ကမ္ဘာ့အရောင်းရဆုံးအဆိုတော်များတွင် တစ်ဦးအပါအဝင်ဖြစ်သူ အင်္ဂလန်အဆိုတော် အက်ဒ်ရှီရန်းက လန်ဒန်တွင် ပေါင် ၄၂ သန်း သုံးစွဲကာ နေအိမ်များစွာ ဝယ်ယူပြီး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်

ကမ္ဘာ့အရောင်းရဆုံးအဆိုတော်များတွင် တစ်ဦးအပါအဝင်ဖြစ်သူ အင်္ဂလန်အဆိုတော် အက်ဒ်ရှီရန်းက လန်ဒန်တွင် ပေါင် ၄၂ သန်း သုံးစွဲကာ နေအိမ်များစွာ ဝယ်ယူပြီး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ် - Property News in Myanmar from iMyanmarHouse.com
4 Apr 2019 10:54 am တွင် တင်ခဲ့သည်
1199 ကြိမ် ကြည့်ရှု့ပြီး

အက်ဒ်ရှီရန်းသည် အင်္ဂလိပ်လူမျိုး တေးရေး၊ တေးဆို၊ ဂစ်တာသမား၊ တေးထုတ်လုပ်သူ၊ ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်ပြီး ၁၉၉၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်တွင် မွေးဖွားသည်။

အသက် ၁၈ နှစ်အရွယ် ၂၀၀၉ ခုနှစ်တွင် အင်္ဂလန်တောင်ပိုင်း ဂဲလ်ဖော့ဒ်မြို့ကလေးရှိ ခေတ်ပြိုင်ဂီတအကယ်ဒမီတွင် တက်ရောက် ပညာဆည်းပူးခဲ့သည်။

Asylum Records တေးထုတ်လုပ်ရေးနှင့် စာချုပ်ချုပ်ဆိုပြီး ပွဲဦးထွက်တေးအယ်လ်ဘမ် “+” (ပလပ်စ်-ဟု အသံထွက်) ကို ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလတွင် ထုတ်လုပ်ခဲ့သည်။

အဆိုပါတေးအယ်လ်ဘမ်သည် ဗြိတိန်နှင့် သြစတေးလျတွင် ရောင်းအားအကောင်းဆုံး ထိပ်ဆုံးနေရာများတွင် ရပ်တည်ခဲ့ပြီး အမေရိကန်ပြည်တွင် ပဉ္စမနေရာ၌ ရပ်တည်ခဲ့ကာ ဗြိတိန်တွင် ပလက်တီနမ်ဓာတ်ပြားဆု ၇ ကြိမ်တိုင် ရရှိခဲ့သည်။

ယင်းအယ်လ်ဘမ်အတွင်း "The A Team" အမည်ရှိ တေးသီချင်းပါဝင်ခဲ့ပြီး အဆိုပါသီချင်းသည် တေးဂီတအရ၊ စာသားအရ အကောင်းဆုံးအဖြစ် Ivor Novello Award ရရှိခဲ့သည်။ "The A Team" သည် ၂၀၁၃ ခုနှစ်၊ ဂရမ်မီဆုပေးပွဲအတွက် Song of the Year အဖြစ် အမည်စာရင်းတင်သွင်းခံခဲ့ရပြီး ဆုပေးပွဲတွင် အဆိုပါသီချင်းကို အက်ဒ်ရှီရန်းက အယ်လ်တန်ဂျွန်နှင့်အတူ တွဲဖက်သီဆိုခဲ့သည်။

ဒုတိယမြောက်အယ်လ်ဘမ် “x” (မာလ်တီပလိုင်း-ဟု အသံထွက်) ကို ၂၀၁၄ ခုနှစ်၊ ဇွန်လတွင် ထုတ်လုပ်ခဲ့သည်။

ယင်းအယ်လ်ဘမ်သည် ဗြိတိန်နှင့် အမေရိကတွင် နံပါတ်တစ်ချိတ်ဆွဲခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် Album of the Year အဖြစ် Brit Award ဆု ရရှိခဲ့သည်။

ထိုအယ်လ်ဘမ်အတွင်းမှ "Thinking Out Loud" သီချင်းဖြင့် ၂၀၁၆ တွင် Song of the Year နှင့် Best Pop Solo Performance ဂရမ်မီ ၂ ဆု ရရှိခဲ့သည်။

