ရန်ကုန်မြို့မှ ကိုလိုနီခေတ် အဆောက်အအုံကြီးများ၏ ဗိသုကာလက်ရာများ

ရန်ကုန်မြို့မှ ကိုလိုနီခေတ် အဆောက်အအုံကြီးများ၏ ဗိသုကာလက်ရာများ - Property News in Myanmar from iMyanmarHouse.com
3 Apr 2019 12:13 pm တွင် တင်ခဲ့သည်
3461 ကြိမ် ကြည့်ရှု့ပြီး

မြန်မာပြည်တွင် ကိုလိုနီခေတ်က ဆောက်လုပ်ခဲ့သော ခမ်းနားထည်ဝါလှသည့် အဆောက်အအုံကြီးများမှာ ယနေ့အချိန်တွင် ပြိုကျပျက်စီးတော့မည့်အန္တရာယ်ရှိနေကြောင်း လော့စ်အိန်ဂျလိစ်တိုင်းသတင်းတစ်ရပ်ကို ကိုးကားပြီး business insider တွင် ဖော်ပြသည်။

ဗြိတိသျှတို့သည် ၁၈၂၄ ခုနှစ်တွင် မြန်မာနိုင်ငံကို စတင်ကျူးကျော်တိုက်ခိုက်ခဲ့ပြီး ၁၈၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက် (ဘကြီးတော်ဘုရားလက်ထက်) တွင် ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲအား ရ န္တပိုစာချုပ်ဖြင့် အပြီးသတ်ခဲ့ကာ တနင်္သာရီနှင့် ရခိုင်ပြည်နယ်များ ပေးလိုက်ရသည်။

မြင်းခြံမြို့အထက် ခြောက်မိုင်ခန့် ကွာဝေးသော ရန္တပိုရွာတွင် တွေ့ဆုံကာ စာချုပ်ချုပ်ဆိုကြသောကြောင့် ရန္တပိုစာချုပ်ဟုခေါ်ခြင်း ဖြစ်သည်။

ယင်းနောက် နှစ်ပေါင်း ၃၀ နီးပါးအကြာ ၁၈၅၂ ခုနှစ်တွင် ဒုတိယအင်္ဂလိပ်- မြန်မာစစ်ပွဲဖြစ်ပွားကာ အောက်မြန်မာပြည်ကို ပေးလိုက်ရပြန်သည်။

ထိုအချိန်မှ စတင်ပြီး ရန်ကုန်တွင် အင်္ဂလိပ်တို့က အစိုးရရုံးစိုက်ရာ အဆောက်အအုံကြီးများ စတင်ဆောက်လုပ်ခဲ့ခြင်းလည်း ဖြစ်သည်။

တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲကား ၁၈၈၅ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်မှ ၂၉ ရက်အထိ စုစုပေါင်း ၂၂ ရက်သာ ကြာမြင့်လိုက်ပြီး မြန်မာတစ်နိုင်ငံလုံး အင်္ဂလိပ်တို့လက်အောက်သို့ ကျရောက်သွားခဲ့တော့သည်။

ဗြိတိသျှတို့ ဆောက်လုပ်ခဲ့ကြသော အဆိုပါအဆောက်အအုံကြီးများမှာ ကိုလိုနီခေတ်၏အမွေအဖြစ် ကြွင်းကျန်ရစ်ပြီး ယနေ့ကာလတွင် ကမ္ဘာလှည့်ခရီးသည်များကို ကြီးမားစွာဆွဲဆောင်နိုင်သည့်အရာများ ဖြစ်လာသည်။

သို့သော်လည်း အချို့သော အဆောက်အအုံကြီးများမှာ ပြုပြင်ထိန်းသိမ်းမှုလုံးဝမရှိခဲ့ဘဲ ကာလတာရှည် လက်လွှတ်ထားရှိမှုကြောင့် ပြိုကျတော့မည့် အခြေအနေမျိုးရှိနေရာ မူရင်းလက်ရာမပျက်ထိန်းသိမ်းလိုသူများအတွက် ကြီးမားသည့်စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည်။

