တရုတ် - မြန်မာစီးပွားရေးစင်္ကြံကို နှစ်နိုင်ငံအတူတကွ တည်ဆောက်လျက်ရှိပြီး တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ပို့ဆောင်ရေး၊ လျှပ်စစ်၊ ဆက်သွယ်ရေး စသည့် အခြေခံအဆောက်အအုံတည်ဆောက်မှုများကို အားပေးမည်

တရုတ် - မြန်မာစီးပွားရေးစင်္ကြံကို နှစ်နိုင်ငံအတူတကွ တည်ဆောက်လျက်ရှိပြီး တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ပို့ဆောင်ရေး၊ လျှပ်စစ်၊ ဆက်သွယ်ရေး စသည့် အခြေခံအဆောက်အအုံတည်ဆောက်မှုများကို အားပေးမည် - Property News in Myanmar from iMyanmarHouse.com
4 Apr 2019 10:07 am တွင် တင်ခဲ့သည်
617 ကြိမ် ကြည့်ရှု့ပြီး

တရုတ် - မြန်မာစီးပွားရေးစင်္ကြံကို နှစ်နိုင်ငံအတူတကွ တည်ဆောက်လျက်ရှိပြီး တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ပို့ဆောင်ရေး၊ လျှပ်စစ်၊ ဆက်သွယ်ရေးစသည့် အခြေခံအဆောက်အအုံ တည်ဆောက်မှုများကို အားပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Hong Liang က ပြောကြားသည်။

ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာ ဟိုတယ်၌ မတ် ၃၀ ရက်က ကျင်းပသည့် ရန်ကုန်မြစ်ဝကမ်းလွန်ပင်လယ်ပြင်အခြေစိုက် ရေကြောင်းပြအဆောက်အအုံ ဖွင့်လှစ်ခြင်းနှင့် လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားရာတွင် သံအမတ်ကြီးက အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ဧပြီ ၃ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင်၊ CHINAHABOUR ကုမ္ပဏီ ဒုတိယ အထွေထွေမန်နေဂျာ Mr. Pan Qingjiangနှင့်တကွ နယ်ပယ်အသီးသီးမှပုဂ္ဂိုလ်များ ၁၅၀ ကျော် တက်ရောက်ခဲ့ကြကြောင်း တရုတ်သံရုံး သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးအချက်အချာဒေသနှင့် အပြည်ပြည်ဆိုင်ရာ ကုန်စည်စီးဆင်းရေး အချက်အချာဒေသဖြစ်သည့် ရန်ကုန်သည် မြန်မာနိုင်ငံ၏ ကုန်တင် ကုန်ချအများဆုံးရှိသော ဆိပ်ကမ်းများ စုဝေးနေပြီး မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ ရေကြောင်းပြအဆောက်အအုံ စတင်လည်ပတ်ပြီးနောက် ရန်ကုန်မြစ်ဝ၏ လမ်းပြမီးအိမ်တစ်ခု ဖြစ်လာပြီး ဆိပ်ကမ်းသို့ အဝင်အထွက် ပြုလုပ်နေသည့် သင်္ဘောမျိုးစုံအတွက် လုံခြုံမှုရှိ၍ လုပ်ငန်းတွင်ကျယ်သော ရေကြောင်းပြ ဝန်ဆောင်မှုများကို နေ့ရောညပါ ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ဖြင့် ပင်လယ်ရေကြောင်း ပို့ဆောင်ရေးလုပ်ငန်း တွင်ကျယ်နှုန်းကို များစွာမြှင့်တင်ပေးနိုင်ပြီး ရေကြောင်းပြဝန်ထမ်းများ၏ လုပ်ငန်းပတ်ဝန်းကျင်ကိုလည်း သိသာစွာ ကောင်းမွန်လာစေကာ ကမ်းလွန်ပင်လယ်ပြင် လုပ်ငန်းလုံခြုံရေးကို အာမခံချက် ပေးစွမ်းနိုင်မည်ဖြစ်ကြောင်း၊ တရုတ် - မြန်မာပူးပေါင်းတည်ဆောက်သော အဆိုပါရေကြောင်းပြအဆောက်အအုံသည် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများ၏ ဂုဏ်ယူဖွယ်ရာဖြစ်ပြီး တရုတ် -မြန်မာ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု၏ စံပြအောင်မြင်မှု မှတ်တိုင်တစ်ခုလည်းဖြစ်ကြောင်း သံအမတ်ကြီး Mr. Pan Qingjiang က ပြောကြားသည်။

