊ ထုံးဘိုရှိ အကောက်တောင်သို့ အဓိကထားလည်ပတ်လေ့ ရှိကြောင်း သိရသည်။

Credit: Pyi Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service