ကနေဒါကုမ္ပဏီကြီး Brookfield က တရုတ်ပြည်၊ ရှန်ဟိုင်းရှိ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အဆောက်အအုံကြီးတစ်ခုကို ကန်ဒေါ်လာ ၂ ဘီလီယံဖြင့် ဝယ်ယူရန် မျက်စိကျနေ

ကနေဒါကုမ္ပဏီကြီး Brookfield က တရုတ်ပြည်၊ ရှန်ဟိုင်းရှိ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အဆောက်အအုံကြီးတစ်ခုကို ကန်ဒေါ်လာ ၂ ဘီလီယံဖြင့် ဝယ်ယူရန် မျက်စိကျနေ - Property News in Myanmar from iMyanmarHouse.com
5 Apr 2019 12:27 pm တွင် တင်ခဲ့သည်
706 ကြိမ် ကြည့်ရှု့ပြီး

ကနေဒါအခြေစိုက် ကုမ္ပဏီကြီးဖြစ်သော Brookfield သည် တရုတ်ပြည်၊ ရှန်ဟိုင်းရှိ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အဆောက်အအုံကြီး တစ်ခုကို ကန်ဒေါ်လာ ၂ ဘီလီယံဖြင့် ဝယ်ယူရန် စီစဉ်နေကြောင်း စင်္ကာပူအခြေစိုက် စီးပွားရေးသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

Brookfield Strategic Real Estate Partners III သည် ရှန်ဟိုင်းရှိ ရုံးခန်းတာဝါ ၃ ခုနှင့် Greenland Huangpu စင်တာရှိ လက်လီ ဈေးဝယ်စင်တာ တစ်ခုတို့ကို ဝယ်ယူရန် သုံးသပ်နေပြီး အသေးစိတ်အချက်အလက်များကိုမူ ထုတ်ပြန်ခြင်းမရှိသေးချေ။

အရောင်းအဝယ်ဖြစ်မည်ဆိုပါက ယခုပမာဏအရောင်းအဝယ်မှာ တရုတ်တွင် နိုင်ငံခြားကုမ္ပဏီတစ်ခု၏ အကြီးမားဆုံး ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အိမ်ခြံမြေဝယ်ယူမှုတစ်ခု ဖြစ်လာမည် ဖြစ်သည်။

ပြီးခဲ့သော ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလအတွင်း စင်္ကာပူမှ CapitaLand နှင့် GIC Pte ကုမ္ပဏီတို့သည် ရှန်ဟိုင်းမြို့၏ အမြင့်မားဆုံး အမြွှာတာဝါများကို ယွမ်ငွေ ၁၂ ဒသမ ၈ ဘီလီယံ (စင်္ကာပူဒေါ်လာ ၂ ဒသမ ၅၈ ဘီလီယံ) ဖြင့် ဝယ်ယူခဲ့ဖူးသည်။

အဆိုပါ အရောင်းအဝယ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတစ်ဦးက ရှန်ဟိုင်းတွင် အကြီးမားဆုံးပြုလုပ်ခဲ့သည့် အိမ်ခြံမြေဝယ်ယူမှုတစ်ခု ဖြစ်ခဲ့ကြောင်း CBRE Group က ဖော်ပြခဲ့ဖူးသည်။

Brookfield သည် ၎င်းတို့ရည်ရွယ်ထားသော ဝယ်ယူမှုများ ပြုလုပ်ရန်အတွက် ကန်ဒေါ်လာ ၁ ဘီလီယံခန့် ချေးငွေရယူရန် ဘဏ်များနှင့် ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

ယခုခြေလှမ်းမှာ Brookfield ၏ ပထမဆုံး တရုတ်ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုခြေလှမ်းတစ်ရပ် မဟုတ်ချေ။

ပြီးခဲ့သော ၂၀၁၃ ခုနှစ်အတွင်းကလည်း ဟောင်ကောင်အခြေစိုက် အိမ်ခြံမြေကုမ္ပဏီ Shui On Land က အကောင်အထည်ဖော်နေ သော ရှန်ဟိုင်းရှိ Xintiandi ဖျော်ဖြေရေးကွန်ပလက်စ်တွင် ကန်ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမြှုပ်နှံရန် သဘောတူညီထားခဲ့သည်။

ပြီးခဲ့သော ၂၀၁၈ ခုနှစ်အတွင်း စင်္ကာပူအခြေစိုက် ဂိုဒေါင်များလုပ်ကိုင်လည်ပတ်သည့် ကုမ္ပဏီ GLP နှင့်အတူ တရုတ်ပြည်တွင် ခေါင်မိုးပေါ် နေစွမ်းအင်ဆိုလာပြား စီမံကိန်းများ ပူးပေါင်းအကောင်အထည်ဖော်ခဲ့ဖူးသည်။

ထို့အပြင် ရှန်ဟိုင်းမြို့တွင် လက်လီဈေးဝယ်စင်တာ ၂ ခုကို ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် ဝယ်ယူခဲ့ဖူးသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service