မန္တလေး နာမည်ကြီး ဟိုတယ် ၃ ခု စည်ပင်ပိုင် မြေငှားခ တိုးမြှင့်ရန် အဆင်မပြေသေး

မန္တလေး နာမည်ကြီး ဟိုတယ် ၃ ခု စည်ပင်ပိုင် မြေငှားခ တိုးမြှင့်ရန် အဆင်မပြေသေး - Property News in Myanmar from iMyanmarHouse.com
5 Apr 2019 11:30 am တွင် တင်ခဲ့သည်
1473 ကြိမ် ကြည့်ရှု့ပြီး

မန္တလေး စည်ပင်သာယာရေးကော်မတီပိုင် မြေပေါ်တွင် ဖွင့်လှစ်ထားသော နာမည်ကြီး ဟိုတယ် ၃ လုံး၏မြေငှားခ တိုးမြှင့် ကောက်ယူရန် ညှိနှိုင်းမှု အဆင်မပြေသေးကြောင်း သတင်း ရရှိသည်။

မန္တလေး မြို့တော်ဝန် ဒေါက်တာ ရဲလွင်က“တဖက် စာချုပ်ဝင် ကုမ္ပဏီ သဘောတူညီမှု မရရှိဘဲ တဖက်သတ် တိုးမြှင့် သတ်မှတ်ပါက ပဋိညာဉ် ဥပဒေ ချိုးဖောက်သည့် တာဝန် ရှိလာမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

မန္တလေးမြို့တွင်းရှိ အချက်အချာကျပြီး နေရာ ကျယ်ဝန်းသည့် စည်ပင်ပိုင် မြေပေါ်တွင် နှစ်ရှည် ငှားရမ်း ဖွင့်လှစ်ထားသော ဟိုတယ် မန္တလေး၊ မန္တလေး စီးတီးဟိုတယ်နှင့် မင်းသားကြီး စသည့် ဟိုတယ် ၃ ခု၏ မြေငှားရမ်းခများနှင့် ပတ်သက်၍ ကာလပေါက်ဈေး အတိုင်း တိုးမြှင့်ရန် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်ဟု ၎င်းက ပြောဆိုသည်။

မန္တလေးမြို့တွင်း၌ တည်ရှိပြီး မြေဧရိယာ ၆ ဧကကျော် ကျယ်သော မင်းသားကြီး ဟိုတယ်၏ မြေငှားခမှာ တလ ၆ သိန်း ကျော်၊ မြေဧရိယာ ၁ ဧကခွဲခန့် ကျယ်သော ဟိုတယ် မန္တလေး၏ တလစာ မြေငှားခ တသိန်းကျော်၊ ၁ ဧက ကျော် ကျယ်သော မန္တလေး စီးတီး ဟိုတယ်၏ တလစာ မြေငှားခသည် ၁၁ သိန်းကျော်သာ ကျသင့်နေသဖြင့် နွား ထိုးကြီး မြို့နယ် မဲဆန္ဒနယ် တိုင်းလွှတ် တော် ကိုယ်စားလှယ် ဒေါ်ငြိမ်းသက်နွယ်က လွှတ်တော်၌ မေးခွန်းထုတ်ခဲ့ သည်။

၎င်းက ဆက်လက်၍ ယခင်အစိုးရ လက်ထက်က ချုပ်ဆိုခဲ့သော စာချုပ်များ ဖြစ်သော်လည်း လက်ရှိ အစိုးရက ကာလ ပေါက်ဈေးနှင့်အညီ မြေငှားခများ တိုးမြှင့် ကောက်ခံမှု မရှိသေးသည့် အတွက် မေးမြန်းခြင်း ဖြစ်ကြောင်း ဆိုသည်။

ထိုသို့ မေးမြန်းမှု အပေါ် မန္တလေး မြို့တော်ဝန် ဒေါက်တာ ရဲလွင်က စာချုပ် ချုပ်ဆို ငှားရမ်းထားသော ကုမ္ပဏီ နှစ်ခု ဘက်မှ မြေငှားခ တိုးမြှင့် ပေးဆောင်ရပါက ၎င်းတို့ ပြန်လည် တင်ပြ တောင်းဆိုခြင်းများ ရှိသည့်အပြင် ပဋိညာဉ် ဥပဒေ အရ တဖက်သတ် ဆောင်ရွက်ခွင့် မရှိသဖြင့် နှစ်ဖက် ပြေလည်စေရန် ညှိနှိုင်းရခြင်း ဖြစ်သည်ဟု ရှင်းပြသွားသည်။

ချမ်းမြသာစည် မြို့နယ် မဲဆန္ဒနယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက“ဒီဟိုတယ် ၃ ခုကို အရင် အစိုးရ က စာချုပ်ခဲ့တာမို့ လုပ်ရကိုင်ရတာ အခက်အခဲရှိတယ် ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် အဲဒီလို စာချုပ်ခဲ့စဉ်တုန်းကရော စည်းမျဉ်း စည်းကမ်းနဲ့အညီ လုပ်ခဲ့ရဲ့လား ထောက်ပြ ဆွေးနွေးတာပါ”ဟု ဧရာဝတီကို ပြောသည်။

၎င်းသည် ၂၀၁၆ ခုနှစ်က ပြုလုပ်ခဲ့သော ဒုတိယအကြိမ် မန္တလေးတိုင်း ဒေသကြီး လွှတ်တော် ပထမ ပုံမှန် အစည်း အဝေးတွင် ပုဂ္ဂလိကသို့ စည်ပင်ပိုင်မြေများ ငှားရမ်းထားသည့် အပေါ် ငှားရမ်းခများသည် ကာလပေါက်ဈေးနှင့် အဆမတန်နည်းပါးနေခြင်းနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည့် ကိုယ်စားလှယ်တဦးလည်း ဖြစ်သည်။