တတိယအယ်လ်ဘမ် ÷ ( ဒဗိုက်ဒ်-ဟုအသံထွက်) ကို ၂၀၁၇ ခုနှစ်၊ မတ်လတွင် ထုတ်လုပ်ခဲ့ပြီး ဗြိတိန်၊ အမေရိကနှင့် အခြားအရေးပါသော ဈေးကွက်များစွာတွင် နံပါတ် ၁ နေရာ၌ ရပ်တည်ခဲ့သည်။

အက်ဒ်ရှီရန်းသည် ကမ္ဘာတစ်ဝန်းတွင် တေးအယ်လ်ဘမ်ချပ်ရေ သန်း ၁၅၀ ကျော် ရောင်းချထားရပြီးဖြစ်ကာ ကမ္ဘာ့အရောင်းရဆုံး ဂီတအနုပညာရှင်များတွင် တစ်ဦးအပါအဝင်အဖြစ် ရပ်တည်နေသည်။

ယခုအခါ အက်ဒ်ရှီရန်းက အိမ်ခြံမြေဈေးကွက်တွင် ခြေချလာပြီး ပေါင် ၄၂ သန်းခန့် သုံးစွဲကာ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာသည်။

အသက် ၂၈ နှစ်ရှိပြီဖြစ်သော အက်ဒ်ရှီရန်းသည် လန်ဒန်နှင့် ဆပ်ဖော့ခ်တို့တွင် နေအိမ်ခန်းနှင့် နေအိမ်ပေါင်း ၁၈ ခု၊ လန်ဒန်မြို့ အနောက်ပိုင်း နော့တင်ဟေးလ်အရပ်တွင် စားသောက်ဆိုင်တစ်ခု ပိုင်ဆိုင်ထားကြောင်း The Sun သတင်းတစ်ရပ်တွင်လည်း ဖော်ပြသည်။

“သူဟာ အိမ်ခြံမြေဈေးကွက်ကို ငွေကြေးအလုံးအရင်း ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ ဈေးကွက် ကြီးထွားနေဆဲဖြစ်တဲ့ လန်ဒန်ကို ဦးတည်မယ်ဆိုရင် ငှားခဈေးကောင်းကောင်းရဖွယ်ရှိပါတယ်”ဟု ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ဦးက ပြောကြားသည်။

ယခုအခါ အက်ဒ်ရှီရန်းသည် လန်ဒန်မြို့အနောက်ဘက် ဟမ်းမားစမစ်အရပ်တွင် လူနေခန်း ၆ ခန်းကို ပေါင် ၅ ဒသမ ၆ သန်းဖြင့် လည်းကောင်း၊ လန်ဒန်အနောက်ဘက် ဟော်လန်ပါ့ခ်အရပ်တွင် နေအိမ် ၃ လုံးကို ပေါင် ၇ ဒသမ ၇ သန်းဖြင့် လည်းကောင်း၊ လန်ဒန်အနောက်ဘက်တွင်ပင် တည်ရှိသောချစ်ဝစ်ခ်အရပ်တွင် နေအိမ် ၂ လုံးကို ပေါင် ၃ ဒသမ ၇ သန်းဖြင့်လည်းကောင်း ဝယ်ယူမှုများ ပြုလုပ်လာသည်။

အက်ဒ်ရှီရန်းသည် လန်ဒန်အနောက်ဘက် နော့တင်ဟေးလ်အရပ်တွင် စားသောက်ဆိုင်တစ်ခုနှင့် နေအိမ်တစ်လုံးကိုလည်း မကြာသေးမီကပင် ပေါင် ၂၁ ဒသမ ၃ သန်းဖြင့် ဝယ်ယူထားခဲ့သေးသည်။

အက်ရှီရန်းသည် ဆပ်ဖို့ခ်တွင် ပေါင် ၂ ဒသမ ၈ သန်းတန်ကြေးရှိ နေအိမ် ၄ လုံးလည်း ပိုင်ဆိုင်ထားပြီး ပြီးခဲ့သောနှစ်အတွင်းကလည်း ပေါ်တိုဘယ်လိုလမ်းရှိ ဂါလီစီယာ တာပက်စ်ဘားကိုလည်း ပေါင် ၁ ဒသမ ၅ သန်းဖြင့် ဝယ်ယူထားသေးသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service