လှိုင်သာယာတွင် အိမ်ရာစီမံကိန်းကြီးတစ်ခု ပုဂ္ဂလိကကုမ္ပဏီ အဆိုပြု

လှိုင်သာယာတွင် အိမ်ရာစီမံကိန်းကြီးတစ်ခု ပုဂ္ဂလိကကုမ္ပဏီ အဆိုပြု - Property News in Myanmar from iMyanmarHouse.com
2 Apr 2019 11:44 am တွင် တင်ခဲ့သည်
2630 ကြိမ် ကြည့်ရှု့ပြီး

မလေးရှားအခြေစိုက် အိမ်ခြံမြေကုမ္ပဏီ Berjaya Land သည် လှိုင်သာယာမြို့နယ်တွင် ကျူးကျော်များအတွက် တန်ဖိုးနည်းအိမ်ခန်းပေါင်း ၅၀,၀၀၀ ကျော် ဆောက်လုပ်ပေးရန် စီစဉ်နေကြောင်း News Watch ဂျာနယ်က ဖော်ပြခဲ့သည်။

၎င်းစီမံကိန်းစတင်ရန်အတွက် အဆိုပြုရက်စွဲမှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာဖြစ်သည်။ ရန်ကုန်တိုင်းအနောက်ပိုင်းမြို့နယ်တစ်ခုဖြစ်သော လှိုင်သာယာရှိ မြေဧက ၂၀၀ ဝန်းကျင်ပေါ်တွင် တည်ဆောက်ရန် အဆိုပြုထားပြီး နေရာအတိအကျကိုမူ မဖော်ပြထားပေ။

"နေရာကို အတည်မပြုထားသေးပါဘူး။ စီမံကိန်းကို ခွင့်ပြုချက်ပေး၊ မပေးဆိုတာနဲ့ပတ်သက်ပြီး ဆွေးနွေးနေဆဲပါပဲ။" ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စားလှယ်တစ်ဦးက News Watch သို့ ပြောကြားခဲ့သည်။

အဆိုပါနေထိုင်မည့်သူများမှ လစဉ်ပြန်လည်ပေးသွင်းရမည့် အကြွေးဆိုင်းငံ့ခွင့်ချေးငွေစနစ်နှင့်ပတ်သက်၍ Berjaya Land က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လက်တွဲဆောင်ရွက်မည်ဖြစ်သည်။ လက်တလောဆွေးနွေးမှုများကတော့ တစ်လလျှင် ငွေကျပ် ၈ သောင်း (အမေရိကန်ဒေါ်လာ ၅၂ ဒေါ်လာ) ခန့်နှင့် သဘောတူထားသော်လည်း အသေးစိတ်မဆွေးနွေးရသေးပေ။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အစိုးရအနေဖြင့် ကျူးကျော်ပြဿနာများဖြေရှင်းနိုင်ရန်အလို့ငှာ ပုဂ္ဂလိကကုမ္ပဏီများနှင့် YCDC (ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ) တို့နှင့်အတူ လက်တွဲ၍ လှိုင်သာယာနှင့် ရွှေပြည်သာတို့တွင် တန်ဖိုးနည်းအိမ်ခန်းပေါင်း ၁ သိန်း တည်ဆောက်ရန် စီစဉ်နေကြောင်း ယခင်က ပြောကြားထားဖူးသည်။

တန်ဖိုးနည်းအိမ်ရာစီမံကိန်းအတွက် ကုန်ကျစရိတ်များ လျော့နည်းစေရန်ကြိုးပမ်းမှုတစ်ရပ်အဖြစ် အစိုးရက မြေဈေးနှုန်းများအား သုညဖြင့် ချပေးခြင်းဖြင့် တန်ဖိုးနည်းအိမ်ရာဆောက်လုပ်မှုကုန်ကျစရိတ်များ လျှော့ချရန် စဉ်းစားနေကြောင်းလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က ဖေဖော်ဝါရီအစောပိုင်းကြေညာချက်တစ်ရပ်တွင် ပြောကြားခဲ့သည်။

