ကျပ်သိန်းပေါင်းတစ်သောင်းကျော် အကုန်အကျခံတည်ဆောက်ခဲ့သည့် စစ်ကိုင်း ရွှေမင်းဝံနှစ်ထပ်ဈေး ၇၅ ရာခိုင်နှုန်း တည်ဆောက်မှုပြီးစီး

ကျပ်သိန်းပေါင်းတစ်သောင်းကျော် အကုန်အကျခံတည်ဆောက်ခဲ့သည့် စစ်ကိုင်း ရွှေမင်းဝံနှစ်ထပ်ဈေး ၇၅ ရာခိုင်နှုန်း တည်ဆောက်မှုပြီးစီး - Property News in Myanmar from iMyanmarHouse.com
3 Apr 2019 11:41 am တွင် တင်ခဲ့သည်
980 ကြိမ် ကြည့်ရှု့ပြီး

ကျပ်သိန်းပေါင်း တစ်သောင်းကျော် အကုန်အကျခံတည်ဆောက်ခဲ့သည့် စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်ကွက် ရွှေမင်းဝံနှစ်ထပ်ဈေး ၇၅ ရာခိုင်နှုန်းတည်ဆောက်မှု ပြီးစီးနေပြီဖြစ်ကြောင်း စစ်ကိုင်းမြို့နယ်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

“နှစ်ထပ်ဈေးတည်ဆောက်မှုက ၇၅ ရာခိုင်နှုန်း ပြီးစီးနေပါပြီ။ ဈေးဆိုင်ခန်းတွေ ရောင်းဖို့နည်းနည်း ကျန်သေးတယ်။ အပေါ်ထပ်နဲ့ အောက်ထပ်ဈေးဆိုင်တိုက်ခန်း နည်းနည်းစီရောင်းဖို့ ကျန်သေးတယ်။ အမိုးပါ အကာမဲ့ဈေးဆိုင်ခန်းတွေက အကုန်ရောင်းပြီးပါပြီ။ မေ ၁ ရက်နေ့ဖွင့်နိုင်ဖို့ လျာထားပါတယ်” ဟု စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော် မတီဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောကြားသည်။

စစ်ကိုင်းမြို့တွင် စစ်ကိုင်းမြို့မဈေးကြီး၊ ရွာထောင်ဘူတာဈေး၊ သရက်ပင်ဆိပ်ဈေး၊ မန်ကျည်းစဉ်ဈေး၊ ရွှေမင်းဝံဈေးများရှိပြီး ရွှေမင်းဝံရပ်ကွက်ရှိ ရွှေမင်းဝံဈေးသည် ဟောင်းနွမ်းပျက်စီးမှုများရှိလာခြင်း၊ ရွှေမင်းဝံရပ်ကွက်သည် စစ်ကိုင်းစက်မှုဇုန်၊ ပညာရေးတက္ကသိုလ်အနီးတည်ရှိပြီး လူဦးရေထူထပ် လာသောကြောင့် ရွှေမင်းဝံဈေးအား ဖြိုဖျက်ကာ နှစ်ထပ်ဈေးအသစ်အဖြစ် ကျပ်သိန်းတစ်သောင်းကျော် အကုန်ကျခံကာ အမေ့နန်းတော်ကုမ္ပဏီက ၂၀၁၈ ဇွန်လအတွင်း တာဝန်ယူတည်ဆောက်ခဲ့ပြီး ယခုဈေးတည်ဆောက်မှု ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အသစ်တည်ဆောက်မည့် နှစ်ထပ်ဈေး ဆိုင်ခန်းများတွင် ရွှေမင်းဝံရပ်ကွက် ၂၅ လမ်း မျက်နှာလှည့် မြေညီထပ်ဆိုင်ခန်းများ (၁၀ ပေ × ၁၂ ပေ) တစ်ခန်းလျှင် ကျပ်သိန်း ၂၀၀၊ အပေါ်ထပ်ဆိုင်ခန်းအတွင်းလှည့် (၁၀ ပေ ပတ်လည်) အား ကျပ်သိန်း ၁၀၀ နှင့် ၆ လမ်း၊ ၈ လမ်းမျက်နှာလှည့် မြေညီထပ်ဆိုင်ခန်း (၁၀ ပေ × ၁၂ ပေ) များအား သိန်း ၁၅၀၊ အပေါ်ထပ်အခန်းအတွင်းလှည့် (၁၀ ပတ်လည်)များအား ၇၅ သိန်း၊ အမိုးပါအကာမဲ့ ဆိုင်ခန်းတစ်ခန်းလျှင် ၁၅ သိန်းဖြင့် လေးကြိမ်အရစ်ကျ ရောင်းချပေးသွားမည်ဖြစ်ပြီး ပျံကျဆိုင်ခန်းများအား အခမဲ့ရောင်းချခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ ဈေးသစ်၏ ပုံစံမှာ ‘ယူ’ ပုံစံဖြစ်ပြီး အခန်းပေါင်း ၂၂၂ ခန်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service