ကျပ်သန်း ၂၀ ကျော် အကုန်အကျခံ ပြင်ဆင်နေသော ဝန်ကြီးများရုံး ယဉ်ကျေးမှုပြတိုက်ကို ဇူလိုင်လတွင် ဖွင့်လှစ်ရန်စီစဉ်

ကျပ်သန်း ၂၀ ကျော် အကုန်အကျခံ ပြင်ဆင်နေသော ဝန်ကြီးများရုံး ယဉ်ကျေးမှုပြတိုက်ကို ဇူလိုင်လတွင် ဖွင့်လှစ်ရန်စီစဉ် - Property News in Myanmar from iMyanmarHouse.com
1 Apr 2019 11:33 am တွင် တင်ခဲ့သည်
1063 ကြိမ် ကြည့်ရှု့ပြီး

ကျပ်သန်း ၂၀ ကျော် အကုန်အကျခံ ပြင်ဆင်နေသော ဝန်ကြီးများရုံး ယဉ်ကျေးမှုပြတိုက်ကို ဇူလိုင်လတွင် ဖွင့်လှစ်ရန် စီစဉ်နေကြောင်း သိရသည်။ ဝန်ကြီးများရုံးတွင် အသစ်ဖွင့်လှစ်မည့် ယဉ်ကျေးမှုခန်းမဆောင် အသစ်တွင် ဝန်ကြီးများရုံးပြတိုက်ကို ဖွင့်လှစ်သွားမည်ဖြစ်ပြီး လွှတ်တော်ပြခန်း တစ်ခန်း၊ အာဇာနည် ခေါင်းဆောင်ကြီးများပြခန်း တစ်ခန်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါပြတိုက်ကို လာမည့် ဇူလိုင်လတွင် ဖွင့်လှစ်ရန် ခန့်မှန်းထားပြီး ပြင်ဆင်စရိတ်ငွေမှာ ကျပ်သန်း၂၀ ကျော် အကုန်ကျခံ ပြင်ဆင်ထားကြောင်း ဝန်ကြီးများရုံးဟောင်း ပြုပြင်ထိန်းသိမ်းရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားသည်။

“ခုခေတ် လူငယ်တွေ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းနဲ့ ပတ်သက်လို့ မသိတဲ့သူတွေ များနေပြီ။ ဒါကြောင့်လည်း ဒီပြတိုက်ကို ဖွင့်လှစ်ဖို့ လုပ်တာပါ။ ဒီပြတိုက်ထဲမှာ အဓိက ပြခန်းနှစ်ခန်း ပါမယ်။ ပြင်ပက ပွဲစီစဉ်သူတွေအနေနဲ့ ယဉ်ကျေးမှုနဲ့ သက်ဆိုင်တဲ့ ပြခန်းတွေ၊ ဟောပြောပွဲတွေ လုပ်တဲ့အခါမှာလည်း ခွင့်ပြုပေးမယ်။ လောလောဆယ်တော့ ဘယ်အဖွဲ့အစည်းနဲ့မှ စာချုပ် ချုပ်ဆိုထားတာတွေ မရှိသေးပါဘူး”ဟု ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။

ပြတိုက်ကို လာရောက် ကြည့်ရှုသူများအနေဖြင့် သင့်တင့်သော ဝင်ကြေးကို ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

“ဝန်ကြီးများရုံး ယဉ်ကျေးမှုပြတိုက်ကို ပြင်ဆင်နေတာ တော်တော်ပြီးနေပါပြီ။ ရာခိုင်နှုန်းအနေနဲ့ ၉၀ ရာခိုင်နှုန်းလောက် ပြီးနေပြီ။ ကျန်တဲ့ ပြခန်းအပိုင်းလေးတွေ ရှိနေသေးလို့ ပါ။ ဒီနှစ်ထဲလောက် ဖွင့်ဖြစ်နိုင်အောင် ကြိုးစားသွားမှာပါ။ အစောဆုံး ဇူလိုင်လလောက် မှန်းထားတယ်။ ပြတိုက်ကိုလာရောက် ကြည့်ရှုသူတွေကိုတော့ သင့်တင့်တဲ့ ဝင်ကြေး ကောက်ခံသွားမယ်ဆိုပေမဲ့လည်း ပြတိုက် ကုန်ကျစရိတ်တွေ အတိုးအရင်း ကျေဖို့အတွက်ကတော့ နှစ် ၃၀ လောက် ကြာဦးမှာပါ”ဟု ၎င်းက ပြောကြားသည်။

ဝန်ကြီးများရုံးဟောင်းကို မြန်မာ့သမိုင်းတွင် အကြီးအကျယ် အခမ်းနားဆုံးသော ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံရှိ အများပြည်သူများနှင့် အဖွဲ့အစည်းများ လာရောက်လေ့လာ လည်ပတ်နိုင်သော နေရာတစ်ခု ဖြစ်လာစေရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝန်ကြီးများရုံးသည် စီးပွားရေး၊ သမိုင်း၊ ယဉ်ကျေးမှုနှင့် ပညာရေးကဏ္ဍမျိုးစုံ ပေါင်းစုံရာ ဗိသုကာ လက်ရာမွန်တစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်

Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်

ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ

အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ

ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ

အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း

CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service