လှိုင်သာယာတွင် တန်ဖိုးနည်းအိမ်ရာစီမံကိန်းသစ် ကျန်စစ်မင်း၏ အဆင့်တစ်စတင်မှုကို မကြာသေးမီက ဖွင့်လှစ်ခဲ့သည်။ အဆင့်တစ်တွင် စုစုပေါင်း ၂,၃၇၂ ခန်း ပါဝင်သည့် အဆောက်အအုံ ၇၃ လုံး ပါဝင်မည်ဖြစ်ကာ စီမံကိန်းတစ်ခုလုံးအား မြေဧက ၅၀ ခန့်တွင် ဖော်ဆောင်နေခြင်းဖြစ်သည်။

မြန်မာ့အိမ်ခြံမြေကဏ္ဍ၏ ထိပ်တန်းသုတေသနရင်းမြစ်ဖြစ်သော Myanmar Real Estate & Construction Monitor က တန်ဖိုးနည်းအိမ်ရာစီမံကိန်းအများစုသည် မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ သင်္ကန်းကျွန်း၊ လှိုင်သာယာနှင့် ရွှေပြည်သာတို့တွင် တည်ရှိကြောင်း မှတ်ချက်ပြုခဲ့သည်။

Berjaya Land Berhad ၏ ကျူးကျော်အိမ်ရာ

Berjaya Land Berhad သည် မလေးရှားနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေဖော်ဆောင်ရေးလုပ်ငန်းစုများအနက်တစ်ခုဖြစ်ကာ Berjaya Corporation ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာတွင် Yangon Metropolitan Development ကုမ္ပဏီနှင့် Berjaya Land Berhad တို့သည် ရန်ကုန်တွင် ကျူးကျော်အိမ်ရာဖော်ဆောင်မှု အတွက် နားလည်မှုစာချွန်လွှာတစ်စောင် လက်မှတ်ရေးထိုးခဲ့သည်။

၎င်းစီမံကိန်းကို ကနဦးက တွံတေးမြို့နယ်၌ မြေဧက ၃ ထောင်ဝန်းကျင်တွင် ဖော်ဆောင်ရန် စီစဉ်ခဲ့သည်။ လှိုင်သာယာတွင် အဆိုပြုထားသည့် စီမံကိန်းသည် ၎င်းစီမံကိန်းပဲ ဟုတ်၊ မဟုတ်ကိုမူ မရှင်းလင်းသေးပေ။

Berjaya Land Berhad ကိုယ်စားလှယ်များသည် တန်ဖိုးနည်းအိမ်ခန်းများဝယ်ယူမှုအတွက် အကြွေးဆိုင်းငံ့ခွင့်ချေးငွေစနစ်နှင့်ပတ်သက်၍ ဆွေးနွေးရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်နှင့် ၂၀၁၈ ခုနှစ် ဇွန်တွင် တွေ့ဆုံခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ၂၀၁၈ ခုနှစ် စက်တင်ဘာတွင် တွေ့ဆုံခဲ့ကြသည်။

Berjaya Land သည် ဒဂုံဆိပ်ကမ်းနိုင်ငံ့ဝန်ထမ်းအိမ်ရာစီမံကိန်း ဖော်ဆောင်မှုအတွက် EOI (စိတ်ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ) တင်ပြခဲ့ကြသည့် ကုမ္ပဏီ ၁၄ ခုအနက် တစ်ခုဖြစ်သည်။

Berjaya Corporation ၏ နောက်ထပ်ကုမ္ပဏီခွဲတစ်ခုဖြစ်သော Berjaya Myanmar Investment က Berjaya HT Eco Park အတွက် စီမံကိန်းများကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်ထံသို့ ၂၀၁၇ ခုနှစ် နိုဝင်ဘာတွင် တင်ပြခဲ့ကြောင်းလည်း Myanmar Real Estate & Construction Monitor က မှတ်ချက်ပြုခဲ့သည်။

Credit: Myanmar Real Estate

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service