ကိုလိုနီခေတ် အဆောက်အအုံများကို ၁၉၀၀ ပြည့်နှစ်မှ ၁၉၂၀ အကြား အဓိကဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အများစုမှာ ဘာရုတ်နှင့် ဘိုးအာ့ထ် ဗိသုကာဟန်များဖြင့် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးများရုံး (သို့မဟုတ်) အတွင်းဝန်ရုံး

အတွင်းဝန်များရုံးသည် ရန်ကုန်မြို့လယ်တွင် တည်ရှိပြီး ဗြိတိသျှတို့၏ အုပ်ချုပ်ရေးအခြေစိုက်ရာ နေရာဖြစ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသည်မှာ အတွင်းဝန်ရုံးတွင် ဖြစ်၏။

အတွင်းဝန်ရုံး၏ မြေအကျယ်အဝန်းမှာ ၆ ဒသမ ၅ ဟက်တာ (၁၆ ဧက) ခန့်ရှိပြီး မြောက်ဘက်တွင် အနော်ရထာလမ်း၊ တောင်ဘက်တွင် မဟာဗန္ဓုလလမ်း၊ အနောက်ဘက်တွင် ဗိုလ်အောင်ကျော်လမ်းနှင့် အရှေ့ဘက်တွင် သိမ်ဖြူလမ်းတို့ ဝန်းပတ်ထားပြီး တစ်ဘလောက်လုံး ဖြန့်ကျက်တည်ရှိသည်။

ရန်ကုန်ဘူတာကြီးနှင့် ၁ ကီလိုမီတာခန့်သာ ဝေးကွာပြီး အနောက်ဘက် မီတာ ၆၀၀ ခန့်အကွာတွင် ဆူးလေစေတီတော် တည်ရှိသည်။

အတွင်းဝန်များရုံးကို ဝိတိုရိယ ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး အနီရောင်နှင့် အဝါရောင်အုတ်များဖြင့် အဓိကဆောက်လုပ်ထားကာ အင်္ဂလိပ်အက္ခရာ U ပုံသဏ္ဍာန်ဆောက်လုပ်ထားခြင်း ဖြစ်သည်။၁၈၀၀ ပြည့်လွန် နှောင်းပိုင်းကာလများတွင် စတင်ဆောက်လုပ်ခဲ့ပြီး ၁၉၀၂ ခုနှစ်တွင် အပြီးသတ်ပြီးစီးခဲ့သည်။

အဆောက်အအုံကြီး၏ အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းအဆောင်များကိုမူ ၁၉၀၅ ခုနှစ်တွင် ပြီးစီးခဲ့ပြီး ရှေးခေတ်ငွေတန်ဖိုးဖြင့် မြန်မာကျပ်ငွေ ၂ သန်းခွဲခန့် ကုန်ကျခဲ့သည်ဟု ဆိုသည်။

အဆိုပါအဆောက်အအုံကြီးကို ရန်ကုန်၏ မြို့ပြအမွေအနှစ်စာရင်းတွင် ဖော်ပြခြင်းခံရပြီး လက်ရှိအားဖြင့် အသုံးပြုခြင်းမရှိဘဲ စွန့်ပစ်ထားသည့်နေရာတစ်ခု ဖြစ်နေသည်။

၁၉၃၀ ပြည့်လွန်ကာလများအတွင်း ငလျင်ကြီးအပြင်းအထန်လှုပ်ခတ်ရာတွင် ဗဟိုအမိုးခုံးကြီးနှင့်အတူ မျှော်စင် ၄ ခုအနက် ၂ ခုပြိုကျ ပျက်စီးခဲ့သည်။

အစိုးရအဖွဲ့ နေပြည်တော်သို့ ပြောင်းရွှေ့သွားပြီးနောက်ပိုင်းကတည်းကပင် အဆိုပါအဆောက်အအုံကြီးကို အသုံးမပြုတော့ဘဲ စွန့်ပစ်ထားခဲ့ခြင်း ဖြစ်၏။

