စစ်တွေမြို့ရှိမြေဖို့မြေယာစီမံကိန်း (ဂရန်အမည်ပေါက်) မြေကွက် အထူးအရောင်းပြပွဲကြီး

စစ်တွေမြို့ရှိမြေဖို့မြေယာစီမံကိန်း (ဂရန်အမည်ပေါက်) မြေကွက် အထူးအရောင်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com
3 Apr 2019 5:33 pm တွင် တင်ခဲ့သည်
3195 ကြိမ် ကြည့်ရှု့ပြီး

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ စစ်တွေမြို့ မြစ်ကမ်းတစ်လျှောက်ရှိ ရခိုင်ပြည်နယ်အစိုးရနှင့် BXT International Co., Ltd တို့ အကျိုးတူပူးပေါင်းဖော်ဆောင်နေသည့် စစ်တွေမြို့ရှိ မြေဖို့မြေယာစီမံကိန်း (ဂရန်အမည်ပေါက်) မြေကွက် အထူးအရောင်းပြပွဲကြီးကို ၂ဝ၁၉ ခုနှစ် ၊ ဧပြီလ (၆) နှင့် (၇) ရက် (စနေ၊ တနင်္ဂနွေ) နေ့များတွင်၊ နံနက် (၉) နာရီ မှ ညနေ (၅)နာရီ အထိ စစ်တွေမြို့ ၊ ဦးဥတ္တမ ခန်းမ နှင့် ရန်ကုန်မြို့ ၊ စီဒိုးနားဟိုတယ်တို့တွင် တပြိုင်တည်း ပြုလုပ်ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

ဖွင့်ပွဲအခမ်းအနားကို ပြပွဲပထမရက်ဖြစ်သည့် ဧပြီလ (၆) ရက် ၊ နံနက် (၉) နာရီ အချိန်တွင် စစ်တွေ နှင့် ရန်ကုန် နှစ်နေရာတွင် တပြိုင်တည်း ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိသည်။

စစ်တွေမြေကွက်စီမံကိန်းသည် ရခိုင်ပြည်နယ်အစိုးရနှင့် ကိုရီးယားကုမ္ပဏီ BXT International Co., Ltd. တို့မှ အကျိုးတူပူးပေါင်း ဖော်ဆောင်မှုဖြစ်သည်။ ၂၀၁၆ ခုနှစ် မတ်လတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ ခွင့်ပြုချက်ရပြီးဖြစ်သည်။ စစ်တွေ မြေဖို့မြေယာ စီမံကိန်းတွင် စင်ကာပူနိုင်ငံ၏ မြေဖို့ခြင်းနည်းပညာကို အသုံးပြုထားပြီး ကွန်ကရစ် ရေတားနံရံ (Retaining Wall) များ ထည့်သွင်းတည်ဆောက်ထားသဖြင့် မြေသားခိုင်မာမှု ရှိကြောင်းသိရသည်။

ဝယ်ယူသူများအတွက် ရခိုင်ပြည်နယ်အစိုးရမှ ဂရန်မြေ ထုတ်ပေးမည်ဖြစ်သည်။ ဤစီမံကိန်းသည် စစ်တွေမြို့လယ်ခေါင်နှင့် ဘေးချင်းကပ်တည်ရှိပြီး နောက်သုံးနှစ်အတွင်း စစ်တွေမြို့လယ် ဖြစ်လာမည် ဖြစ်သည်။ စစ်တွေမြို့လယ် မြေဈေး တစ်စတုရန်းပေ (၂) သိန်းမှ (၅) သိန်းဖြစ်နေချိန်တွင် ဤစီမံကိန်းမှ မြေကွက်များကို တစ်စတုရန်းပေ သောင်းဂဏန်းဈေးဖြင့်သာ ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

