အမေရိကန်ဘောလုံးကြယ်ပွင့် ကယ်လင် ဝင်းစလိုက် နေအိမ်ကို ကန်ဒေါ်လာ ၃ သန်းဖြင့် အရောင်းဈေးကွက်တင်

အမေရိကန်ဘောလုံးကြယ်ပွင့် ကယ်လင် ဝင်းစလိုက် နေအိမ်ကို ကန်ဒေါ်လာ ၃ သန်းဖြင့် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
2 Apr 2019 12:09 pm တွင် တင်ခဲ့သည်
836 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်အမျိုးသားဘောလုံးလိဂ် -National Football League (NFL) ကြယ်ပွင့်တစ်ဦးဖြစ်သော ကယ်လင်ဝင်းစလိုသည် အာမခံ ရုပ်သိမ်းခံရပြီး ထောင်သွင်းအကျဉ်းချထားခြင်း ခံလိုက်ရပြီဖြစ်သောကြောင့် အမှုရင်ဆိုင်ရန်အတွက် သူ၏နေအိမ်ကို ကန်ဒေါ်လာ ၃ သန်းဖြင့် အရောင်းဈေးကွက်တင်လာသည်။

ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဒီဂိုခရိုင်၊ အန်းစင်နီတပ်စ် ပင်လယ်ကမ်းခြေမြို့ကလေးရှိနေအိမ်ကို ဇနီးဖြစ်သူ ဂျနဲလီက ဈေးကွက်တင်လာခဲ့ခြင်း ဖြစ်သည်။ ဝင်းစလိုသည် ၂၀၁၈ ခုနှစ်၊ ဇွန်လကတည်းကပင် မုဒိမ်းမှု၊ ပြန်ပေးဆွဲမှုတို့ဖြင့် အမှုရင်ဆိုင်ခဲ့ရသည်။

ထိုစဉ်က အာမခံငွေ ကန်ဒေါ်လာ ၂ သန်းဖြင့် အာမခံရခဲ့ပြီး နေအိမ်အကျယ်ချုပ်အဖြစ် ထိန်းသိမ်းခံထားရခြင်း ဖြစ်သည်။

မတ်လအစောပိုင်းတွင်ကား အခြားမဖွယ်မရာမှု ၂ ခု ထပ်မံကျူးလွန်သည်ဟု တိုင်ကြားခံရသည်။

နောက်ဆုံးတိုင်ကြားခံရမှု ပေါ်ပေါက်ပြီးနောက်ပိုင်းတွင်ကား တရားသူကြီးက အာမခံပေးထားခြင်းကို ရုပ်သိမ်းလိုက်ကာ မတ်လ ၄ ရက်တွင် ထောင်သွင်းအကျဉ်းချထားလိုက်သည်။

ယင်းအခြေအနေများနောက်တွင် ပြီးခဲ့သော တနင်္ဂနွေနေ့က ဇနီးဖြစ်သူက နေအိမ်ကို အရောင်းဈေးကွက်တင်လိုက်ရခြင်းလည်း ဖြစ်လေသည်။

မော်ဒန်ယာတောအိမ်ကို ၂၀၁၅ ခုနှစ်အတွင်းဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ခြံအကျယ်မှာ တစ်ဧကခန့်ရှိကာ အန်းစင်နီတပ်စ်နှင့် ကာဒစ်ဖ်မြို့များ၏ နယ်စပ်တွင် တည်ရှိသည်။

ပင်လယ်ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသည့်နေအိမ်ဖြစ်ပြီး စတုရန်းပေ ၄၀၀၀ ကျယ်ဝန်းသော နေအိမ်တွင် အိပ်ခန်း ၄ ခန်းနှင့် ရေချိုးခန်း အပြည့် ၄ ခန်းနှင့် ထက်ဝက် ၁ ခန်းပါဝင်သည်။

ခြံဝန်းအတွင်း စတုရန်းပေ ၉၀၀ ခန့်ရှိ မီးဖိုဆောင်နေရာ၊ စိမ်းလန်းသော မြက်ခင်း၊ ဘေ့စ်ဘောကွင်းတို့လည်း ပါဝင်သည်။

ဝင်းစလိုဇနီးမောင်နှံသည် တက္ကဆပ်ပြည်နယ်၊ အော်စတင်မြို့ရှိ နေအိမ်ကိုလည်း ၂၀၁၇ ခုနှစ်အတွင်း ကန်ဒေါ်လာ ၂ ဒသမ ၁၅ သန်းဖြင့် ဈေးကွက်တင်ခဲ့သေးသည်။

အဆိုပါနေအိမ်ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ရောင်းထွက်ခဲ့ပြီး ဈေးနှုန်းမည်မျှဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်ကိုမူ မသိရချေ။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service