ဦးမြင့်အောင်မိုးက ဆက်လက်၍“အခု အစိုးရ လက်ထက်မှာ ပုဂ္ဂလိကကိုငှားထားတဲ့ စည်ပင်ပိုင် မြေငှားခ တော်တော် များများကို ၅ ဆလောက် အထိ ဈေးတက်လိုက်တာ တွေ့ပါတယ်။ ဒါပေမယ့် ဒီ ဟိုတယ် ၃ခုက ကျန်နေတယ်။ ဘာကြောင့်လဲ၊ ဘာတွေ အခက်အခဲ ရှိလို့လဲ အစိုးရဘက်က မလုပ်နိုင်ရင် လွှတ်တော်က ဘယ်လို ပူးပေါင်းပြီး ဖြေရှင်း လို့ ရနိုင်မလဲ ဆိုတာ အဖြေရှာဖို့ မေးတာပါ”ဟု ပြောဆိုသည်။

ရွှေမန္တလေး အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးနေလင်းအောင် က လက်ရှိ အိမ်ခြံမြေ ကာလ ပေါက်ဈေးအရ အကြမ်းဖျင်း တွက်ချက်ပါက ဟိုတယ် မန္တလေး ကဲ့သို့ နေရာနှင့် မြေအကျယ်အဝန်းရှိ ဧရိယာ အတွက် တနှစ် မြေငှား ခမှာ ကျပ်သန်း ၄၀၀ အထက်၊ မန္တလေး စီးတီး ဟိုတယ် နေရာဆိုပါက တနှစ်ကျပ် သန်း ၁၈၀ ခန့်၊ မင်းသားကြီး ဟိုတယ် နေရာဆိုပါက တနှစ် ကျပ်သန်း၂၅၀ ခန့်ဖြင့် ပေါက်ဈေး ရှိကြောင်း၊ ပုဂ္ဂလိက အိမ်ခြံ မြေငှားရမ်းမှု အများစု သည် တနှစ်တကြိမ် ၁၀ ရာခိုင်နှုန်းထက် မပိုသော နှုန်းဖြင့် ဈေးတက်လေ့ ရှိကြောင်း ပြောသည်။

မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများ အသင်း၏ အထွေထွေ အတွင်းရေးမှူး ဦးသိန်းသန်းဦးက“ပဋိညာဉ် ဥပဒေဆိုတာ ဥပဒေနဲ့ အညီ၊ အဖိုးစားနားနဲ့အညီ ချုပ်ဆိုတဲ့ စာချုပ်ကိုမှ ပဋိညာဉ် မြောက်တယ်လို့ ခေါ်နိုင်ပါတယ်။ ဒီ စာချုပ် တွေ ချုပ်ဆိုစဉ်က ဒီနေရာတွေဟာ အဲဒီ ဈေးနှုန်းတော့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဒါဟာ မမှန်မကန် ချုပ်ဆို ထားတာ မို့ ပဋိညာဉ် ပျက်ပြယ်ပါတယ်။ အဲဒါကြောင့် ဒါကို ပြင်ဆင်ဖို့ တဖက်ကသဘောမတူလည်း ပြန်ပြင်ခွင့် ရှိသလို တရားစွဲ ဆို နိုင်တယ်”ဟု ဧရာဝတီကို ပြောပြသည်။

ပဋိညာဉ် ဥပဒေသည် ၁၈၀၀ ပြည့်နှစ်ကျော်က ရေးဆွဲ ပြဋ္ဌာန်းခဲ့သည့် ဥပဒေ တရပ်ဖြစ်ပြီး အဆိုပါ ဥပဒေ ပုဒ်မ ၂၃ အရ စာချုပ် ချုပ်ဆိုရာတွင် ဥပဒေနှင့် မညီခြင်း၊ တန်ရာတန်ကြေးအား မမှန်မကန် ကွယ်ဝှက် ချုပ်ဆိုခြင်း ဖြစ်ပါက ပဋိညာဉ် ပျက်ပြယ်ပြီး မှားယွင်းသည့် စာချုပ် အဖြစ် သတ်မှတ်နိုင်သည်ဟု သိရသည်။

ရှေ့နေ ဦးသိန်းသန်းဦးက “မြို့တော်ဝန်ကို ဒီဥပဒေနဲ့ ပတ်သက်ပြီး အကြံပေးတဲ့သူက နည်းနည်း လွဲနေပုံရတယ်။ ရှေ့နေအစစ်တွေကို မေးပြီး ကိုယ့် ပြည်သူ့ ဘဏ္ဍာတွေ အမိအရ ကာကွယ်ပါလို့ပဲ ပြောချင်တယ်” ဟု ပြောသည်။

ယခု သီတင်းပတ် အတွင်း ပြုလုပ်ခဲ့သော ဒုတိယအကြိမ် မန္တလေးတိုင်း လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန် အစည်း အဝေးတွင် တိုင်းစာရင်း စစ်ချုပ်က တင်သွင်းသော၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေ အရအသုံး စာရင်း စစ်ဆေး တွေ့ရှိချက် အစီရင်ခံစာ အပေါ် လွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်းအစိုးရ အဖွဲ့တို့က မေးမြန်း ဖြေကြားခြင်းများ ပြုလုပ်ခဲ့သည်။

တိုင်းစာရင်း စစ်ချုပ် အစီရင်ခံစာတွင် စည်ပင်သာယာရေး ကဏ္ဍနှင့် ပတ်သက်၍ စည်ပင်ပိုင် မြေငှားရမ်းခြင်းမှ ရရှိသော အခွန်အခများလည်း ပါဝင်ရာ ယင်းအပေါ် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

 

Credit: irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service