ယင်းစီမံကိန်းထဲတွင် စုပေါင်းအိမ်ရာ (Mix Housing) ၊ လက်လီလက်ကားဈေးကွက် (Retail Wholesale Market) ၊ အလယ်အလတ်အမြင့်ရှိသော ကွန်ဒိုမီနီယံများ (Mid-Rise Condominium) ၊ ဂိုဒေါင်နှင့် ပို့ဆောင်ရေးဆိုင်ရာ ဝန်ဆောင်မှုများ (Warehouse and Logistics Facilities) ၊ ကုန်သွယ်မှု စီးပွားရေးဇုန် (Commercial Area) ၊ ငါးစက်ရုံများ (Fish Factory) အစရှိသော စီးပွားရေးလုပ်ငန်းများ လာရောက်ရင်းနှီးမြုပ်နှံနိုင်မည် ဖြစ်ကြောင်းသိရသည်။

စစ်တွေမြေဖို့မြေယာစီမံကိန်း၏ အဓိကအားသာချက်များမှာ မြန်မာနိုင်ငံ၏ ရေထွက်ပစ္စည်းများတင်ပို့ရာ အဓိက ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်လာနိုင်ခြင်း ၊ ပင်လယ်ကိုမျက်နှာမူထားသည့် အိမ်ရာတိုက်ခန်းများတွင် အဆင့်မီမီ ဇိမ်ရှိရှိ နေထိုင်နိုင်ခြင်း ၊ နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံမည့် လုပ်ငန်းများ တိုးများလာနိုင်ခြင်း ၊ ရခိုင်ပြည်နယ်အတွင်း အဆင့်မီ မြို့တော်တစ်ခုအဖြစ် ထွက်ပေါ်လာခြင်းကြောင့် လာရောက်နေထိုင် ရင်းနှီးမြုပ်နှံသူများအတွက် စီးပွားရေးအခွင့်အလမ်းများ ပေါ်ပေါက်လာနိုင်ခြင်း ၊ စက်မှုမြို့ဖြစ်သည့် ပုဏ္ဏားကျွန်းမြို့တော်နှင့် ဆတ်ရိုးကျတံတား ဖွင့်ပြီးပါက မိနစ် (၃၀) ခန့်ဖြင့်သာ သွားလာနိုင်ခြင်း ၊ လူမှုစီးပွား အားသာချက်များအပြင် MPA ဆိပ်ခံတံတား နှင့် Kaladan Multi-Modal Transit Transport Project (KMTTP) စီမံကိန်းတို့ကို ထောက်ပံ့ပို့ဆောင်ရေး မဏ္ဍိုင်ဒေသတစ်ခု ဖြစ်လာနိုင်ကြောင်း သိရသည်။

“ ဒီစစ်တွေ မြေဖို့မြေယာစီမံကိန်းဟာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုအဖြစ် ရှိမှာဖြစ်ပါတယ်။ နိုင်ငံတကာ အဆင့်မီ ဟော်တယ်တွေ ၊ စားသောက်ဆိုင်တွေ ၊ ကွန်ဒိုအခန်းတွေ ၊ စုပေါင်းအိမ်ရာတွေ ၊ ကုန်သွယ်မှု စီးပွားရေးဇုန်တွေ ပေါ်ပေါက်လာနိုင်တာကြောင့် ရခိုင်ဒေသရဲ့ အထူးစီးပွားရေးဇုန်အဖြစ် တည်ရှိလာမှာ ဖြစ်ပါတယ် ” ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားသည်။

အရောင်းပြပွဲ အသေးစိတ်အစီအစဉ်

ကျင်းပမည့်ရက် : 6 & 7 April 2019 (စနေ ၊ တနင်္ဂနွေ)

ကျင်းပမည့်အချိန် : မနက် ၉ နာရီ မှ ညနေ ၅ နာရီ အထိ

ကျင်းပမည့်နေရာ (၁) : ဦးဥတ္တမ ခန်းမ၊ စစ်တွေမြို့။

ကျင်းပမည့်နေရာ (၂) : Sedona Hotel ၊ ၂ လွှာ ၊ ရန်ကင်းခန်းမ ၊ ရန်ကင်း မြို့နယ် ၊ ရန်ကုန်။ (Myanmar Plaza အနီး)

အသေးစိတ် သိရှိလိုပါက www.imyanmarhouse.com/sittwe တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး iMyanmarHouse.com ၏ Hot Line Number : 09 – 455294841~5 သို့ လည်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးအပ်ပါသည်

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service