လက်ရှိအချိန်တွင် တရုတ် - မြန်မာနှစ်နိုင်ငံသည် “Belt and Road”နှင့် တရုတ်- မြန်မာစီးပွားရေးစင်္ကြံကို အတူတကွ တည်ဆောက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ အခြေခံအဆောက်အအုံ တည်ဆောက်မှုကို အရှိန်အဟုန်မြှင့်တင်ခြင်းသည် နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါသော အကြောင်းအရာဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းနှင့် လိုအပ်ချက်အရ အရင်းငွေ၊ နည်းပညာ၊ လူရည်ချွန်၊ စီမံခန့်ခွဲမှု စသည့်ကဏ္ဍများ၌ အားသာချက်ကို ဆက်လက်အသုံးချ၍ မြန်မာနိုင်ငံ၏ မီးရထားလမ်း၊ မော်တော်ကားလမ်း၊ လေဆိပ်၊ ဆိပ်ကမ်း၊ လျှပ်စစ်၊ ဆက်သွယ်ရေးစသည့် အခြေခံအဆောက်အအုံ တည်ဆောက်မှုကို တက်ကြွစွာ အားပေးမည်ဖြစ်ကြောင်း၊ မကြာမီတွင် မြန်မာနိုင်ငံသည် အဆင်ပြေချောမွေ့၍ လုပ်ငန်းတွင်ကျယ်သော အခြေခံ အဆောက်အအုံကွန်ရက်ကို တည်ဆောက်ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးအရှိန်အဟုန် မြင့်မားတိုးတက်လာရန်အတွက် တောင့်တင်းခိုင်မာသော တွန်းအားများ ထောက်ပံ့ပေးနိုင်မည်ဟု မျှော်လင့်ကြောင်း သံအမတ်ကြီး Mr. Pan Qingjiang က ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က မြန်မာနိုင်ငံသည် နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လိုအပ်ချက်နှင့် လိုက်လျောညီထွေမှုရှိစေရန် အခြေခံအဆောက်အအုံများ အဆက်မပြတ် ဖြည့်တင်းရန် လိုအပ်ကြောင်း၊ လက်ရှိအချိန်တွင် ရန်ကုန်ဆိပ်ကမ်းကို အဝင်အထွက်ပြုလုပ်နေသော သင်္ဘောများ တစ်နေ့ထက်တစ်နေ့ များပြားလာကြောင်း၊ လုံခြုံမှုရှိ၍ လုပ်ငန်းတွင်ကျယ်သော ရေကြောင်းပြဝန်ဆောင်မှုများ ပေးစွမ်းနိုင်ရန်နှင့် ရေကြောင်းပြဝန်ထမ်းများ၏ ပင်လယ်ပြင်လုပ်ငန်းနှင့် နေထိုင်မှုပတ်ဝန်းကျင် ကောင်းမွန်လာစေရန်အတွက် CHINA HABOUR ကုမ္ပဏီနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တို့သည် ပူးပေါင်းဆောင်ရွက်၍ နှစ်နှစ်တာ ကြိုးပမ်းအားထုတ်ပြီးနောက် ခေတ်မီသော၊ နိုင်ငံတကာ စံနှုန်းနှင့်ညီညွတ်သော၊ လုပ်ငန်းတွင်ကျယ်သော ကမ်းလွန်ပင်လယ်ပြင် အခြေစိုက် ရေကြောင်းပြ အဆောက်အအုံကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ကြောင်း၊ ယင်းသည် မြန်မာနိုင်ငံ၏ ဂုဏ်ယူဖွယ်ဖြစ်ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော အာမခံချက်ပေးစွမ်းနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service