အတွင်းဝန်ရုံးအဆောက်အအုံကြီးကို ပြန်လည်မွမ်းမံထိန်းသိမ်းကာ ဟိုတယ်တစ်လုံးအဖြစ် ပြောင်းလဲမည်လော (သို့တည်းမဟုတ်) ပြတိုက်တစ်ခုအဖြစ်သာ ထားရှိမည်လောဟူခြင်းနှင့် စပ်လျဉ်းပြီး ဦးသိန်းစိန်အစိုးရ လက်ထက်ကတည်းကပင် လွှတ်တော်၌ အခြေအတင် ငြင်းခုံခဲ့ကြပြီးလည်း ဖြစ်သည်။

၂၀၁၁ ခုနှစ်တွင်ကား ကမ္ဘာလှည့်ခရီးသည်များကို စွဲဆောင်နိုင်ရန်အတွက် ရန်ကုန်မြို့ရှိ ကိုလိုနီခေတ် အဆောက်အအုံကြီးများကို မွမ်းမံထိန်းသိမ်းရန် ဆွေးနွေးကြရာ အတွင်းဝန်များရုံးကို ဟိုတယ်အဖြစ် မပြောင်းလဲဘဲ ပြတိုက်တစ်ခုအဖြစ်သာ ထားရှိရန် ဆွေးနွေးခဲ့ကြသည်။ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းတွင် ပြည်တွင်းကုမ္ပဏီ ၇ ခုနှင့် နိုင်ငံခြားကုမ္ပဏီ ၃ ခုက အတွင်းဝန်များရုံးကို အာဇာနည်ပြတိုက်၊ ပန်းဥယျာဉ် တစ်ခုအဖြစ် ပြောင်းလဲရန် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ထံ အဆိုပြုလွှာများ တင်သွင်းခဲ့ကြသည်။

Anawmar Art Group က သမိုင်းပညာရှင်များ၊ ပြတိုက်မှူးများ၊ ရန်ကုန်ရှေးဟောင်းအမွေအနှစ်အဖွဲ့တို့၏ လမ်းညွှန်မှုများအောက်တွင် ပြတိုက်ကို လည်ပတ်သွားရန် စီစဉ်ထားသည်။ လက်ရှိအချိန်အထိမူ အများပြည်သူသို့ ဝင်ရောက်ကြည့်ရှုခွင့် မပြုသေးချေ။

သို့ရာတွင် နှစ်စဉ် အာဇာနည်နေ့ရောက်တိုင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ လုပ်ကြံခံခဲ့ရသည့်အခန်းကို အများပြည်သူသို့ ဖွင့်လှစ်ပြသလေ့ရှိသည်။

အဆိုပါအခန်းအတွင်းတွင် ပြသထားသော ပရိဘောဂများနှင့် အသုံးအဆောင်ပစ္စည်းများမှာ အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရချိန်က အသုံးပြုခဲ့သည့် မူရင်းပစ္စည်းများဖြစ်သည်ဟု ဆိုသည်။

ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများ ထိုင်ခဲ့သည့် ထိုင်ခုံများ၊ ဖောင်တိန်များ၊ ခဲတံများ၊ သော့များ၊ လက်ပတ်နာရီများ၊ မီးခြစ်များ၊ စီးကရက်ဘူးများ၊ ငွေစက္ကူများ အစရှိသည်တို့ ပါဝင်သည်။

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလတွင် အတွင်းဝန်များရုံးသို့ အမေရိကန်သမ္မတ ဘားရက်အိုဘားမား လာရောက်ကြည့်ရှုသွားခဲ့ဖူးသည်။

အိုဘားမားက အတွင်းဝန်များရုံးအား ရှေးဟောင်းအမွေအနှစ်တစ်ခုအဖြစ် ထိန်းသိမ်းရေးအတွက် အကူအညီပေးရန် ကမ်းလှမ်းခဲ့သည်။

အိုဘားမားနှင့်အတူ ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဌ ဒေါက်တာသန့်မြင့်ဦးလည်း လိုက်ပါခဲ့သည်။

အိအိအေးအောင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service