ဗီယက်နမ် အိမ်ခြံမြေဈေးကွက်သို့ ဂျပန်မှ ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်း ဝင်ရောက်

ဗီယက်နမ် အိမ်ခြံမြေဈေးကွက်သို့ ဂျပန်မှ ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်း ဝင်ရောက် - Property News in Myanmar from iMyanmarHouse.com
5 Apr 2019 11:39 am တွင် တင်ခဲ့သည်
1042 ကြိမ် ကြည့်ရှု့ပြီး

ဗီယက်နမ် အိမ်ခြံမြေဈေးကွက်သို့ ဂျပန်စီးပွားရေးလုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်း ဝင်ရောက်လာလျက်ရှိနေကြောင်း အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်အခြေစိုက် TMS HOMES INC မှ General Director ငုယင် ဆွမ် ငေါင်က ဧပြီ ၄ ရက်တွင် ထုတ်ဖော်ပြောကြားသည်။

ဗီယက်နမ်သတင်းအေဂျင်စီနှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် သူမက ယင်းကဲ့သို့ ထုတ်ဖော်ပြောကြားလိုက်ခြင်းဖြစ်ပြီး လာမည့် ရက်သတ္တပတ်အတွင်း တိုကျို၊ အိုဆာကာနှင့် ဖူကူအိုကာတို့တွင် TMS Homes ၏ မိခင်ကုမ္ပဏီ TMS Group က ကမကထပြု ကျင်းပ မည့် ရင်းနှီးမြှုပ်နှံမှုမြင့်တင်ရေးဆိုင်ရာကွန်ဖရင့်များ မတိုင်မီ ယခုကဲ့သို့ ထုတ်ဖော်ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။

အဆိုပါကွန်ဖရင့်များ၏ အဓိကရည်ရွယ်ချက်မှာ TMS Group က ဗီယက်နမ်တွင် အကောင်အထည်ဖော်နေသည့် အိမ်ခြံမြေစီမံကိန်းများ အတွက် မိတ်ဖက်များ ရှာဖွေနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။

ကွန်ဖရင့်ပွဲများ ကျင်းပရန်နေရာအတွက် ဂျပန်ကို ပထမဦးစားပေးအဖြစ် ရွေးချယ်ရခြင်းမှာ ဂျပန်သည် ဗီယက်နမ်၏ အရေးအကြီးဆုံး စီးပွားရေးမိတ်ဖက်များတွင် ပါဝင်သောကြောင့်ဖြစ်ကြောင်းလည်း ငုယင် ဆွမ်ငေါင်က ထုတ်ဖော်ပြောကြားသည်။

ဂျပန်သည် ဗီယက်နမ်တွင် ဒုတိယအကြီးမားဆုံး ရင်းနှီးမြှုပ်နှံသည့်နိုင်ငံဖြစ်ပြီး စီမံကိန်း ၄၀၀၀ နီးပါးတွင် ကန်ဒေါ်လာ ၅၅ ဒသမ ၄ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံထားသည်။

ထို့အပြင် ဗီယက်နမ်သို့ ဝင်ရောက်သည့် ကမ္ဘာ့လှည့်ခရီးသွားဦးရေပမာဏတွင်လည်း ဂျပန်သည် တတိယနေရာတွင် ရပ်တည်နေပြီး ၂၀၁၇ ခုနှစ်အတွင်း လာရောက်လည်ပတ်သူ ၈၀၀၀၀၀ ခန့်အထိ ရှိခဲ့သည်။

ကုန်သွယ်မှုကဏ္ဍတွင်လည်း ဂျပန်သည် စတုတ္ထနေရာတွင် ရပ်တည်နေပြီး ၂၀၁၇ ခုနှစ်အွင်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ ကန်ဒေါ်လာ ၃၃ ဒသမ ၅ ဘီလီယံဖိုးခန့် ရှိခဲ့သည်။

ဗီယက်နမ်အိမ်ခြံမြေလောကသို့ ဂျပန်မှရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းဝင်ရောက်လျက်ရှိချိန်တွင် TMS Group က အဆိုပါအခြေအနေ၊ အခွင့်အလမ်းကို ဆုပ်ကိုင်ကာ ၎င်း၏စီမံကိန်းများ အကောင်အထည်ဖော်ရန်အတွက် မိတ်ဖက်များ ရှာဖွေရန် ကြိုးပမ်းလာခြင်းလည်း ဖြစ်သည်။

TMS Group သည် ဂျပန်မှမိတ်ဖက်များနှင့် ၁၅ နှစ်ကျော် လက်တွဲလုပ်ကိုင်ဖူးသည့် အတွေ့အကြုံများ ရှိထားသည်။

TMS Group သည် အိမ်ခြံမြေလုပ်ငန်းအပြင် ဂျပန်လုပ်ငန်းရှင်များနှင့် လက်တွဲကာ ပညာရေးနှင့် ကျန်းမာရေးလုပ်ငန်းများလည်း တိုးချဲ့ လုပ်ကိုင်သွားရန် ရည်မှန်းထားကြောင်း ငုယင် ဆွမ်ငေါင်က ဆက်လက်ပြောကြားသည်။

TMS Group ကို ၂၀၀၄ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး အိမ်ခြံမြေလုပ်ငန်း၊ လူ့စွမ်းအားအရင်းအမြစ် ပံ့ပိုးရေး၊ ပညာရေး၊ ကုန်သွယ်ရေး ဝန်ဆောင်မှု၊ အဆင့်မြင့် နည်းပညာသုံး စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ပြီး အိမ်ခြံမြေကဏ္ဍမှာမူ ပင်မလုပ်ငန်းဖြစ်သည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service